ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စီးပွားရေး အကျပ်အတည်းကြား သီရိလင်္ကာရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်

Dawei Watch

September 20, 2024

တရုတ်ကြွေးမြီနှင့် စီးပွားရေး ပြဿနာကြားမှ သီရိလင်္ကာနိုင်ငံ၌ သမ္မတရွေးကောက်ပွဲ စက်တင်ဘာလ ၂၁ ရက်နေ့တွင် (မနက်ဖြန်) ကျင်းပတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ရပ်နစ်လ် ဝစ်ကရာမက်ဆင်ဂေသည် ပြိုင်ဘက်ဖြစ်သည့် လက်ဝဲယိမ်းပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ယောက်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိသည်။ ယခုရွေးကောက်ပွဲရလဒ်သည် လက်ရှိသမ္မတရပ်နစ်လ် ဦးဆောင်ကြိုးပမ်းလျက်ရှိသည့် တိုင်းပြည်စီးပွားရေး နာလန်ထမှုကံကြမ္မာအပေါ် ဆုံးဖြတ်ပေးသွားနိုင်ခြေ ရှိသည်။ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးသည် ဒေါ်လာငွေရှားပါးပြတ်လပ်သွားမှုကြောင့် ၂၀၂၂ ခုနှစ်တွင် လုံးဝပြိုလဲသွားခဲ့သည်။ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်နေသော ငွေကြေးဖောင်းပွမှု၊ ချုံးချုံးကျ အားနည်းနေသော နိုင်ငံ့ငွေကြေးစနစ်နှင့် ၆၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည့် မီတာဈေးနှုန်းတို့ကြောင့် ရုန်းကန်ရှင်သန်နေကြရသည့် ပြည်သူလူထုအများစုအတွက် စီးပွားရေးပြဿနာမှာ အဓိကပြဿနာများ အနက် တစ်ခုအဖြစ် ရှိနေသည်။ ပြီးခဲ့သည့်လတွင် ငွေကြေးဖောင်းပွမှုနှုန်း ၀.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး […]

မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် နေအိမ်များကိုမီးရှို့

Dawei Watch

September 20, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ စက်တင်ဘာလ ၂၀ ရက် နံနက် ၉ နာရီဝန်းကျင်တွင် PDF အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့တိုက်ခိုက်ခံရပြီးနောက် PDF အဖွဲ့ ဆုတ်ခွာသွားချိန်တွင် တိုက်ခိုက်ခံရသည့် နေရာအနီးဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ “သူတို့က ရွာအဝင်မှာ တပ်စွဲထားတယ်။ ဒီမနက် လာပစ်တော့ တိုက်ပွဲဖြစ်တယ်။ ရွာအဝင်က လက်သံကြက်ဘုရားနားမှာ လို့ပြောတယ်။ အခု မီးခိုးတက်နေတာက (ရွာအဝင်အနီး) ဆေးခန်းအနားမှာ မဟုတ်ရင် ရွာအလယ်ပိုင်းလောက်ကပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါစစ်ကောင်စီတပ်မှာ ပြီးခဲ့သည် ဇူလိုင်လမှစတင်ကာ မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း […]

ဘန်ကောက် လမ်းဘေးဈေးဆိုင်များတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို အလုပ်ခန့်ခွင့်ပိတ်

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၏ လမ်းများတွင် ပျံကျဈေးသည်အနေဖြင့် လမ်းဘေးဈေးရောင်းခွင့်ကို ထိုင်းနိုင်ငံသား နွမ်းပါးသူများကိုသာ ရောင်းချခွင့်ရှိတော့မည်ဖြစ်ပြီး မြန်မာအလုပ်သမားများကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ကောက်မြို့အတွင်းရှိ လမ်းဘေးဈေးရောင်းချခွင့် နည်းဥပဒေအသစ်နှင့်ပတ်သက်၍ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး Mr. Chadchart Sittipunt က လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးရုံး၏ ပြောခွင့်ရသူက စက်တင်ဘာလ ၁၉ ရက်နေ့က ပြောသည်။ ထိုင်းဘုရင်က လက်မှတ်ထိုးအတည်ပြု၍ ပြဋ္ဌာန်းပြီးပါက နည်းဥပဒေအသစ်သည် အကျုံးဝင်လာတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စည်းမျဉ်းအသစ်အရ လမ်းဘေးဈေးရောင်းချခွင့်ကို အစိုးရ လူမှုဖူလုံရေးကတ်ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံသား နွမ်းပါးသူများသာ ရောင်းချခွင့်ရှိတော့မည် ဖြစ်သည်။ လမ်းဘေးဈေးသည်များသည် အိမ်များကို အရစ်ကျ ငွေပေး၍ ဝယ်ယူထားသူများဖြစ်ရမည်ဖြစ်ပြီး လူမှုဖူလုံရေး ထောက်ပံ့ ကြေးများ […]

ဘန်ကောက်တွင် iPhone 16 ပထမဆုံးဝယ်ယူမှာ မြန်မာနိုင်ငံသားဖြစ်နေ

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ရောင်းချခဲ့သော iPhone 16 ဝယ်ယူသူများအနက် ပထမဆုံး တန်းစီပြီး ဝယ်ယူခဲ့သူမှာ မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသစ်ထွက်ရှိလာသော iPhone 16 Series ကို ဝယ်ယူရန် ဘန်ကောက်မြို့ရှိ Central World က Apple Store နှင့် Iconsiam ရှောပင်းစင်တာအရှေ့တွင် ယနေ့ နံနက် ၈ နာရီက ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့အနက် Central World က Apple Store တွင် ပထမဆုံးနံပါတ်နေရာဖြင့် တန်းစီပြီးဝယ်ယူခဲ့သူမှာ မြန်မာနိုင်ငံက အမျိုးသမီးတစ်ဦးဖြစ်ပြီး iPhone 16 Pro Max ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း […]

သံဖြူဇရပ်က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦး ဖမ်းဆီးခံရ

Dawei Watch

September 20, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းဝင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ အသင်းဝင်ဦးဇော်ဝမ်း၊ ကိုရဲလှိုင်နှင့် အခြားအသင်းဝင်နှစ်ဦး တို့ကို စက်တင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်က သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အသင်းရုံးတွင် စစ်ကောင်စီတပ် တို့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်သည့် အကြောင်းအရင်း အတိအကျကို မသိရသေးကြောင်း အသင်းနှင့် နီးစပ်သည့်မြို့ခံတစ်ဦးက ဆိုသည်။ “ဘာကြောင့် ဖမ်းတာလဲတော့ တိတိကျကျတော့ မသိသေးဘူး။ အမျိုးမျိုးတော့ ပြောနေကြတယ်။ PDF တွေနဲ့ ဆက်သွယ် တယ်ဆိုပြီး ဖမ်းတာလို့လည်း ပြောနေကြတယ်” ဟု ၎င်းမြို့ခံက ပြောသည်။ […]

ထိုင်းတောင်ပိုင်းက မြန်မာဘုန်းကြီးပျံဈာပန

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် မြန်မာဘုန်းတော်ကြီး၏ ဈာပနာ အခမ်းအနားကို စက်တင်ဘာလ၁၉ ရက် ညက ပြုလုပ်ခဲ့သည်။ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ ထုံပရိကျေးရွာရှိ ဓမ္မရတနာတောရ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးပညာသုတသည် ဖန်ငခရိုင်၊ တကွန်ပါမြို့ ဆေးရုံကြီးတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် သက်တော် ၅၃ နှစ်၊ ဝါတော် ၃၃ ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ထိုင်းတောင်ပိုင်း ဖန်ငခရိုင်သို့ ခေတ္တရောက်ရှိနေချိန် နေမကောင်းဖြစ်လာသဖြင့် ဆေးရုံတင်ကုသရာက စက်တင်ဘာလ ၄ ရက်နေ့တွင် ပျံတော်မူသွားခြင်းဖြစ်ပြီး ဥတုဇရုပ်ကလာပ်အား စူရတ်ဌာနီမြို့သို့ ပင့်ဆောင်လာခြင်းဖြစ်သည်။ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော် မီးသင်္ဂြိုဟ်ပူဇော်အခမ်းအနားအား စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် နာရေးကူညီမှုအသင်းက ဦးဆောင်ပြီး ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

မီးလောင်အော်ရွာတွင် အိမ် ၃၀ကျော် မီးရှို့ခံရ၊ ပြာပုံထဲတွင် စစ်ဘေးရှောင်အမျိုးသမီးအလောင်းတွေ့

Dawei Watch

September 19, 2024

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ မီးလောင်အော်ကျေးရွာတွင် နေအိမ် ၃၁ လုံး မီးရှို့ခံရပြီး စစ်ဘေးရှောင် အမျိုးသမီးကြီး တစ်ဦး မီးလောင်သေဆုံးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။ မီးလောင်အော်ရွာသည် ပင်လယ်ရွာငယ် တစ်ရွာဖြစ်ပြီး အိမ်ခြေ ၆၀ ကျော်ရှိကာ အိမ်အများစုမှာ ဓနိမိုး၊ ဝါးထရံကာထားသည့် နေအိမ်များဖြစ်သည်။ စက်တင်ဘာလ ၁၈ ရက်က ရှပ်ပုံရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်း တပ်တို့ ထိတွေ့တိုက်ပွဲ သုံးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အရပ်သားနေအိမ် သုံးလုံးကို စစ်တပ်က မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် စက်တင်ဘာ ၁၉ ရက် နံနက် ၄ နာရီ အာရုံမတက်မီအချိန်တွင်လည်း မီးလောင်အော်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့က […]

ဂျပန်ဝန်ကြီးချုပ်သစ် အောက်တိုဘာ ၁ တွင် ရွေးချယ်မည်

Dawei Watch

September 19, 2024

ဂျပန်ဝန်ကြီးချုပ်သစ်ရွေးချယ်မည့် ပါလီမန်အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်ကြောင်း အာဏာရနှင့် အတိုက်အခံ နှစ်ဖက်ပါတီများ သဘောတူလိုက်ပြီဖြစ်သည်။ အာဏာရ LDP ပါတီ၏ ခေါင်းဆောင်သစ်ရွေးချယ်မှုကို လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပါတီတွင်း မဲပေးရွေးချယ်မှုအရ ရွေးချယ်တင်မြှောက်သွားရန် ရှိသည်။ LDP ပါတီသည် ဂျပန်နိုင်ငံကို ဆယ်စုနှစ်များစွာ ဆက်တိုက်နီးပါး အုပ်ချုပ်လာခဲ့သည့် ပါတီဖြစ်သည်။ လွှတ်တော် နှစ်ရပ်စလုံးတွင် အသာစီးရထားသော LDPပါတီ၏ ခေါင်းဆောင်သစ်သည် ဝန်ကြီးချုပ်ရာထူးကိုပါ တပါတည်း ရရှိမည် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အသစ်ရွေးကောက်တင်မြှောက်လိုက်သည့် ဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထောက်ခံပေးရသည်။ ပါတီခေါင်းဆောင်သစ်အဖြစ် အဆိုပြုထားသည့် ကိုယ်စားလှယ် ကိုးဦး ရှိသည့်အနက် စစ်တမ်းများအရ ဝန်ကြီးချုပ်သစ်ဖြစ်လာရန် ရေပန်းအစားဆုံး ကိုယ်စားလှယ် သုံးဦး […]