ထိုင်းနှင့် မြန်မာလုပ်သား ခိုက်ရန်ဖြစ်မှု မြန်မာလုပ်သားခြောက်ဦး အလုပ်ထုတ်ခံရ
Dawei Watch
January 12, 2026ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် စားသောက်ဆိုင်ရှေ့၌ ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားများကြား ခိုက်ရန်ဖြစ်မှုနှင့်ပက်သက်၍ ဆိုင်ပိုင်ရှင်က မြန်မာအလုပ်သမား ခြောက်ဦးကို အလုပ်ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းက စမွတ်ပရကန်ခရိုင် ဘန်ဘိုဒေသ စားသောက်ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် မြန်မာနိုင်ငံသားများကြား ရန်ဖြစ်ခြင်းဖြစ်သည်။ လမ်းဆုံမီးပွိုင့်တွင် မြန်မာနိုင်ငံသား မောင်းလာသော ကားက လမ်းကြောင်းမှားပြီး ဝင်လာသဖြင့် ထိုင်းပစ္စည်းပို့သမားက ဟွန်းတီး၍ သတိပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူက ပြောဆိုသည်ဟု သတင်းဌာနများတွင် ဖော်ပြသည်။ ယင်းအချိန် ကားမောင်းသူက လက်ခလယ်ထောင်၍ ရန်ပြန်တွေ့ခဲ့ရာ ထိုင်းပစ္စည်းပို့သမားက နောက်ကလိုက်၍ ကားရပ်ရန် ပြောဆိုသော်လည်း ကားက မောင်းထွက်သွားကြောင်း ဆိုသည်။ ထိုင်းပစ္စည်းပို့သမားကလည်း ကားနောက်သို့ ထပ်မလိုက်တော့ဘဲ ပစ္စည်းပို့ဆောင်ရန် ဆက်လက်ထွက်သွားခဲ့ကြောင်း ဖော်ပြသည်။ […]


