ထားဝယ် စက်သုံးဆီဆိုင်ကြီးများတွင် တိုးကြိတ်ဝယ်ယူ၊ ဆိုင်အချို့ အကန့်အသတ်ဖြင့်ရောင်း
Dawei Watch
March 3, 2026ထားဝယ်မြို့ပေါ် စက်သုံးဆီဆိုင်ကြီးများတွင် ယနေ့ နံနက်ပိုင်းတွင် တိုးကြိတ်ဝယ်ယူနေကြပြီး ဆိုင်အချို့ အကန့်အသတ်ဖြင့် ရောင်းချကြောင်း စက်သုံးဆီလုပ်ငန်းလုပ်သူမြို့ခံအချို့ နှင့် သုံးစွဲသူ မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရှိ DDPC စက်သုံးဆီအရောင်းဆိုင်၊ ရနံ့သစ် ၊ Petro Green နှင့် အခြားဆီဆိုင်ကြီးများတွင် ယနေ့ နံနက်ပိုင်းကစပြီး စက်သုံးဆီဝယ်ယူသူများ တန်းစီဝယ်ယူနေကြကြောင်း မြိုခံအချို့က ပြောသည်။ စက်သုံးဆီဆိုင်အချို့တွင် လိုသလောက် ရောင်းချပေးပြီး ဆိုင်အချို့မှာ ကျပ်ငါးထောင်နှင့် တစ်သောင်းကြားသာ အကန့်အသတ်ဖြင့် ရောင်းချပေးကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက်ပိုင်းတွင် စက်သုံးဆီဝယ်ယူသူ မြို့ခံအမျိုးသမီး တစ်ဦးကမူ “လိုသလောက် တော့ရတယ်။ ဆီကတော့ အရနည်းတယ်၊ စျေးတက်လို့လားတော့ မသိဘူး” ဟု ပြောဆိုသည်။ လက်ရှိ ထားဝယ်စျေးကွက်ရှိ စက်သုံးဆီဆိုင်အချို့တွင် 95 အမျိုးအစား […]


