ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မေလအတွင်း မုတ်သုံဝင်နိုင်

diz_admin

May 5, 2020

အနောက်တောင်မုတ်သုံလေသည် တနင်္သာရီတိုင်းအတွင်းသို့ မေလ ၁၆ ရက် မှ ၂၁ အတွင်း ဝင်ရောက်နိုင်ခြေရှိကြောင်း တနင်္သာရီတိုင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေလ ၁ ရက်မှ ၂ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး လေဖိအားနည်းရပ်ဝန်းသည် ၄ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်၍ မုန်တိုင်းငယ်အဆင့်ထိရောက်ရှိနိုင်သည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူးဦးကျော်မိုးခိုင်က ပြောသည်။ “မုန်တိုင်းငယ်အဆင့်ရောက်လာရင် ပင်လယ်ကမ်းခြေတွေမှာ တည်ထားတဲ့ရွာတွေအနေအထားနဲ့တော့ သတိထားရမယ်။ ကျွန်တော်တို့အတွင်းပိုင်းကျတဲ့ နေရာတွေမှာကတော့ မိုးပဲ အဓိကသတိထားရမှာပေါ့။ မိုးကြီးနိုင်တဲ့ အနေအထားမျိုးတွေ့ရတယ်” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။ မုန်တိုင်းငယ်ဖြစ်ပေါ်လာပါ တနင်္သာရီတိုင်းတွင် မိုးကြီးနိုင်သဖြင့် တောင်ပြိုနိုင်သောကြောင့် တောင်စောင်းတွင် နေထိုင်သူများအနေနှင့် သဘာဝဘေးကို ကြိုတင်သတိထားသင့်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ပင်လယ်ပြင်တွင် တစ်နာရီမိုင် […]

ဒေါက်တာလဲ့လဲ့မော်အမှု အပြီးသတ်ကြားနာတော့မည်

diz_admin

May 4, 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုကို အပြီးသတ်ကြားနာတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။ စတင်တရားစွဲဆိုချိန်မှ ၁၃ လကျော်အကြာတွင် နှစ်ဘက်အပြီးသတ်လျှောက်လဲချက် ကြားနာမည်ဖြစ်သည်။ တရားခံရှေ့နေဘက်က မူလကခံပြသက်သေ ၂၄ ဦး စစ်ဆေးရန် တင်သွင်းထားသော်လည်း ၁၁ ဦးကိုသာစစ်ဆေးပြီးနောက် တရားခံရှေ့နေများကိုယ်တိုင် ပယ်ခဲ့ခြင်း ဖြစ်သည်။ ဧပြီလ ၃၀ ရက် နောက်ဆုံးရုံးချိန်းတွင် လက်ရှိဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် အခြားသက်သေနှစ်ဦးကိုလည်း တရားခံပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။ အမှုကို ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်တရားစွဲခြင်းဖြစ်ပြီး ရုံးချိန်း ၆၀ ခန့် စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၈၈ ဦးကို စစ်ဆေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေလ ၈ ရက်နေ့ ရုံးချိန်းတွင် နှစ်ဘက်အပြီးသတ်လျှောက်လဲချက်ကို ကြားနာမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော် […]

တစ်ခါသုံး ဓလေ့ကြောင့် ကိုဗစ်ကပ်ဘေးကာလ ပလပ်စတစ်နှင့် ဖော့ဘူးအသုံးမြင့်တက်

diz_admin

May 4, 2020

အပြင်မထွက်ရတော့ခြင်း၊ ဆိုင်မထိုင်ရခြင်း၊ ပါဆယ်သာရောင်းတော့ခြင်း စသည့် ကိုဗစ်ကာလအတွင်း ပြောင်းလဲလာသည့် လူနေမှုပုံစံများက ပလပ်စတစ်နှင့် ဖော့ဘူးသုံးစွဲမှုမြင့်တက် လာစေသည်။ ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် လူအများခရီးသွားလာခြင်းမရှိတော့ချိန်၊ နေအိမ်အတွင်းတွင်နေတော့ချိန်၌ ကမ္ဘာကြီးသဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာကြောင်း နိုင်ငံတကာ သတင်း အချို့တွင်ဖော်ပြထားသည်။ သို့သော် တစ်ခါသုံး ခွက်၊ ပလစ်စတစ်၊ ဖော့ဘူးများ အသုံးမြင့်တက်လာခြင်းက အခြားတစ်ဖက်က သဘာဝဝန်းကျင်ကို စိန်ခေါ်နေပြန်သည်။ ယခင်က စားသောက်ဆိုင်၊ ထမင်းဆိုင်များကို အဓိကရောင်းချနေရသည့် တစ်ခါသုံးပလပ်စတစ်ပစ္စည်းများသည် သင်္ကြန်အပြီး အတာမုန့်လှူဒါန်းသူများ၊ ကန့်သတ်စောင့်ကြည့်စခန်း ဝင်နေသူများကို အစားသောက်ပို့ပေးသူများ၊ လက်ဖက်ရည်ဆိုင်များ၊ မုန့်လက်သုပ်ဆိုင်များကပါ ဝယ်ယူလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “အရင်တုန်းကထက် ဖော့ဘူးလိုမျိုး တစ်ခါသုံး (ပလပ်စတစ်) ပစ္စည်းတွေ အကုန်ရောင်းကောင်းနေတယ်။ အခုက လက်ဖက်ရည်ဆိုင်တွေ တစ်ခါသုံးခွက်တွေ သုံးကြတယ်။ အကြော်ဆိုင်တွေကလည်း ဖော့ခွက်တွေသုံးတယ်။ ပြောရမယ်ဆို […]

စီးပွားထိခိုက်မှု အစိုးရချေးငွေ ရော်ဘာလုပ်ငန်းငွေပမာဏ အများဆုံး လျှောက်ထား

diz_admin

May 4, 2020

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း စီးပွားရေးထိခိုက်မှုအတွက် အစိုးရထံမှငွေထုတ်ချေးရန် လျှောက်ထားမှုတွင် ရော်ဘာစက်ရုံလုပ်ငန်းများက ငွေပမာဏအများဆုံး လျှောက်ထားကြကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ကျော်ဦးထံမှ သိရသည်။ အစိုးရ၏ COVID-19 Fund မှ ငွေချေးရန်အတွက် တနင်္သာရီတိုင်းအတွင်းမှ လျှောက်ထားလာသည့်လုပ်ငန်းရှင် ၇၄ ဦးက စုစုပေါင်းငွေကျပ်သိန်းကိုးသောင်းကျော် လျှောက်ထားလာရာ ယင်းတို့တွင် ရော်ဘာစက်ရုံလုပ်ငန်းများက ငွေပမာဏအများဆုံး ဖြစ်သည်။ “ငွေ Amount (ပမာဏ) များတာက ရော်ဘာစက်ရုံ/ထားဝယ်လည်း ရော်ဘာအပြားစက်ရုံ (ချေးဖို့လျှောက်ထားငွေ)များတယ်။ မြိတ်ကလည်း ငွေများတယ်။ မြိတ်က ရော်ဘာလုပ်ငန်းရှင်တစ်ဦးတည်းတောင် ချေးငွေ (ကျပ်သိန်းပေါင်း) သုံးသောင်းချေးဖို့တင်ထားတယ်” ဟု ဦးကျော်ဦးက ပြောသည်။ ချေးငွေလျှောက်ထားသူများမှာ ထားဝယ်ခရိုင်မှ ၅၁ဦး၊ မြိတ်ခရိုင်မှ ၂၃ ဦး ရှိပြီးခရီးသွားလုပ်ငန်း၊ ဈေးရောင်းသည့်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း […]

ထားဝယ်ဇာတ်ပွဲများ အရှုံးပေါ်

diz_admin

May 4, 2020

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပွဲကရာသီမကုန်မီ ဇာတ်ပွဲနားလိုက်ရသဖြင့် ထားဝယ်ဇာတ်ပွဲများ အရှုံးပေါ်ကြကြောင်း ဇာတ်ပွဲတည်ထောင်သူအချို့ထံမှ သိရသည်။ ဇာတ်ပွဲအများဆုံးငှားရသည့် မတ်လမှစတင်ကာ ထားဝယ်ဇာတ်ပွဲများ နားလိုက်ကြရခြင်း ဖြစ်သည်။ “ဒီနှစ်ကတော့ ဇာတ်ဆရာတွေ အကုန်လုံးဆုံးရှုံးနစ်နာပါတယ်။ ပွဲကြည့်များတဲ့လကျမှ အကုန်လုံးထိုးနားပစ်လိုက်ရတာ”ဟု ထားဝယ်မြို့ရှိ စိန်ရွှေဝင်းဇာတ်သဘင် ပိုင်ရှင်က ပြောသည်။ ဇာတ်ပွဲများရပ်နားလိုက်ရပြီး ငွေကြေးမလည်ပတ်နိုင်တော့သဖြင့် အခက်အခဲများကြုံနေရကြောင်း ဇာတ်သဘင်ပိုင်ရှင်တချို့က ပြောသည်။ “သုံးလလောက်နားလိုက်ရတော့ ပွဲအချီလေးငါးရှစ်ဆယ်လောက် နာသွားတာပေါ့။ အကုန်လုံးကတော့ အရှုံးပေါ် နေကြတာပဲ” ဟု ထိပ်တန်းဇာတ်သဘင်ပိုင်ရှင် ဦးကျော်ကျော်ဦးက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဇာတ်ပွဲများရပ်နားထားချိန် နေရပ်မပြန်ဘဲ ကျန်ရှိနေသည့် ဇာတ်အဖွဲ့သားများကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်စသည့် စားသောက်ကုန်များကို ထားဝယ်မြို့နယ်သဘင်အစည်းအရုံးက ထောက်ပံ့ပေးသည့်အပြင် မြန်မာနိုင်ငံဇာတ်သဘင် အစည်းအရုံးနှင့် CB ဘဏ်ဖောင်ဒေးရှင်းတို့ကလည်း ထောက်ပံ့ပေးသည်ဟု ထားဝယ်မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌဦးတင်မောင်ရွှေက […]

မြိတ်လျှပ်စစ်မီး တစ်ယူနစ် ၂၈၀ ကိစ္စ ကျန်လများ မသိရသေးဟုဆို

diz_admin

May 4, 2020

မြိတ်လျှပ်စစ်မီး ဧပြီလအတွက် တစ်ယူနစ်လျှင်၂၈၀ကျပ်အား တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ခဲ့ပြီး ကျန်လများမသိရသေးဟု မြိတ်စိမ်းလန်းစွမ်းအင်မီးလင်းရေးကုမ္ပဏီမှစီမံကိန်းဒါရိုက်တာဦးမျိုးအောင်က ပြောသည်။ လျှပ်စစ်မီးတစ်ယူနစ်ကို ၃၈၀ ကျပ် ဖြင့်ကောက်ယူနေရာမှ ကိုဗစ်ကာလအတွင်းလျှော့ချရန်ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ တောင်းဆိုမှုကြောင့် ဧပြီလအတွက်တစ်ယူနစ်လျှင်၂၈၀ကျပ် နှုန်းထားဖြင့် တိုင်းဒေသကြီးအစိုးရမှသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ “မေနဲ့ဇွန်လအတွက်တော့ ဒီဇယ်ဈေးအပေါ်မူတည်ပြီး လကုန်ရင်တိုင်း ဒေသကြီးအစိုးရက တွက်ချက်ပြီး ညွှန်ကြားစာထုတ်မှသိရမှာဖြစ်တယ်”ဟု ဦးမျိုးအောင်က ပြောသည်။ လျှပ်စစ်တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၂၈၁ကျပ်ခန့် ရှိပြီး ကိုဗစ်ကာလအတွင်းအိမ်သုံးမီတာတစ်လုံးလျှင် ဆယ်ယူနစ်အခမဲ့လှူဒါန်းမည့်အစီအစဉ်လည်း ပျက်သွားသည်ဟု ဦးမျိုးအောင်က ဆိုသည်။ “တစ်ယူနစ်သုံးရာ အထက်လောက်ရရင်တော့ ပေးဖို့လုပ်ထားတာအခုက အစီအစဉ်ပျက်သွားပြီပေါ့”ဟု ၎င်းကပြောသည်။ မြိတ်စိမ်းလန်းစွမ်းအင်အနေနှင့် လာမည့်နှစ်လအတွင်း တစ်ယူနစ် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်ထားသည့် Petro & Trans ကုမ္ပဏီသို့ လွှဲပြောင်းပေးရတော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

သုံးစွဲရန်မသင့်သော ဆေးထိုးအပ်

diz_admin

May 4, 2020

သုံးစွဲရန်မသင့်သော ဆေးထိုးအပ်တစ်မျိုးကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက(FDA) ဧပြီလ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။ IV Cannula အမည်ရှိ ဆေးထိုးအပ်ကို အိန္ဒိယနိုင်ငံမှ Bio-Med Healthcare ကုမ္ပဏီက ထုတ်လုပ်သည်။ ပြည်တွင်းဈေးကွက်၌ ရောင်းချနေသော အဆိုပါဆေးထိုးအပ်များအား ဓာတ်ခွဲစစ်ဆေးမှုအရ ဆေးထိုးသည့်နေရာတွင် ပိုးဝင်နိုင်ခြင်း၊ သွေးပြန်ကြောရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ အဆိုပါ ဆေးထိုးအပ်ကို ဈေးကွက်အတွင်းရောင်းချနေသည်ကို တွေ့ရှိပါက ပစ္စည်းများသိမ်းဆည်းခြင်း၊ ပညာပေးဟောပြောခြင်း၊ ခံဝန်ကတိရေးထိုးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဆေးဝါးကျွမ်းကျင်ဦးစီးအရာရှိ ဒေါ်စိုးမိမိက ပြောသည်။ မိုးမြင့်

လောင်းလုံးတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ထောင်တစ်လကျ

diz_admin

May 4, 2020

လောင်းလုံးမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူတစ်ဦးကို မြို့နယ်တရားရုံးက ဧပြီလ ၂၉ ရက်တွင် ထောင်ဒဏ်တစ်လချမှတ်လိုက်ကြောင်း လောင်းလုံးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းလွင်က ပြောသည်။ လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တစ်လ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဒုရဲမှူးဝင်းလွင်က ပြောသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးတိုက်လျှောက်ပြီး တရားစွဲတင်တာပါ။ သူကလည်း ဝန်ခံတဲ့အတွက် (မြို့နယ်တရားရုံး က) ထောင်ဒဏ်တစ်လ ချမှတ်လိုက်တာပါ”ဟု ၎င်းကပြောသည်။ ထောင်ဒဏ်ချမှတ်ခံရသူမှာ လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာသားတစ်ဦးဖြစ်ပြီး မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ ညအချိန်ကင်းလှည့်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းကဲ့သို့ဖမ်းမိစဉ် ICE ဟုယူဆရသော မူယစ်ဆေးဝါးကိုပါတွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးဥပဒေဖြင့်လည်း တရားစွဲထားကြောင်း သိရသည်။ လောင်းလုံးမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်ကတည်းက ထုတ်ပြန်ထားခြင်းဖြစ်ပြီး […]