လူမှုဖူလုံရေးခံစားခွင့် လျှောက်ထားနိုင်သူများ
diz_admin
May 4, 2020ကိုရိုနာဂယက်ကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်လိုက်ရသော လုပ်ငန်း များတွင် လုပ်ကိုင်နေပြီး လူမှုဖူလုံရေး ထည့်ဝင်ငွေ သွင်းထားသူများအား အဆိုပါဌာနတွင် စာရင်းသွင်းထားသည့် လစာငွေ၏ ၄၀ ရာခိုင်နှုန်းကို ပြန်လည် ပေးဆောင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း လူမှုဖူလုံရေးရုံးထံမှ သိရသည်။ ယင်းလူမှုဖူလုံရေးအစီအစဉ်တွင် အကြောင်းတစ်ခုခုကြောင့် ရက်ပိုင်း၊ လပိုင်းမျှသာ ခေတ္တ အလုပ်ရပ်နားထား ခံရသူများ ပါဝင်မည် မဟုတ်ကြောင်း အထက်ပါရုံး တိုင်းဦးစီးမှူး ဦးစန်းလွင် က ပြောသည်။ လူမှုဖူလုံရေးငွေသွင်းထားသူလည်းဖြစ် စက်ရုံအလုပ်ရုံ ပိတ်သိမ်းလိုက်ခြင်း လည်းမှန်ကန်ပါက ရက်ပိုင်းဖြစ်စေ၊ လပိုင်းဖြစ်စေ အလုပ်ရပ်နားခံရသူ မည်သူ မဆို အဆိုပါ လူမှုဖူလုံရေး ခံစားခွင့်ကို ရရှိမည်ဖြစ်ကြောင်း ဦးစန်းလွင်က ပြောသည်။ လူမှုဖူလုံရေးငွေကို လုပ်ငန်းရှင် ကိုယ်တိုင်သော်လည်းကောင်း၊ မိမိသဘောဆန္ဒအလျောက် သော်လည်းကောင်း […]


