ကုမ္ပဏီ ခြောက်ခုဝင်ပြိုင်သည့် ကော့သောင်းလျှပ်စစ် တင်ဒါဖွင့်
diz_admin
June 8, 2020ကုမ္ပဏီခြောက်ခု ဝင်ပြိုင်ထားသည့် ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါကို ဇွန်လ ၁ ရက်နေ့က ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ အဆိုပါတင်ဒါကို တိုင်းအတွင်းနှင့် တိုင်းပြင်ပ အခြေစိုက်ကုမ္ပဏီများက ဝင်ပြိုင်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။ တင်ဒါဖွင့်ဖောက်ပြီး ရွေးချယ်ရာတွင် ကုမ္ပဏီ၏ နောက်ခံ (Profile)၊ နည်းပညာ၊ ဈေးနှုန်းတို့ကို တစ်ဆင့်ချင်းစစ်ဆေးကာ အမှတ်ပေးကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။ တင်ဒါဖွင့်ဖောက် စစ်ဆေးရာတွင် ကုမ္ပဏီ၏ Profile မအောင်မြင်ပါက နည်းပညာပိုင်းကို ဆက်လက် မစစ်ဆေးတော့ကြောင်း ၎င်းက ပြောသည်။ တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile နှင့် နည်းပညာစစ်ဆေးအောင်မြင်သည့် ကုမ္ပဏီများကိုသာခေါ်ယူ၍ တစ်ယူနစ်ဈေးနှုန်း ဖွင့်ဖောက်မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောဆို ထားသည်။ ဝင်ပြိုင်သည့် ကုမ္ပဏီတစ်ခုချင်းအလိုက် တစ်ယူနစ် […]


