ရေပိုင်နက်သို့ ကျူးကျော်ဝင်သည်ဆိုကာ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းစစ်တပ်ဖမ်း
Dawei Watch
February 8, 2025ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ဟုဆိုကာ ကော့သောင်းဘက်က မြန်မာလှေတစ်စီးကို ထိုင်းတော်ဝင်ရေတပ်က ဖမ်းဆီးကြောင်း အမှတ် (၃) တော်ဝင်ရေတပ်၏ ထုတ်ပြန်ချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ တရားမဝင် ငါးဖမ်းနေသည်ဟု ယူဆရသော ငါးဖမ်းလှေနှစ်စီးသည် ဖေဖော်ဝါရီလ ၇ ရက် ညတွင် ရနောင်းရေပိုင်နက်ထဲ ရှိနေပြီး ခန်းခေါင်ကျွန်းအနီး ရပ်နားထားသည်ကို ဖန်ငရေဒါစခန်းက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရေဒါတွင် ပေါ်နေသည့်နေရာသို့ အမှတ် ၃ ထိုင်းတော်ဝင်ရေတပ်က သွားရောက်စစ်ဆေးရာ ထိုင်းရေပိုင်နက်ထဲတွင် ငါးဖမ်းလှေနှစ်စီးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ယင်းအနက်တစ်စီးမှာ ကော့သောင်းဘက်ကလာသော မြန်မာငါးဖမ်းလှေဖြစ်ပြီး လှေပေါ်တွင် မြန်မာလှေဦးစီးနှင့် ရေလုပ်သား ကိုးဦးကို တွေ့ရှိခဲ့ကြောင်း၊ အားလုံးတွင် မြန်မာမှတ်ပုံတင်ကလွဲ၍ ထိုင်းသို့ ဝင်ရောက်ခွင့် စာရွက်စာတမ်းမရှိကြောင်း ထိုင်းသတင်းဌာနများက […]


