ကမ္ဘာ့အကျင့်ပျက် အခြစားဆုံးစာရင်းတွင် အင်ဒိုနီးရှားသမ္မတဟောင်းဂျိုကိုဝီ ဖော်ပြခံရ
Dawei Watch
February 11, 2025ဂျိုကိုဝီဟု လူသိများသည့် အင်ဒိုနီးရှားသမ္မတဟောင်းဂျိုကိုဝီဒိုဒိုအား ၂၀၂၄ ခုနှစ်အတွက် ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပျက်ခြစားမှုအများဆုံးပုဂ္ဂိုလ် ဆန်ခါတင်စာရင်းတွင် ထည့်သွင်းဖော်ပြလိုက်သည်။ ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပြခြစားမှု ဖော်ထုတ်ရေးစီမံချက်အဖွဲ့(OCCRP)က ကမ္ဘာအနှံ့မှ စာဖတ်သူများနှင့် ဂျာနယ်လစ်များ၏ အမြင်ယူဆချက်များကို အခြေခံပြီး ဆန်ခါတင်စာရင်းကို ရွေးချယ် ဖော်ပြခြင်းဖြစ်သည်။ ယင်းက အင်ဒိုနီးရှားနိုင်ငံရေး၏ အကျင့်ပျက်ခြစားမှုပြဿနာအပေါ် နိုင်ငံတကာမှ အာရုံစိုက်မှု ကြီးထွားလာနေသည်ကို ပြသနေသည်။ ဂျိုကိုဝီနှင့်အတူ ကင်ညာသမ္မတဝီလီယံရူတို ၊ နိုင်ဂျီးရီးယားသမ္မတဘိုလာအာမက်တင်နုဘူ ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ၊ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ဂေါ်တမ်အဒါနီတို့လည်း ယင်းဆန်ခါတင်စာရင်းတွင် ရွေးချယ်ဖော်ပြခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်အတွက် ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပျက်ခြစားမှုအများဆုံးပုဂ္ဂိုလ်အဖြစ် တရားဝင်ရွေးချယ်ဖော်ပြခံခဲ့ရသူမှာ ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် ဖြစ်သည်။ ဂျိုကိုဝီသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှားသမ္မတအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။၎င်းသည် […]


