ခရီးသွားကဏ္ဍ မြှင့်တင်ရန် အရက်ရောင်းချိန်များ ပြန်သုံးသပ်ဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား
Dawei Watch
February 12, 2025ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေး အရက်ရောင်းချသောအချိန်များကို ပြန်သုံးသပ်ရန် ဝန်ကြီးချုပ် ပေထုပ်တန်ရှင်နာဝပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ညွှန်ကြားလိုက်သည်။ ထိုင်းလုပ်ငန်းရှင်များက ခရီးသွားကဏ္ဍ တိုးတက်လာရေး စည်းမျဉ်းတစ်ချို့ကို ဖြေလျှော့ပေးရန် တောင်းဆိုလာရာမှ ဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ပေးရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောသည်။ ထိုင်းနိုင်ငံတွင် နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီအထိ၊ ညနေ ၅ နာရီမှ ည ၁၂ နာရီအထိသာ အရက်ရောင်းချခွင့် ပေးထားခြင်းဖြစ်သည်။ ယင်းကြောင့် နေ့လယ်ပိုင်းအရက်ရောင်းခွင့် မရှိသောအချိန်ဖြစ်သည့် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီကြားကို အရက်ရောင်းခွင့်ပြုရေး ပြန်လည်သုံးသပ်ပေးရန် ဝန်ကြီးချုပ်က ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ အရက်ရောင်းချချိန်များကို […]


