တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
February 14, 2025ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ နျူးကလီးယားလက်နက်အရေး ညှိနှိုင်းမှာမဟုတ်လို့ မြောက်ကိုးရီးယားပြော မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေဟာ အပေးအယူ ညှိနှိုင်းဖို့မဟုတ်ပဲ ပြည်သူတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် မြောက်ကိုရီးယားနျူးကလီးယားအစီအစဉ် အဆုံးသပ်ရေး လုပ်ဆောင်သွားဖို့ ကတိပြုခဲ့ကြပြီးနောက် ပြောကြားလာခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်တွေဟာ အသိမှတ်ပြုခံရဖို့ ဟန်ပြလုပ်နေတာမဟုတ်ပဲ ငွေကြေးနဲ့ လဲလှယ်ဖို့အတွက်လည်း မဟုတ်ဘူးလို့ နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ ဂျပန်နဲ့ အမေရိကန်ခေါင်းဆောင်များကတော့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ နျူးကလီးယားအစီစဉ်တွေကို လုံးဝရပ်ဆိုင်းသည်အထိ လုပ်ဆောင်ဖို့ကိုကတိပြုထားကြပါတယ်။ Ref: AA ……………………………….. လန်ဒန်က တရုတ်သံရုံးသစ် စီမံကိန်း ကန့်ကွက်ခံရ ဗြိတိန် လန်ဒန်မှာ တရုတ်သံရုံးသစ်စီမံကိန်းနဲ့ ပက်သက်ပြီး တရုတ်ရဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို စိုးရိမ်ကြသူ ရာပေါင်းများစွာ ကန့်ကွက်ခဲ့ကြပါတယ်။ တရုတ်သံရုံးသစ် လန်ဒန်မြို့မှာ တည်ဆောက်ဖို့ ပြင်နေတာနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က သံရုံးသစ်အတွက် လျာထားတဲ့ နေရာမှာ စုဝေး ဆန္ဒပြကြတာပါ။ တကယ်လို့ ဗြိတိန်အစိုးရက အတည်ပြုလိုက်ရင် ဒီသံရုံးသစ်က ဥရောပမှာ အကြီးဆုံး တရုတ်သံရုံး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ တရုတ်ဟာ သူ့ရဲ့အတိုက်အခံတွေကို အနှောက်အယှက်ပေးဖို့ တည်ဆောက်လာတယ်ဆိုပြီးကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ တရုတ်အစိုးရက လန်ဒန်မှာရှိတဲ့ သံရုံးကို နေရာပြောင်းရွှေ့ဖို့ လုပ်နေတာ နှစ်အတော်ကြာနေပြီဖြစ်ပြီး လက်ရှိ မယ်ရီလဘုန်းနေရာမှာရှိတဲ့ သံရုံးကို လန်ဒန်မျှော်စင် တဝိုက်နေရာကို ပြောင်းရွှေ့ဖို့ လုပ်နေတာဖြစ်ပါတယ်။ Ref: The Guardian ……………………………….. အမေရိကန်နိုင်ငံထဲ မွေးတဲ့ ကလေးငယ်တွေ နိုင်ငံသားဖြစ်ခွင့် ပယ်ဖျက်တဲ့အမိန့်ကိုတရားသူကြီးကန့်ကွက် တရားမဝင် နေထိုင်နေကြတဲ့ မိဘတွေကနေ အမေရိကန်မှာမွေးလို့ အမေရိကန်နိုင်ငံသား ဖြစ်နိုင်တဲ့ အခွင့်အရေးကို ပယ်ဖျက်လိုက်တဲ့ သမ္မတအမိန့်ကို ဖက်ဒရယ် တရားသူကြီးကဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။ နယူးဟမ်ရှိုင်းယားပြည်နယ် ဖက်ဒရယ် တရားသူကြီးကနေ ရပ်ဆိုင်းလိုက်တာပါ။ ဒီလိုရပ်ဆိုင်းတာကို ဝါရှင်တန်ပြည်နယ် စိတယ်တရားရုံးနဲ့ မေရီလန်းပြည်နယ် တရားရုံးတွေကလည်း ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ခဲ့ကြပါတယ်။ သမ္မတထရမ့်ရဲ့ အမိန့်က အမေရိကန်ဖွဲ့စည်းပုံရဲ့ အကြီးဆုံး တန်ဖိုးထားမှုတွေထဲက တစ်ခုကိုပယ်ဖျက်ဖို့ ကြိုးစားတာဖြစ်တယ်ဆိုပြီး တိုင်ကြားခဲ့ကြတာဖြစ်ပါတယ်။ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်မူကို ကျင့်သုံးတဲ့ နိုင်ငံ ၃၀ လောက်ရှိပြီး အမေရိကန်ကလည်း ယခင်တည်းက ကျင့်သုံးနေတာဖြစ်ပါတယ်။ Ref: The NewYork Post ……………………………….. ဟားမတ်စ်က ဓါးစာခံတွေ ပြန်မလွှတ်ရင် ပြန်တိုက်မယ်လို့ အစ္စရေးပြော ဓားစာခံတွေကို ဟားမတ်စ်အဖွဲ့က ပြန်မလွှတ်ရင် ဂါဇာကို ပြန်တိုက်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြောပါတယ်။ ဓားစာခံတွေ ပြန်မလွှတ်ရင် အပစ်ရပ်စဲရေးသဘောတူညီချက်ကို ဖျက်လိုက်ဖို့ အမေရိကန်သမ္မတ ထရမ့်ကလည်း ကနဦး ပြောထားတာပါ။ ဓားစာခံလွှတ်ဖို့ ရွှေ့ဆိုင်းတာဟာ အပစ်ရပ် သဘောတူညီချက်ကို ဟာမတ်စ်ဘက်က ချိုးဖောက်တာဖြစ်တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။ ဒါကြောင့် လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စီစဥ်ထားတဲ့အတိုင်း ဓားစာခံတွေလွှတ်ပေးဖို့ဟာမတ်စ်အဖွဲ့ကို ကုလသမဂ္ဂအဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။ Ref: The Guardian ……………………………….. မဲမသမာမှုကြောင့် စစ်အုပ်ချုပ်ရေးကြေညာခဲ့တာလို့ ထိန်းသိမ်းခံသမ္မတပြော ရွေးကောက်ပွဲမှာ မဲတွေကို မရိုးမသားလုပ်တာတွေ ရှိတဲ့အတွက် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရတာဖြစ်တယ်လို့ ထိန်းသိမ်းခံထားရသော သမ္မတယွန်းဆွတ်ယိုးကဖွဲ့စည်းပုံခုံရုံးကို ပြောကြားခဲ့ပါတယ်။ မဲမသမာမှုနဲ့ ပတ်သက်လို့ အငြင်းပွားနေတာက စိတ်မကောင်းစရာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်တုံ့ပြန်ထားတာပါ။ သမ္မတပြောသလိုမဟုတ်ဘဲ ရွေးကောက်ပွဲက ရိုးသား ဖြောင့်မတ်တယ်လို့ တောင်ကိုရီးယားနိုင်ငံက အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်ကနေ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ […]


