သထုံခရိုင်တွင် စစ်ကောင်စီ လေကြောင်းဖြင့် တစ်ရက်တည်းလေးကြိမ်တိုက်ခိုက်၊ လူသုံးဦးသေဆုံး
Dawei Watch
February 14, 2025မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများနှင့် KNU ဗဟို၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ သထုံခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၁၃ ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီကျော်က ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနှင့် အနီးနားဝန်းကျင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား သုံးဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိမှန်ဒဏ်ရာရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း ဆိုသည်။ နေ့လယ်နှင့် ညနေပိုင်းတို့တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် […]


