ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဟာချိုင်က ဆပ်ပြာစက်ရုံကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာ ၂၀ အဖမ်းခံရ

Dawei Watch

February 7, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ ကထူးဘင်ဒေသ မဟာချိုင်တွင် အဝတ်လျှော်ဆပ်ပြာရည်နှင့် ချွတ်ဆေးများ ထုတ်လုပ်ရောင်းချနေသော စက်ရုံကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံခဲ့ရသည်။ စက်ရုံထဲမှ စွန့်ပစ်အရည်များနှင့် အမှိုက်ပုံများမှ အနံ့ဆိုးထွက်နေသဖြင့် အနီးနေဒေသခံများက တိုင်ကြားလာရာမှ အလုပ်သမားရုံးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီလ ၆ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများကဆိုသည်။ စက်ရုံထဲတွင် မှတ်ပုံမတင်ထားသော အဝတ်လျှော်ဆပ်ပြာရည်၊ ချွတ်ဆေး၊ အိမ်သာဆေးရည်ဘူးများပါသော ပါကင်ဖာများနှင့်အတူ စက်ပစ္စည်းများစွာကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ စက်ရုံသည် လိုင်စင်မဲ့စက်ရုံဖြစ်ပြီး ဆပ်ပြာရည်နှင့်ချွတ်ဆေးများကလည်း မှတ်ပုံတင်ထားခြင်းမရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။ စက်ရုံထဲတွင် မြန်မာအလုပ်သမား ၂၀ ဦးနှင့် တရုတ်အလုပ်သမား ၃ ဦး လုပ်ကိုင်နေသဖြင့် ၎င်းတို့ကို ဥပဒေအရ ဖမ်းဆီးခဲ့ဟုဆိုသည်။ အဝတ်လျှော်ဆပ်ပြာရည်နှင့် ချွတ်ဆေးများကို စက်ရုံထဲထုတ်လုပ်ပြီး အွန်လိုင်းမှတစ်ဆင့် […]

သရက်ချောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်

Dawei Watch

February 7, 2025

သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာတွင် ပရိုဘောက်ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်၍ ဆိုင်ကယ်မောင်းသူ အမျိုးသားဒဏ်ရာအပြင်းအထန်ရရှိကြောင်း ကူညီဆောင်ရွက်ပေးသည့်ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ ထားဝယ်ဘက်သို့ လာသည့် မော်တော်ဆိုင်ကယ်နှင့် ထားဝယ်ဘက်မှ ပုလောဘက်သို့သွားသည့် ပရိုဘောက်ကားတို့ ကျွဲဇပ်ရွာ လမ်းကွေ့တွင် ဖေဖော်ဝါရီလ ၅ ရက် ညနေ ၃ နာရီခန့်က တိုက်မိခြင်းဖြစ်ကြောင်းမျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။ “လမ်းကွေ့မှာ (ဆိုင်ကယ်) သူက အရှိန်ပြင်းပြင်းနဲ့ ဆယ်ဘီးကားကို ကျော်တယ်၊ ဆယ်ဘီးကားကလည်း အရှိန်ပြင်းတော့ သူမကျော်နိုင်ဘူး။ အဲဒီမှာ ရှေ့ကလာတဲ့ ပရိုဘောက်ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်ရော၊ ဆိုင်ကယ်ဆိုရင် ကျိုးကြေသွားတာ” ဟု၎င်းက ပြောဆိုသည်။ ပြင်းဖြူကြီးရွာသား ဆိုင်ကယ်မောင်းသူ အသက်၂၆နှစ်အရွယ် မောင်စောသည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိပြီး ထားဝယ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း ပြင်ဖြူကြီးရွာခံ […]

မွန်တွင် ယောက်မဖြစ်သူ ရိုက်ရာမှ ခြောက်နှစ်အရွယ်ကလေးငယ်သေဆုံး

Dawei Watch

February 6, 2025

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ယောက်မဖြစ်သူ ရိုက်နှက်ရာမှ ခြောက်နှစ်အရွယ်မိန်းကလေးငယ် သေဆုံးကြောင်း ရုပ်အလောင်းကို ကူညီပို့ဆောင်ပေးခဲ့သည့် စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) နှင့် မြို့ခံအချို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့နယ်၊ ဟံသာ၀တီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဖေဖော်ဝါရီလ ၅ရက် ညနေပိုင်းက သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။ သေဆုံးသူ မိန်းကလေးငယ်မှာ မိဘများအိမ်ထောင်ရေး အဆင်မပြေမှုကြောင့် အဘွားဖြစ်သူ၏ နေအိမ်၌ နေထိုင်ကြောင်း အထက်ပါအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ညိုမဲစွဲဒဏ်ရာများတွေ့ရကြောင်း ၎င်းက ဆိုသည်။ “ကလေးမိဘတွေလည်းကွဲနေတယ်။ ကလေးက အဘွားနဲ့နေတယ်။ သူအိမ်မှာနေတဲ့ အမျိုးသမီး (ယောက်မ) ကပဲ တံမြက်စည်းနဲ့ ရိုက်တယ်လို့သိရတယ်။ (ကလေး) ကျောနဲ့ ရင်ဘက်မှာ ညိုမဲနေတာတွေ့ရတယ်” ဟု အထက်ပါ အသင်းဝင်က ပြောဆိုသည်။ […]

ဂါဇာမှ ပါလက်စတိုင်းများ ထွက်သွားရေးအတွက် အစ္စရေးစစ်တပ် အသင့်ပြင်

Dawei Watch

February 6, 2025

ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းအမြောက်အများ ထွက်ခွာသွားမည့် အစီအစဉ်အတွက် ပြင်ဆင်ထားရန် စစ်တပ်ကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ယနေ့ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။ ယင်းအစီအစဉ်တွင် ပါလက်စတိုင်းများအဖို့ ဂါဇာကမ်းမြောင်ဒေသမှ ကုန်းကြောင်းခရီးဖြင့် ထွက်ခွာနိုင်မည့် နည်းလမ်းများ၊ ရေကြောင်း၊ လေကြောင်းခရီးမှတစ်ဆင့် ထွက်ခွာနိုင်မည့် အထူးအစီအစဉ်များ ပါဝင်သည်ဟု ၎င်းကဆိုသည်။ ပါလက်စတိုင်းများ ဂါဇာမှ ထွက်ခွာပြီး ကမ္ဘာပေါ်ရှိ နေရာပေါင်းစုံတွင် ရွှေ့ပြောင်းနေထိုင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရဲတင်းသည့် အဆိုပြုချက်ကို ထောက်ခံကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ ပါလက်စတိုင်းများအနေဖြင့် ဂါဇာသို့ တစ်နေ့ ပြန်လာနိုင်ခွင့် ရှိမရှိနှင့် ပတ်သက်၍ ၎င်းက တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။ ပါလက်စတိုင်းများ ထွက်ခွာပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရေး လုပ်သွားမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က […]

ထားဝယ်မြို့က မင်္ဂလာဆောင်သို့လာသည့် လူငယ်အမျိုးသမီးသုံးဦးဖမ်းဆီးခံရ

Dawei Watch

February 6, 2025

ထားဝယ်မြို့ပေါ်က မင်္ဂလာဆောင်သို့လာသည့် သရက်ချောင်းမြို့နယ် ရန်တောင်ရွာသူ လူငယ်အမျိုးသမီးသုံးဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် အလှသစ်စင်တာ အပြင်ဘက်သို့ ကြိုတင်ရှိနေပြီး အမျိုးသမီးသုံးဦး ဈေးဝင်ဝယ်စဉ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရန်တောင်ရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။ “မင်္ဂလာပွဲကပြန်လာပြီး အလှသစ်စင်တာမှာ ဈေးဝင်ဝယ်တာတဲ့၊ ဈေးဝယ်တုန်းမှာပဲ ဖမ်းခံရတာလို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ဖမ်းဆီးခံရသူတို့မှာ အသက် ၂၀ ဝန်းကျင်အရွယ် မမီးအိ၊ မဇင်မာစိုး၊ မဖြူစင်စိုးတို့ဖြစ်ပြီး ကြိုတင်သတင်းရပြီး ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ထားဝယ်မြို့ခံအချို့နှင့် ရန်တောင်ရွာက ဒေသခံအချို့က ပြောသည်။ ဖမ်းဆီးခံရသူ လူငယ်အမျိုးသမီးသုံးဦးကို ထားဝယ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး ပြန်လွတ် မလွတ်ဆိုသည်ကိုမူ မသိရသေးဟု ဒေသခံအချို့က ဆိုသည်။ ၎င်းတို့သုံးဦးစီးလာသည့် […]

တိုက်ပွဲကြောင့် ငါးဖမ်သူနည်းလာသဖြင့် ငါးနီတူ စျေးတက်

Dawei Watch

February 6, 2025

ထားဝယ်ဒေသတွင် ယခုနှစ် ရေကြည်ငါး (ခေါ်) ငါးနီတူ အခြောက် စျေးတက်ကြောင်း ထားဝယ် ရေကြည်ငါးစျေးကွက်အတွင်းက သိရသည်။ ထားဝယ်မြို့ ရေကြည်ငါးလက်ကားစျေးတွင် တစ်ပိဿာလျှင် ယမန်နှစ်က ၁၂,၀၀၀ ကျပ်သာ စျေးအများဆုံးရှိခဲ့ပြီး ယခုလက်ရှိတွင် ၁၇,၀၀၀ကျပ် စျေးရှိကြောင်း စျေးကွက်အတွင်းက သိရသည်။ “အမှန်က ဒီအချိန်စျေးတက်လို့(လေ့) မရဘူး။ စပေါ်ကတည်းက ဒီစျေးပဲ။ မိုးတွင်းဆို နှစ်သောင်းကျော် သွားနိုင်တယ်” ဟု ထားဝယ်မြို့ရှိ ရေကြည်ငါးကုန်သည်တစ်ဦးက ပြောသည်။ ရေကြည်ငါးလှိုင်လှိုင်ထွက်သည့် လောင်းလုံးမြို့နယ် ညောပြင်နှင့် စမ်းလှမ်းရွာများတွင် ယခုနှစ်အတွင်း တိုက်ပွဲများနှင့် စစ်ကြောင်း မကြာခဏ ထိုးမှုများကြောင့် ရေကြည်ငါးဖမ်းသူ ယခင်နှစ်များထက် နည်းလာကြောင်း ၎င်းက ဆိုသည်။ “ညောပြင်မှာဆို မနှစ်က (ငါးရှာသူ) ငါးယောက် လောက်ရှိတယ်။ အခု နှစ်ယောက်ပဲရှိပြီ။ […]

မဲဆောက်တွင် ကုန်ကားပေါ်ရှိ ပြောင်းဆန်များအတွင်း ပုန်း၍လိုက်ပါလာသော မြန်မာ ၈ ဦး ဖမ်းခံရ

Dawei Watch

February 6, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် ကုန်တင်ကားပေါ်ရှိ ပြောင်းဆန်(ပြောင်းဖူးစေ့)များအတွင်း ပုန်း၍လိုက်ပါလာသော မြန်မာနိုင်ငံသား ၈ ဦးကို ယနေ့ နံနက် ၁ နာရီအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မဲဆောက်မြို့ မယ်ပဒေသတွင် ကုန်တင်ကားတစ်စီးကို နယ်ခြားစောင့်တပ်က စစ်ဆေးရာတွင် ကားနောက်ခန်းတွင် ပြောင်းဆန်များကို တာလပတ်ဖြင့် ဖုံးထားကြောင်း၊ တာလပတ်ကို လှန်လိုက်ရာတွင် ပြောင်းဆန်များအောက်တွင် မြန်မာအမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး ပုန်း၍ လိုက်လာသည်ကို တွေ့ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။ ဖမ်းမိသူများကို စစ်ဆေးရာ နေထိုင်ခွင့် စာရွက်စာတမ်းများ မရှိကြောင်း‌‌၊ ဘန်ကောက်အနီး စမွတ်ပရကန်ခရိုင်တွင် အလုပ်လုပ်ကိုင်ရန် လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်ဟု သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသားများနှင့်အတူ ကားသမားကိုလည်း ဖမ်းဆီးခဲ့ပြီး မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ဟုဆိုသည်။ လက်ရှိတွင် […]

မြိတ်-တနင်္သာလမ်းပိုင်း ရက်ရှည်ပိတ်နေသဖြင့် ဘုတ်ပြင်းတွင် ဆန်အပါအဝင် ကုန်ပစ္စည်းဈေးတက်

Dawei Watch

February 6, 2025

တိုက်ပွဲဖြစ်ပွားနေသည့် မြိတ်- တနင်္သာရီလမ်းပိုင်းကို ရက်ရှည်ပိတ်ထားသည့်အတွက် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာ အများစုတွင် ဆန်အပါအဝင် စားသောက်ကုန်နှင့် ကုန်ပစ္စည်းများ ဈေးတက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဆိုပြီး မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို NUG ၏ တောင်ပိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) က ဇန်နဝါရီလ ၂၃ရက်မှစတင်ကာ ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့သည်။ ထိုကဲ့သို့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် ဆန်နှင့် စားသောက်ကုန်များကို မြိတ်မြို့မှ ဘုတ်ပြင်းမြို့နယ်ဘက်သို့ ရေကြောင်းမှတစ်ဆင့် သယ်ယူပို့ဆောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ ဘုတ်ပြင်းမြို့သို့ ရောက်ချိန်တွင်လည်း ရောင်းချမည့် ကျေးရွာများအထိ ကားဖြင့်တစ်ဆင့်ခံ ပြန်သယ်နေရသဖြင့် သယ်ယူ ပို့ဆောင်စရိတ် မြင့်မားရာ ကုန်ဈေးနှုန်းလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း မနိုးရုံးကျေးရွာအုပ်စုရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ရေတစ်တန် ကုန်းတစ်တန်ဆိုတော့ သယ်ယူစရိတ်တွေ များတယ်။ […]