ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေး၊ ကျောင်းရွာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

April 1, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ကျောင်းရွာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၀ နှစ်အရွယ် ဦးအေးမောင်သည် ယနေ့ နံနက် ၈ နာရီခန့်က ရွာရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်က ဒီမနက်မှာ ပစ်သတ်ခံရတယ်။ သူက လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့အချိန်မှာ ဟိုက လာပစ်သွားတယ်။ သုံး၊ လေးချက် ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးအေးမောင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးအေးမောင်သည် ခမရ-၅၉၁ တပ်ရင်း လက်အောက်ခံ ပြည်သူစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောင်းရွာနယ်မြေတစ်ခွင်က […]

မန္တလေး၊ ကွန်ဒိုပြိုကျမှုတွင် ၅ ရက်ကြာ ပိတ်မိနေသော ကြောင်လေးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်

Dawei Watch

April 1, 2025

မန္တလေးတွင် Sky Villa ကွန်ဒိုပြိုကျမှုတွင် အပျက်အစီးများအောက် ငါးရက်ကြာ ပိတ်မိနေသော ကြောင်လေးတစ်ကောင်ကို ယနေ့ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ကြောင်လေးကို အသက်ရှင်လျက် ကယ်တင်လာပုံကို အနီးရှိ အမျိုးသမီးတစ်ဦးက ဗီဒီယိုမှတ်တမ်းရယူပြီး Facebook စာမျက်နှာပေါ်တွင် မျှဝေပေးခဲ့ခြင်းဖြစ်သည်။ “အသက်မသေပဲ ပြန်ထွက်လာသော ကြောင်ကလေးပါရှင်။ ကံကြီးပါတယ်။ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲပဲ” ဟု မြင်တွေ့ရသူ မမေစန္ဒာမြင့်က ဆိုသည်။ လက်ရှိတွင် ကြောင်လေးကဲ့သို့ မိသားစုဝင်များလည်း အပျက်အစီးများအောက် ပိတ်မိနေဆဲဖြစ်သဖြင့် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကြစေရန် ဆုတောင်းကြောင်း စာမျက်နှာတွင် ရေးသားထားသည်။

နေပြည်တော်တွင် ယနေ့ ငလျင်ထပ်လှုပ်

Dawei Watch

April 1, 2025

ယနေ့ ဧပြီလ ၁ ရက် မွန်းတည့် ၁ နာရီနှင့် ၁၂ မိနစ်တွင် နေပြည်တော်တွင် အင်းအားအနည်းငယ်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းငလျင်သည် ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိပြီး အင်အားအနည်းငယ် ရှိကြောင်း ဆိုသည်။ မတ်လ ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သည့် ရစ်(ခ်)တာစကေး ၇ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များ ယနေ့အချိန်အထိ လှုပ်ခတ်နေဆဲဖြစ်သည်။ မတ်လ ၂၈ ရက်မှ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အထိ နောက်ဆက်တွဲငလျင် ၅၂ ကြိမ် […]

စစ်ကိုင်းမြို့တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့ ရှာဖွေနေပြီ၊ ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့များလည်းရောက်

Dawei Watch

April 1, 2025

ငလျင်ဗဟိုချက်ဖြစ်ကာ အပျက်အစီးအလွန်များသည့် စစ်ကိုင်းမြို့တွင် တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ရောက်ရှိ ရှာဖွေနေပြီး ပြည်တွင်း ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိရှာဖွေနေကြပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်သူများထံမှ သိရသည်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့မှာ မတ်လ ၃၁ ရက်တွင် ရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ စစ်ကိုင်းမြို့တွင် မလေးရှားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့လည်း ရောက်ရှိနေသည်။ “ဒီမှာ ကျွန်တော်တွေ့ရတာတော့ မလေးရှားအဖွဲ့ ဝင်တယ် ။ တရုတ်အဖွဲ့ ဒီမှာ မနေ့က တစ်နေကုန်နီးပါးလောက် ရှာဖွေတယ်။ သူတို့ကတော့ စက်တွေဘာတွေနဲ့ နှိုက်ပြီးရှာကြည့်တယ်” ဟု စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်နေသည့် မုံရွာအခြေစိုက် သုခဟိတပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအပြင် ပြည်တွင်းက ကူညီရေးအဖွဲ့များလည်း ရောက်ရှိလာကြောင်း ၎င်းက ဆိုသည်။ “ကူညီရေးအသင်းတွေကတော့ မြို့နယ်ပေါင်းစုံက […]

မြိတ် လူမှုကယ်ဆယ်ရေးပူးပေါင်းအဖွဲ့ ငလျင်ဘေးကူညီရန် မန္တလေးသို့ ယနေ့ထွက်ခွာ

Dawei Watch

April 1, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့သည် ယနေ့ (ဧပြီ ၁) နံနက် ၅ နာရီခန့်မှစ၍ ငလျင်ဘေး ကူညီရန် မန္တလေးမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း အထက်ပါပူးပေါင်းအဖွဲ့ထံမှ သိရသည်။ မြိတ်ခရိုင် လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ကို မြိတ်ခရိုင်ရှိ ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)၊ မာဃလုလင်လူမှုကူညီရေးအသင်း၊ ရှင်သန်ခြင်းပရဟိတအသင်း၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း တို့ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူကိုစိုးကိုက ပြောသည်။ “ကိုယ်နိုင်ငံသားတွေ ခံစားနေရတာ လူမှုကွန်ရက်မှာတွေ့ ပြီး မခံစားနိုင်လို့ပါ။ အဲဒါကြောင့် ကျွန်တော်တို့ နိုင်တဲ့အားနဲ့ စုဖွဲ့ ပြီး သွားရောက်ကူညီတာပါ”ဟု ၎င်းကပြောသည်။ မြိတ်ခရိုင်လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွင် အဖွဲ့ ဝင် ၁၄ ဦး ခန့်ပါဝင်ပြီး ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေးမြို့ သို့ သွားရောက်ကာ ညီနောင်ပရဟိတအသင်းများ၊ မြန်မာနိုင်ငံ […]

မြိတ် တုံးဗျောရွာတွင် စစ်ကောင်စီရိက္ခာယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

April 1, 2025

တနင်္သာရီမြို့ဘက်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်းကို မြိတ်မြို့နယ် တုံးဗျောရွာတွင် မတ်လ ၃၁ ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၇ စီးပါ ယာဉ်တန်းကို ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်တွင် တုံးဗျောကျေးရွာအုပ်စု လသာရွာအနီး၌ မြိတ်ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ မြိတ်မြို့မှ တနင်္သာရီဘက်လာသည့် စစ်ကောင်စီတပ် ရိက္ခာကား ၇ စီးကို ဆွဲမိုင်း ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောသည်။ အဆိုပါစစ်ကောင်စီယာဥ်တန်းသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကား ၅ စီးသာ တနင်္သာရီဘက်သို့ ဆက်လက် မောင်းနှင်သွားပြီး နှစ်စီးမှာ မိုင်းဆွဲခံရသည့် […]

ပုလောမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

April 1, 2025

ပုလောမြို့ အမှတ် ၄ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ အသက် ၆၀ ကျော်အရွယ် ဦးခင်မောင်ဝင်းသည် အမှတ် ၄ ရပ်ကွက် ရွှေဟင်္သာလမ်းရှိ နေအိမ်တွင်ရှိနေချိန် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းမြို့ခံကပြောသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် KNDO တပ်ရင်း ၇ တို့ပူးပေါင်းပြီး ဦးခင်မောင်ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ယနေ့ (ဧပြီ ၁) တွင် ထုတ်ပြန်သည်။ စစ်ကောင်စီက ပြဌာန်းထားသည့် အဓမ္မစစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပြီးနောက် အဆိုပါအုပ်ချုပ်ရေးမှူးသည် လူငယ်များကို ဖိအားပေးပြီး စစ်မှုထမ်းဆောင်ရန်စေခိုင်းခြင်း၊ […]

စစ်ကောင်စီက ကုန်စည်သယ်ခွင့် ပိတ်ထား၍ တနင်္သာရီက ရွာသုံးရွာတွင် ကွမ်းသီးခြောက်စျေးကျ

Dawei Watch

April 1, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ပဝရွာ၊ လယ်သစ်ရွာနှင့် သရဖုံရွာများကို စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ထားသဖြင့် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ဒေသခံနှင့်ကွမ်းသီးရောင်းဝယ်သူများ ထံမှသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစကာ ပဝရွာ၊လယ်သစ်ရွာနှင့်သရဖုံရွာသို့ သွားရာလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့် ကန့်သတ်ထားရာ မြိတ်မြို့သို့ ကွမ်းသီးခြောက်တင်ပို့ခွင့်မရသဖြင့် စျေးကျလာကြောင်း ဒေသခံများက ပြောသည်။ ကားလမ်းမပိတ်မီက ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဈေးရှိသော်လည်း လက်ရှိအချိန်တွင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာ ဈေးရှိတော့ကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ထိုသို့ဈေးကျနေသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည့်အခြေအနေများကြောင့် သိုလှောင်မထားတော့ဘဲ ရသည့်ဈေးဖြင့် ထုတ်ရောင်းနေရကြောင်း ၎င်းကပြောသည်။ “အရင်ကလို သိုမထားတော့ဘူး။ ဘယ်အချိန်ဘာနဲ့ ကြုံမယ်မှန်းမသိဘဲ တစ်နေ့ တစ်မျိုးစျေးပြောင်းနေတယ်လေ။ စျေးကျလည်း ရတဲ့စျေးနဲ့ပဲ ရောင်းနေရတယ်” […]