ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း-မြန်မာနယ်စပ် မောတောင်တောမီး လေးရက်ဆက်လောင်၊ ငြှိမ်းသတ်သူမရှိသေး

Dawei Watch

April 1, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မောတောင်မြို့အနီး တောမီးလောင်ကျွမ်းနေသည်မှာ လေးရက်မြောက်ရှိလာပြီဖြစ်ပြီး ငြှိမ်းသတ်သူမရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၂၈ ရက် ညက မောတောင်မြို့၊ စစ်ကောင်စီတပ်အနီးရှိ ဝါးတောမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မနေ့ (မတ် ၃၁) ညအထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း အသက် ၂၂ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်ရင်းရှိသည့်ဘက်ခြမ်းတွင် လောင်နေသည့်တောမီးကိုသာ မီးသတ်သမားများက ငြှိမ်းသတ်ကြသော်လည်း အခြားတစ်ဖက်တွင်မူ ငြှိမ်းသတ်ခြင်းမရှိကြောင်း ၎င်းကပြောသည်။ ဒေသခံများကလည်း ဥယျာဥ်ခြံနှင့်နေအိမ်များ မီးလောင်နိုင်သည့် အနေအထားရှိမှသာ မီးလမ်းဖြတ်ခြင်း၊ လိုက်လံငြှိမ်းသတ်ခြင်းများရှိကြောင်း၊ လတ်တလော ငြှိမ်းသတ်သူမရှိသေးကြောင်း အသက် ၄၃ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မီးလောင်နေတာက မီးလုံးကြီးတယ်။ ငြှိမ်းသတ်နိုင်မယ့် အခြေအနေ ကျွန်မတို့မှာမရှိဘူး။ ဒီရာသီအမြဲတမ်း မီးလောင်နေတော့ ရွာသားတွေကလည်း အေးဆေးပဲနေကြကုန်ပြီ”ဟု အထက်ပါအမျိုးသမီးက […]

မန္တလေးမစိုးရိမ် တိုက်သစ်တွင် ယနေနံနက်ပိုင်းက ရဟန်းနှစ်ပါး၏ အလောင်းထပ်တွေ့

Dawei Watch

April 1, 2025

ငလျင်ကြောင့် ပြိုကျသွားသည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တွင် ယနေ့နံနက်ပိုင်း၌ ရဟန်းနှစ်ပါး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့သည်ဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှသိရသည်။ အဆိုပါ ရဟန်နှစ်ပါးမှာ အပျက်အစီးများ အောက်တွင်ပိတ်မိနေသည့် အတွက် ယနေ့ နံနက်ပိုင်းအထိ အလောင်းမထုတ်ယူနိုင်သေးကြောင်း ကယ်ဆယ်ရေးအဖွဲ့တွင်ပါဝင်သူ တစ်ဦးကပြောသည်။ “ဘော်ဒီတော့စတွေ့ ထားပါပြီ ထုတ်ယူဖို့ ကြိုးစားနေကြတယ် ဘော်ဒီတွေ့တဲ့နေရာ တစ်ဝိုက်ကို ကနဦးအပေါက်တွေ ဖောက်ထားပါတယ်” ဟု ၎င်းကပြောသည်။ မန္တလေးမစိုးရိမ်တိုက်သစ်တွင် ငလျင်ဒဏ်ကြောင့် ပျံလွန်တော်မူသည့် သံဃာစာရင်းမှာ ၂၁ ပါး ရှိပြီး ဒဏ်ရာရ ရဟန်း ၄၅ ပါးရှိကြောင်း သိရသည်။ အထက်ပါ သံဃာတော်စာရင်းမှာ မတ်လ ၃၁ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်မှ ထုတ်ပြန်ထားသောစာရင်းဖြစ်သည်။ ယနေ့ ဆောင်ရွက်နေသည့် မန္တလေး၊ မစိုးရိမ်တိုက်သစ် ကယ်ဆယ်ရေးတွင် အိန္ဒိယ၊တရုတ်၊မြန်မာနိုင်ငံ […]

ထားဝယ်စီးပွားရေးဇုန်ဒေသတွင် ကင်းထောက်လေယာဉ် နေ့စဉ်ပျံနေ၍ ဒေသခံများစိုးရိမ်

Dawei Watch

April 1, 2025

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် စစ်ကာင်စီနှင့် ရှရှားတို့ သဘောတူညီမှုရရှိပြီးနောက် မတ်လနှောင်းပိုင်းကစ၍ ယင်းဒေသဝေဟင်တွင် စစ်ကောင်စီက ကင်းထောက်လေယာဉ်ဖြင့် နေစဉ်စောင့်ကြည်နေ၍ ဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်သည် မတ်လ ၃၀ ရက် နေ့တွင်နှစ်ကြိမ် ၃၁ ရက်နေ့တွင် တစ်ကြိမ် နဘုလယ်ဒေသ၏ ဝေဟင်တွင်ပျံဝဲလျက်ရှိခြင်းကြောင့် ဗုံကြဲခံရမည်ကို ဒေသခံများက စိုးရမ်နေကြခြင်းဖြစ်သည်။ “ပထမစစ်ကြောင်း(ထိုးတာ)ကြောင့် ထွက်ပြေးရပြီး အိမ်ပြန်လာတာသိပ်မကြာသေးဘူး။ ခုတစ်ခါလေယာဉ်တွေနေ့ တိုင်းဝဲပြီး စစ်ကြောင်းတစ်ခါထိုးလာဖို့ ပြင်နေပြန်ပြီ။ ပြေးတော့ မပြေးသေးဘူး သတိထားပြီးတော့ အခြေအနေစောင့် ကြည့်နေတယ်”ဟု နဘုလယ်ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။ မတ်လ ၁၃ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီက အင်အား ၁၀၀ ခန့် ဖြည့်တင်းထားပြီးနောက် မတ်လ ၃၁ ရက် နေ့ကစပြီး ရေဖြူမြို့ […]

ဘုရားပွဲများ ဆူညံစွာမကျင်းပရန်နှင့် ငလျင်ဒဏ်သင့်သူများကို အကူအညီပေးကြရန် ဟိန္ဒူအသိုင်းအဝိုင်း မေတ္တာရပ်ခံ

Dawei Watch

April 1, 2025

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် သေဆုံးပျက်စီးမှုများ အလွန်များပြားခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလတွင် ဟိန္ဒူဘာသာဝင်များ အနေဖြင့် ဟိန္ဒူဘုရားပွဲ များကို ဆူညံစွာမကျင်းပကြရန်နှင့် ငလျင်ဒဏ်သင့်သူများအား အကူအညီပေးကြရန် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က မေတ္တာရပ်ခံထားသည် ။ ဘုရားပွဲများတွင် တီးမှုတ်ခြင်းများ၊ အသံချဲ့စက် ကျယ်လောင်စွာဖွင့်ခြင်းများ ပြုလုပ်ခြင်းမှာ တစ်နိုင်ငံလုံး ငလျင်ဘေးဒဏ်ကြောင့် ပူဆွေးသောကရောက်နေချိန် အများပြည်သူအား စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့်အတွက် အကျဥ်းရုံး၍ ဆိတ်ငြိမ်စွာကျင်းပကြရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ကကဆိုသည် ။ ယခုပွင့်လင်းရာသီ ကာလတွင် နိုင်ငံအဝှမ်းရှိ ဟိန္ဒူဘုရားကျောင်းများ၌ ဘုရားပွဲများကျင်းပနေသည့် ကာလနှင့် ငလျင်ဒဏ်သင့်ထားသည့် ကာလတိုက်ဆိုင်နေကြောင်း ဟိန္ဒူအသိုင်းအဝိုင်းထံကသိရသည် ။ ငလျင်ဒဏ်သင့်ကာလတွင် ဘုရားပွဲများ ဆူညံစွာဆက်လက်ကျင်းပနေသည့် ဘုရားကျောင်းများလည်း ဆက်ရှိနေကြောင်း ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့ထံ ဆက်သွယ်ပြောဆိုမှုများလည်း ရှိလာသဖြင့် […]

ဘန်ကောက် ပြိုကျအဆောက်အအုံထဲ ပိတ်မိနေသော ကြောင်ကို K9 ခွေးက ကယ်တင်

Dawei Watch

April 1, 2025

ဘန်ကောက်တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံထဲက ကြောင်တစ်ကောင်ကို K9 ခွေးက တွေ့ရှိသဖြင့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြိုကျပြီး ၃ ရက်အကြာ မတ်လ ၃၁ ရက်နေ့တွင် ကြောင်အနက်ကလေးတစ်ကောင်ကို အပျက်အစီးများအောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက ကြောင်ကို အစာများဖြင့် ဆွဲခေါ်၍ လှောင်အိမ်ထဲ ထည့်ကာ ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ တိရိစ္ဆာန်ဆရာဝန်များက ကြောင်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး လမ်းဘေးကြောင်းများ ထားရှိရာ ချင်းမိုင်ရှိ Cat Kingdom သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ လက်ရှိတွင် ပြိုကျအဆောက်အအုံထဲက အလုပ်သမား ၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး‌ သေဆုံးသူ ၁၃ ဦးရှိကာ ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း […]

အမေရိကန်နှင့် ကနေဒါ ဆေးပညာရှင်များ မြန်မာငလျင်ဒဏ်သင့်နေရာတွင် ဆေးရုံလာဖွင့်မည်

Dawei Watch

April 1, 2025

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံက ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များပါသော ဆေးပညာအဖွဲ့များ မြန်မာငလျင်ဘေးသင့်နေသူများကိုကူညီရန် လာရောက်နေပြီး ယာယီဆေးရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ဆေးအဖွဲ့သည် ခရစ်ယာန် Samaritan’s Purse အဖွဲ့ကဖြစ်ကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန်က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဆေးအဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသတွင် ခွဲစိတ်ခန်းနှစ်ခန်းပါသော ယာယီဆေးရုံကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ယာယီဆေးရုံထဲတွင် အရေးပေါ် လူနာဆောင်၊ ဓါတ်ခွဲခန်းနှင့် ဆေးပေးခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆေးဝန်ထမ်းအရေအတွက် ၁၃၀ ဦးရေအထိရှိမည်ဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ကယ်ဆယ်ရေးအဖွဲ့များ၊ နည်းပညာရှင်များနှင့် ရေကျွမ်းကျင်ပညာရှင်များလည်း ပါဝင်မည်ဟု ဆိုသည်။ ဆေးအဖွဲ့သည် မူလထားရှိသော ကနေဒါနိုင်ငံက စတင်ထွက်ခွာလာနေပြီဖြစ်ပြီး နောက်ထပ် ဆေးရုံသုံးပစ္စည်းနှင့် အရေးပေါ်ပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ နောက်ထပ် စောင်၊ […]

ငလျင်ဒဏ်သင့်သူ ရှစ်သန်းခွဲကျော်ရှိကြောင်း NUG ထုတ်ပြန်

Dawei Watch

April 1, 2025

မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်သူ ရှစ်သန်းခွဲကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဧပြီလ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ငလျင်ဘေးဒဏ်သင့်သူ ယနေ့အထိ ရှစ်သန်းခွဲကျော် (၈,၅၆၂,၅၅၅ ဦးခန့်) ရှိပြီး သေဆုံးသူ ၂၄၀၀ နီးပါး (၂,၃၉၅ ဦး) ရှိကြောင်း ဖော်ပြသည်။ စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းအရှေ့မြောက်ဒေသတို့တွင် အဆောက်အအုံများစွာ ပြိုကျပျက်စီးခြင်း၊ မြေထဲကျွံဝင်ခြင်း၊ တံတားများ ကျိုးကျခြင်း၊ လမ်းများ မြေအက်ကွဲကြောင်းကြီးများ စသည်တို့ ဖြစ်ပေါ်ခဲ့သည်။ ယနေ့ ဧပြီလ ၁ ရက်အထိ နောက်ဆက်တွဲငလျင်များ ဆက်လက် […]

အမေရိကန်ကူညီရေးအဖွဲ့များ မြန်မာနိုင်ငံလာပြီဟု ထုတ်ပြန်

Dawei Watch

April 1, 2025

အမေရိကန်ပြည်ထောင်စုက မြန်မာငလျင်ဒဏ်သင့်ဒေသများကို ကူညီရန် ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးထားပြီး ကူညီဆောင်ရွက်ပေးမည့် USAID ပညာရှင်များလည်း မြန်မာနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း အစိုးရက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။ အထူးသဖြင့် အစားအသောက်၊ ဆေးဝါးနှင့် ရေရရှိမှုကို အဓိကကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တန်မီဘရုစ် ကပြောသည်။ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လည်း အမေရိကန်အစိုးရက ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများနှင့်အတူ ဝမ်းနည်းကြောင်း ဆိုသည်။ လက်ရှိတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာပြည်သူများ၏ လိုအပ်ချက်များကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သလို ထပ်မံပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံထဲသို့ ရုရှား၊ တရုတ်နှင့် အခြားအာဆီယံနိုင်ငံတချို့ ဝင်ရောက်ကူညီနေပြီဖြစ်သဖြင့် အမေရိကန်အကူအညီ နှောင့်နှေးနေသည့်အပေါ် မေးခွန်းထုတ်မှု ပိုများလာနေသည်။