ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငလျင်ကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိလာ

Dawei Watch

April 1, 2025

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၂၇၁၉ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၄၅၂၁ ဦးအထိ မြင့်တက်လာကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၁ရက်တွင် ပြောသည်။ ယင်းအပြင် ပျောက်ဆုံးနေသူ ၄၄၁ ဦးရှိနေကြောင်း ၎င်းက ဆိုသည်။ မတ်လ ၃၁ရက်က စစ်ကောင်စီ ထုတ်ပြန်သည့်စာရင်းတွင် သေဆုံးသူ ၂၀၅၆ ဦး၊ ဒဏ်ရာရသူ ၃၉၀၀ ကျော်ရှိခဲ့ရာ တစ်ရက်အတွင်း သေဆုံးသူဦးရေ ခုနစ်ရာနီးပါးနှင့် ဒဏ်ရာရသူ ခြောက်ရာဝန်းကျင် တိုးလာသည်ကို တွေ့ရသည်။ မတ်လ ၂၈ ရက်က ရစ်(ခ်) တာ စကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေပြီး ငလျင် […]

ရမည်းသင်းတွင် ရှေးဟောင်းကျောင်းဆောင် ငလျင်ကြောင့်ပြိုကျမှု ကလေး ၁၃ဦးသေဆုံး

Dawei Watch

April 1, 2025

ငလျင်ကြောင့် အထိနာခဲ့သည့် မန္တလေးတိုင်းအတွင်းရှိ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်တွင် နှစ်တစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်းတိုက်ကျောင်းဆောင် ငလျင်ကြောင့် ပြိုကျရာတွင် ပိမိပြီး ကလေး ၁၃ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါကျောင်းဆောင်တွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းတက်ရန် အသက် ၁၁ နှစ်အထက်အရွယ် ကလေး သုံးဆယ်ဦးခန့် ငလျင် မလှုပ်မီ ကျောင်းဆောင်အတွင်းနှင့် ပတ်ဝန်းကျင်တွင် ရှိနေခဲ့ကြောင်း ဖြစ်စဥ်အားသိရှိသည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။ “ငလျင်ဖြစ်တော့ ကလေး နှစ်ဆယ်လောက်က ပြေးကြတော့ လွတ်ကြတယ်။ ၁၅ ယောက်လောက်က ပိမိသွားတာ။ ရှာဖွေကယ်ဆယ်ရေး ပြန်လုပ်တော့ နှစ်ယောက် ပြန်ကယ်နိုင်တယ်။ တစ်ဆယ့်သုံးယောက်ကတော့ သေသွားတာပေါ့” ဟု ဆရာတော်က ဆက်လက်မိန့်သည်။ အဆိုပါဖြစ်စဉ်တွင် ခေါင်းတစ်ခုသာပေါ်ပြီး ခန္ဓာတစ်ကိုယ်လုံး ကျောင်းဆောင်အပျက်အစီးထဲ နစ်မြှုပ်နေသည့် ကလေးငယ်အား ရွာသားများက […]

ငလျင်းဘေးကူညီရန် ထားဝယ်တွင် ပန်းချီပြပွဲ ပြုလုပ်မည်

Dawei Watch

April 1, 2025

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်သင့်ခဲ့သူများ ပြန်လည်ထူထောင်ရာတွင် ကူညီရန် ထားဝယ်မြို့တွင် ပန်းချီပြပွဲတစ်ခုပြုလုပ်သွားမည်ဟု ပြပွဲစီစဥ်သူများထံမှသိရသည် ။ ယင်းပန်းချီပြပွဲကို ဧပြီလ ၁၈ ရက်မှ ၂၅ ရက်အထိ ထားဝယ်မြို့ ၊ ကမ်းနားလမ်း ၊ ယဥ်ကျေးမှုပြတိုက်ကျောဘက်ရှိ လှိုင်းခတ်သံ ပြခန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စီစဥ်သူများကဆိုသည် ။ ပြပွဲတွင် ပြသမည့် ပန်းချီကားများကို ရောင်းချရရှိငွေများကို ငလျင်ဘေးသင့်သူများထံ ကူညီသွားမည်ဖြစ်ကြောင်း ပြပွဲစီစဥ်သည့် ပန်းချီဆရာတစ်ဦးကပြောသည် ။ “အခုက ပြပွဲအတွက် လာပြပြီး လှူချင်တဲ့ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို စလက်ခံနေပါပြီ ။ ပြပွဲကရောင်းရတဲ့ ပန်းချီကားတွေမှာ တစ်ရာ ရာခိုင်နှုန်းလှူမယ့်ဆရာတွေလည်းရှိသလို ၊ တစ်ဝက်လှူမယ့်ဆရာတွေလည်းရှိတယ်။ ရောင်းရတဲ့အထဲက ပြန်လှူကြမှာပါ ” ဟု ၎င်းက […]

ADB က မြန်မာငလျင်အတွက် ဒေါ်လာ ၃ သန်း လှူဒါန်းမည်

Dawei Watch

April 1, 2025

အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) က မြန်မာငလျင်ဒဏ်သင့် ပြည်သူများအား ဒေါ်လာ ၃ သန်း ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။ လှူဒါန်းငွေကို အာရှပစိဖိတ် ဘေးအန္တရာယ်တုံ့ပြန်ရေးရန်ပုံငွေ(APDRF) အောက်က ပေးအပ်ခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ချက်ချင်းပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အခြေအနေနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေးတွင် လှူဒါန်းငွေများကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးထောက်ပံ့မှုနှင့် အမိုးအကာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နောက်ထပ် အကူအညီများ ထပ်မံလိုအပ်လာပါကလည်း အာရှဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအောက်က ထပ်မံပေးအပ်သွားရန် စီစဉ်ထားကြောင်း ADB ၏ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာချုပ် Winfried Wicklein ကပြောသည်။

တရုတ်က ထိုင်ဝမ်ကို ဝိုင်းပတ်ကာ စစ်ရေးလေ့ကျင့်၊ အမေရိကန်ကို သွေးတိုးစမ်း

Dawei Watch

April 1, 2025

ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ကာ တရုတ်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များ စုဖွဲ့ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) က ယနေ့ အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ တရုတ်တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ရေးဖော်ဆောင်မှုစွမ်းရည်ကို စမ်းသပ်ရန် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်စစ်တပ်က ဆိုသည်။ ပင်လယ်ပြင်အတွင်း တိုက်ခိုက်ချေမှုန်းရေးနှင့် မြေပြင်ပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရေး ၊ အဓိကစစ်ရေးပစ်မှတ်ဧရိယာများနှင့်ပင်လယ်ပြင်ရေလမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ရေးတို့ကို လေ့ကျင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများအတွက် တင်းတင်းမာမာ သတိပေးချက်တစ်ခုဖြစ်သည်ဟု တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရားမျှတမှုရှိပြီး လုပ်ကိုလုပ်ရမည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth […]

နေအိမ်ရှိပစ္စည်းများကို PDF သိမ်းယူဟု သရက်ချောင်းမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆို

Dawei Watch

April 1, 2025

ထွက်ပြေးတိမ်းရှောင်နေရသဖြင့် နေအိမ်တွင်လူမရှိချိန်တွင် အိမ်ရှိပစ္စည်းများကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)-T5 တပ်ဖွဲ့ဝင်များက ယူဆောင်နေသည်ဟု သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညွန့်ကြည်ကဆိုသည်။ အသက် ၅၈ နှစ်ခန့်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးညွန့်ကြည်မှာ ယခင် ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်က အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ယခုအာဏာသိမ်းပြီးချိန်တွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ခန့်ထားခဲ့သူဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက် ကနက်သီရိရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ဦးညွန့်ကြည်တို့မိသားစုမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့သည်ဟု ကာယကံရှင်၏ ပြောဆိုချက်အရသိရသည်။ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း-T5 က တပ်ဖွဲ့ဝင်များမှာ ၂၀၂၄ ဒီဇင်ဘာလကုန်ပိုင်းကစကာ ၎င်း၏နေအိမ်တွင် ဝင်ရောက်နေထိုင်ပြီး နေအိမ်တွင်းက စပါးတင်း ၂၀၀ ခန့်ကို ယူဆောင်သွားကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလထဲတွင် […]

ငလျင်ဘေးသင့်ပြည်သူများကို အကူအညီပေးကြရန် မွန်တော်လှန်ရေးအဖွဲ့ တိုက်တွန်း

Dawei Watch

April 1, 2025

ငလျင်ဘေးသင့်ပြည်သူများကို အကူအညီများပေးကြရန် မွန်ပြည်သူလူထုကို မွန်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့က တိုက်တွန်းနှိုးဆော်လိုက်သည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အပါအဝင် နေရာခြောက်ခုထက်မနည်းက ပြည်သူများ ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။ NMSP-AD အနေဖြင့် ငလျင်ဒဏ်ခံစားနေရသည့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးအပါအဝင် ပြည်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီသွားမည်ဖြစ်ပြီး မွန်ပြည်သူများအနေဖြင့်လည်း ငလျင်ဒဏ်သင့် ပြည်သူများကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားသည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကလည်း ငလျင်ဘေးသင့် ပြည်သူများထံ အကူအညီများ တိုက်ရိုက်ရောက်ရှိ‌နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ “ပြည်သူတွေအတွက် အကူအညီတွေကို စစ်ကောင်စီလက်ထဲ မရောက်ရှိဖို့ အထူးအရေးကြီးပါတယ်။ […]

ငလျင်ကြောင့် မန္တလေးအိုးဘိုထောင် ပြိုကျမှု သေဆုံးသူ ၁၂ ဦး အထိရှိ

Dawei Watch

April 1, 2025

ငလျင်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်ပြိုကျမှုတွင် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၁၁ ဦးခန့် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ထုတ်ပြန်သည်။ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင်၊ အလုပ်ရုံနှင့် အမျိုးသမီးအဆောင် ၁၊ ၂ တို့ ငလျင်ကြောင့် ပြိုကျခဲ့ကြောင်း သိရသည်။ ယင်းအဆောင်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ ကျား၊ မ မခွဲခြားနိုင်သေးသူ တစ်ဦး စုစုပေါင်းလေးဦးသေဆုံးခဲ့သည်ကို အတည်ပြုထားနိုင်ပြီး ကျန်သေးဆုံးသူ ၈ ဦး၏ အချက်အလက်များကိုမူ အတည်ပြုနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဒဏ်ရာရသူများမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၁ ဦးရှိကြောင်း၊ ယင်းသေဆုံးသူများထဲတွင် အကျဉ်းသား၊ ထောင်ဝန်ထမ်း စသည်ဖြင့် ခွဲခြားနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။ မန္တလေးအိုးဘိုအကျဉ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား […]