ဩစတြေးလျက မြန်မာကို ဒေါ်လာ ၇ သန်း ထပ်မံကူညီ၊ စစ်ကောင်စီ လုပ်ရပ်ကိုရှုတ်ချ
Dawei Watch
April 2, 2025ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမည် ဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဧပြီ ၂)တွင် ထုတ်ပြန်လိုက်သည်။ ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ဩစတြေးလျအစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) မှတစ်ဆင့် ကနဦးအကူအညီ အမေရိကန်ဒေါ်လာ ၂ သန်း ကူညီပေးထားပြီး ဖြစ်သည်။ ယခုထပ်မံပေးသွားမည့် အကူအညီတွင် အစားအစာ၊ ရေ၊ အရေးပေါ်ကျန်းမာရေးနှင့် ပညာရေးအတွက် အကူအညီများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ထပ်ဆောင်းအကူအညီအတွက် သြစတြေးလျအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ဒေသတွင်း မိတ်ဘက်အဖွဲ့အစည်းများမှတစ်ဆင့် ဒေါ်လာ ၃ သန်းခွဲ ပေးအပ်သွားမည် ဖြစ်သည်။ အရေးပေါ်ကူညီကယ်ဆယ်ရေး မိတ်ဘက်အဖွဲ့အစည်းများအတွက် ဒေါ်လာ ၅ သိန်း ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း […]


