ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန့်ကွက်နေသော်လည်း BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်

Dawei Watch

April 3, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်ရက်ကြာ ကျင်းပမည့် BIMSTEC အစည်းအဝေးကို အာဆီယံ လွှတ်တော်များအဖွဲ့နှင့် အရပ်ဘက်အဖွဲ့များက ဝေဖန်နေသည့်ကြားက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအား တက်ရောက်ခွင့်ပြုခဲ့သည်။ ဆွေးနွေးပွဲတွင် ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အတွက် ဦးသန်းဆွေအပါအဝင် အဖွဲ့ဝင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်ရေးထိုးနေသော ပုံများကိုလည်း နိုင်ငံတကာသတင်းဌာနများတွင် တွေ့မြင်ရသည်။ ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟု လူသိများသော ခြောက်ကြိမ်မြောက် BIMSTEC အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင့် ဘူတန်နိုင်ငံများက တက်ရောက်လာခြင်းဖြစ်သည်။ BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီကို ပါဝင်တက်ရောက်ခွင့် မပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်များအဖွဲ့ […]

သိန်ခွန်းရွာတိုက်ပွဲတွင် စစ်မှုထမ်းအသစ်များ ပိုအသုံးပြုလာဟုဆို

Dawei Watch

April 3, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် ရက်ရှည်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ ပိုမိုအသုံးပြုလာသည်ကို တွေ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ မျက်မြင်တွေ့သူများထံမှ သိရသည်။ မတ်လ ၂၈ ရက်နေ့တွင် ရေဖြူရွာရှိ စစ်ကောင်စီဗျူဟာကုန်းမှတစ်ဆင့် သိန်ခွန်းရွာဘက်သို့ စစ်ကူသွားသည့် စစ်ကြောင်းတွင် စစ်ကောင်စီ တပ်သားသစ်တစ်ရာကျော်ပါလာသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရသည့် အသက် ၂၇ နှစ်အရွယ် ခရီးသွားအမျိုးသမီးတစ်ဦးက ဆိုသည်။ “အဲနေ့က တက်လာတာ ကားတစ်စီးမှာ အယောက် ၂၀ လောက်ရှိတယ်။ ရုပ်တွေက သန့်သန့်လေးနဲ့ ဆံပင်တွေလည်း သင်တန်းက ခုမှဆင်းထားလားမသိဘူး အရှည်တွေသိပ်မရှိဘူး။ အသက်တွေလည်း ၂၀ ကျော် ၃၀ ကျော်တွေက များကြတယ်”ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ထို့အပြင် ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သားများ၏ ပြောဆိုချက်အရလည်း သိန်ခွန်းရွာတိုက်ပွဲတွင် သင်တန်းဆင်းတပ်သားသစ်များ […]

ငလျင်ဒဏ်သင့် ဒေသများအပါအဝင် နိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးရွာနိုင်

Dawei Watch

April 3, 2025

ငလျင်ဒဏ်သင့်သည့် တိုင်းနှင့် ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံအနှံအပြား အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဧပြီလ ၂ရက်တွင် ထုတ်ပြန်သတိပေးသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသ မှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။ ဧပြီလ ၂ ရက်မှ ၅ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ် မိုးရွာမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။ ငလျင်ဒဏ်ခံရသည့် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တို့အပြင် ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် […]

ထွန်းထွန်းမင်းနှင့် ညီများက ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၄၀၀ အထိရရှိထားဟုဆို

Dawei Watch

April 3, 2025

မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းနှင့် ညီများ အပါအဝင် သရုပ်ဆောင် ခရစ္စတီးနားတို့က ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီရန်အတွက် အလှူငွေများ ကောက်ခံပေးနေရာ ကျပ်သိန်း ၄၀၀ အထိရရှိနေပြီဖြစ်ကြောင်း Tun Tun Min ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထွန်းထွန်းမင်းတို့ ညီအစ်ကိုသည် ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီရန်အတွက် အလှူငွေပမာဏ သိန်း ၄၀၀ ကောက်ခံရရှိထားပြီဖြစ်ပြီး အလှူငွေ ပေးအပ်လှူဒါန်းလိုသူများအနေနှင့် Viber 09778888833 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားသည်။ လက်ရှိတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် လုံးချောလက်ဝှေ့ပရိုမိုးရှင်းကလည်း ငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းပေးလိုက်ပြီဖြစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် အဓိကလိုအပ်သည်မှာ သောက်သုံးရေ ရေသန့်နှင့် စားနပ်ရိက္ခာသာဖြစ်သည်ဟု မန္တလေးတွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့သော ပြင်းအား ရစ်ချ်တာစကေး […]

ငလျင်ဒဏ်သင့်ပြည်သူများကို ကိုယ်တိုင်သွားရောက်လှူဒါန်းမည်ဟု သန့်ဇင်ဆို

Dawei Watch

April 3, 2025

ONE Championship ပြိုင်ပွဲတွင် နာမည်ရရှိနေသော မြန်မာဖိုက်တာသန့်ဇင်သည် ငလျင်ဒဏ်သင့်ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးလိုက်သည်။ သန့်ဇင်သည် တာကေးရုနှင့် ပွဲထိုးခွင့်ရခဲ့စဉ်ကလည်း ယင်းပွဲစဉ်တွင် အနိုင်ရလဒ်နှင့်အတူ ဘောနပ်စ် ရယူနိုင်ခဲ့မည်ဆိုပါက ရေဘေးသင့်ပြည်သူများကို လှူဒါန်းမည်ဟု ပြောကြားခဲ့ဖူးပြီး ယင်းပွဲစဉ်တွင် အရှုံးရလဒ်ကို ကြုံဆုံရင်ဆိုင်ကာ ဘောနပ်စ်နှင့်လွဲချော်ခဲ့ရသည့်အတွက် စိတ်မကောင်းခြင်း ကြီးစွာဖြစ်ခဲ့ဖူးသည်။ သန့်ဇင်သည် ယနေ့(ဧပြီလ ၃ ရက်နေ့)တွင် စစ်ကိုင်းနှင့် မန္တလေးရှိ ငလျင်ဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီ လှူဒါန်းလိမ့်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ငလျင်ဘေးသင့်ပြည်သူများကို ပါဝင်လှူဒါန်း ကူညီပေးကြရန်လည်း သန့်ဇင်က ဖိတ်ခေါ်ထားသည်။ လှူဒါန်းလိုသူများကို ရေသန့်နှင့် စားနပ်ရိက္ခာများ အဓိကထား လှူဒါန်းစေလိုကြောင်းနှင့် လှူဒါန်းလိုပါက ဖုန်းနံပါတ် 09785368933 နှင့် 09965038989 တို့ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းလည်း သန့်ဇင်က […]

သင်္ကြန်နီးလာချိန် မြိတ်နှင့် ဘုတ်ပြင်းတွင် အုန်းသီးဈေးတက်

Dawei Watch

April 3, 2025

သင်္ကြန်ရာသီနီးလာပြီဖြစ်သဖြင့် မြိတ်နှင့် ဘုတ်ပြင်း မြို့နယ်တို့တွင် အုန်းသီး‌‌ဈေးတက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ယခုနှစ်ဆန်းပိုင်းက အုန်းသီးတစ်လုံးလျှင် ကျပ်သုံးထောင်ဝန်းကျင်သာရှိရာက လက်ရှိအချိန်တွင် ကျပ်ငါးထောင်ဝန်းကျင်အထိ ဈေးတက်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ “သင်္ကြန်လည်းနီးလာပြီဆိုတော့ အုန်းသီးဈေးက တစ်ဟုန်ထိုးတက်လာတယ်။ တစ်လုံးကို ၃၅၀၀(ကျပ်)တုန်းကတောင် မုန့်လုပ်‌ရောင်းတာ မကိုက်ဘူး။အခု‌ဈေးနဲ့ဆို ပိုဆိုးပြီပေါ့” ဟု မုန့်အမျိုးမျိုးပြုလုပ် ရောင်းချ‌နေသည့် မြိတ်မြို့နေ အမျိုးသမီးတစ်ဦး ကပြောသည်။ သင်္ကြန်ကာလတွင် အုန်းသီးကိုအခြေခံပြုလုပ်သည့် မုန့်များကို လှူဒါန်းလေ့ရှိရာ အုန်းသီးလိုအပ်ချက်များသည့် ရာသီလည်းဖြစ်သည်။ ထို့အပြင် တနင်္သာရီတိုင်းအတွင်းရှိ နေရာအများစုတွင် နယ်မြေမအေးချမ်းခြင်းနှင့် ရာသီဥတုအခြေအနေများကြောင့် အုန်းသီးအထွက်နည်းပါးပြီး ရှားပါးနေကြောင်း အုန်းသီးကုန်သည်အချို့က ဆိုသည်။ “လက်ကား‌ဈေးတောင် အုန်းသီးတစ်လုံးကို လေးထောင်ကျော်တယ်။ လက်လီဝယ်သမားတွေကို အားနာလို့ အရောင်းရပ်ထားရတယ်။ သင်္ကြန်လည်းနီးလာတော့ ဈေးကထိန်းမရဖြစ်သွားတာ”ဟု မြိတ်မြို့နေ အုန်းသီးကုန်သည်တစ်ဦးက ပြောသည်။ […]

မြန်မာ့ပင်လယ်ပြင်တွင် ငလျင်လှုပ်ခတ်

Dawei Watch

April 3, 2025

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏ တောင်-အရှေ့တောင်ဘက် (၅၃) မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်တွင် မြောက် လတ္တီတွဒ် (၁၅.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၅) ဒီဂရီ၊ အနက် (၂၇) ကီလိုမီတာကို ဗဟိုပြု၍ ဧပြီလ ၂ ရက် ည ၁၀ နာရီ ၅၇ မိနစ်တွင် ငလျင် တစ်ခုလှုပ်ခတ်သွားကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယင်းငလျင်သည် အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်သည်ဟု တိုင်းထွာသိရှိရကြောင်း မိုး/ဇလက ဖော်ပြသည် ။ ပုသိမ်မြို့ခံ အချို့လည်း ငလျင်လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရကြောင်း လူမှုကွန်ရက် တွင်ရေးသားနေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ […]

ကိုရီးယားနှင့်ထိုင်း အနုပညာရှင် ၃ ဦးက ငလျင်ဘေးအတွက် ဝမ်သန်း ၁၈၀ လှူဒါန်း

Dawei Watch

April 2, 2025

ကိုရီးယားမင်းသမီး Kim Go-eun၊ မင်းသား Im Si-wan နှင့် ထိုင်းတေးသံရှင် Minnie တို့သည် ငလျင်ဒဏ်သင့်မြန်မာပြည်သူများကိုကူညီရန်အတွက် ကိုရီးယားဝမ် သန်း ၁၈၀ ပါဝင်လှူဒါန်းလိုက်သည်ဟု Maeil Business Newspaper က ဖော်ပြထားသည်။ မြန်မာပရိသတ်များ လွန်စွာသဘောကျနှစ်ခြိုက်သည့် Guardian: The Lonely and Great God နှင့် Exhuma ကိုရီးယားဇာတ်လမ်းတို့တွင် ပါဝင်သရုပ်ဆောင်ထားသော မင်းသမီး Kim Go-eun က ဝမ်သန်း ၅၀၊ မင်းသား Im Si-wan က ဝမ်သန်း ၃၀ နှင့် အဆိုတော် Minnie က ဝမ်သန်း ၁၀၀ လှူဒါန်းကူညီခြင်းဖြစ်သည်။ “မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေအကြောင်းကိုကြားလိုက်ရချိန်မှာ ကျွန်မ တကယ်ပဲ […]