ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငလျင်ဒဏ်သင့်သူများ၏ မိသားစုဝင်များကို ထိုင်းဝန်ကြီးချုပ် တွေ့ဆုံအားပေး

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူများကို စောင့်ဆိုင်းနေသည့် မိသားစုဝင်များအား ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က ယနေ့တွင် ထပ်မံလာရောက်အားပေးခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၂ ရက်နေ့ အဆောက်အအုံပြိုကျသော နေရာသို့ ထပ်မံရောက်လာချိန်တွင် မိသားစုဝင်များကို ကိုယ်တိုင်သွားရောက် အားပေးခဲ့ခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသော အလုပ်သမား ၈၃ ဦး ရှိနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က နှစ်သိမ့်အားပေးခဲ့သည်။ မိသားစုဝင်များအား နေမကောင်းမဖြစ်စေပဲ အချိန်မှန်စားရန်၊ ကျန်းမာရေးဂရုစိုက်ရန် အားပေးခဲ့ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း နောက်ဆုံးအခြေအနေကို ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ယခုလအတွင်း ရက်ရှည်မိုးရွာနိုင်ပြီး မိုးများနိုင်

Dawei Watch

April 2, 2025

စစ်ဘေးရှောင် ခုနစ်သောင်းခန့်ရှိနေသည့် တနင်္သာရီတိုင်းအတွင်း ဧပြီလ ပထမဆယ်ရက်ပတ်အတွင်း လေးရက်မှ ရှစ်ရက်ကြား မိုးရက်ရှည်ရွာနိုင်ခြေရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဧပြီလထဲ နှစ်စဉ်ပုံမှန်ရွာသွန်းနေကျထက် မိုးပိုရွာနိုင်ကြောင်းလည်း ခန့်မှန်ထားသဖြင့် စစ်ဘေးရှောင်များအတွက် အခက်အခဲများ ကြုံလာရမည်ဖြစ်သည်။ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ မွန် စသည့်တိုင်းနှင့်ပြည်နယ်တို့တွင်လည်း တနင်္သာရီတိုင်းနည်းတူ မိုးရွာသွန်းမည်ဖြစ်ပြီး ပုံမှန်ထက်မိုးပိုနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ငလျင်းဘေးသင့်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင်လည်း မိုးရွာနိုင်သော်လည်း ဧပြီလတွင် ယခင်ရွာသွန်းနေကျ မိုးရေချိန်ထက်လျော့နည်းနိုင်ကြောင်း ဖော်ပြထားသည်။ တနင်္သာရီတိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအနီးဝန်းကျင်တစ်ခုလုံးကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်များတွင်လည်း တိုက်ပွဲများ၊ စစ်ကြောင်းထိုးမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ အများအပြားရှိနေသည်။ မိုးရွာသွန်းလာပါက အဆိုပါစစ်ဘေးရှောင်များအတွက် နေရေး၊ ထိုင်ရေးအခက်အခဲရှိလာမည့်အပြင် […]

ရေဖြူ၊ ဇာဒီရွာသို့ ရောက်နေသည့် စစ်ကြောင်းက ရွာသားအချို့ကိုဖမ်းဆီး

Dawei Watch

April 2, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုကို မတ်လ ၃၁ ရက်က ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီရွာနှင့် ခေါင်ပြန်ရွာမှ ရွာသားအချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည် ။ ခေါင်ပြန်ရွာမှ အသက် ၅ဝ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး ၊ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ အဖမ်းခံထားရပြီး ဇာဒီရွာတွင်လည်း ရွာသားအချို့ အဖမ်းခံထားရကြောင်း ဒေသခံများကပြောပြသည် ။ ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသဖြင့် ဇာဒီရွာတွင် အဖမ်းခံထားရသူဦးရေနှင့် အသေးစိတ်အချက်အလက်ကို မသိရသေးသဖြင့် မေးမြန်းအတည်ပြုနိုင်ရန် ကြိုစားနေဆဲဖြစ်သည် ။ စစ်ကောင်စီစစ်ကြောင်းသည် ဇာဒီအုပ်စုအတွင်း ဆက်ရှိနေပြီး ရေနက်ဆိပ်ကမ်းရှိရာ နဘုလယ်ဒေသဘက်သို့ ဆက်သွားပြီး ယင်းဒေသရှိ စစ်ကောင်စီ၏ နောက်ထပ်စစ်ကြောင်းတစ်ခုနှင့် သွားရောက်ပူးပေါင်းနိုင်ကြောင်း ဒေသခံတို့ကခန့်မှန်းနေကြသည် ။ ” အခုမနက်(ဧပြီ ၂) […]

ထားဝယ်ခရိုင်တစ်ခုလုံး ဧပြီတစ်လတာ အချိန်ပိုင်းလျှပ်စစ်မီးပြတ်မည်

Dawei Watch

April 2, 2025

ထားဝယ်ခရိုင်တွင် ဧပြီလတစ်လလုံး အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ခရိုင်အတွင်းရှိ လျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။ ကံပေါက်ရှိ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်နှစ်လုံးပြုပြင်နေရသဖြင့် လျှပ်စစ်အသုံးများဆုံး အချိန်ဖြစ်သော နံနက် ၄ နာရီ ၃၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိကို လျှပ်စစ်ဝန်အားလျော့ချမည် ဖြစ်သည်။ ထို့သို့ လျှပ်စစ်ဝန်အားလျှော့ချသည့်အချိန်အတွင်း လျှပ်စစ်ပြတ်တောက်မည်ဖြစ်ပြီး ယင်းပြတ်တောက်မည့်အချိန်တွင် ထားဝယ်ခရိုင်သို့ အုပ်စုနှစ်စုခွဲပြီး အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ပြောဆိုသည်။ “ကံပေါက်က အင်ဂျင်နှစ်လုံးပျက်နေတော့ အဲဒါပြင်မလို့ လျှပ်စစ်ဝန်အားလျှော့မှာ။ လုံးလုံးမီးပြတ်သွားမှာမဟုတ်ပါဘူး။ သူ့အချိန်နဲ့သူ တစ်ခရိုင်လုံးကရွာတွေကို ပေးမှာပါ” ဟု ၎င်းကပြောသည်။ ယမန်နှစ်ကလည်း ရာသီဥတု အပူပြင်းဆုံးဖြစ်သည့် ဧပြီလတွင် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များပျက်သွားသဖြင့် ထားဝယ်ခရိုင်တွင် လချီကြာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ဖူးသည်။ ယင်းအချိန်ကလည်း လျှပ်စစ်ဓာတ်အားကို […]

မန္တလေးမစိုးရိမ်တိုက်ပြိုကျမှုတွင် ရဟန်း ၃ ပါးနှင့် ကိုရင် ၁ ပါး၏ အလောင်းထပ်တွေ့

Dawei Watch

April 2, 2025

ငလျင်ကြောင်ပြိုကျသွားသည့် မန္တလေးမစိုးရိမ်တိုက်သစ်တွင် ယမန်နေ့ ညနေပိုင်း၌ ရဟန်းသုံးပါး နှင့် ကိုရင် တစ်ပါး၏ရုပ်အလောင်းထပ်မံ တွေ့ရှိခဲ့သည်ဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ အဆိုပါ ရုပ်အလောင်းများမှာ အပျက်အစီးများ အောက်တွင်ပိတ်မိနေပြီး ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်သူတစ်ဦးကပြောသည်။ “အနံ တွေ ဆိုးဆိုးဝါးဝါးရနေတဲ့ ကြားထဲက ခက်ခက်ခဲခဲ ထုတ်ရကြရတယ်။ တစ်ချို့ ရုပ်အလောင်းတွေဆို စာဖြေရင်းနဲ့ဆိုတော့ ဘောပင်ကိုတောင် ကျစ်ကျစ်ပါအောင် ဆုတ်ထားသေး တာကိုတွေ့ရတယ်”ဟု ၎င်းကပြောသည်။ မစိုးရိမ်တိုက်သစ်တွင် ယမန်နေ့နံနက်ပိုင်းကစပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာတွင် ညနေပိုင်းထိ တစ်ရက်အတွင်း ရဟန်းရုပ်အလောင်း ၅ လောင်း နှင့် ကိုရင် ရုပ်အလောင်း ၁ လောင်း တို့ကို ရှာ ဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များကပြောသည်။ ကယ်ဆယ်ရေးဆောင်ရွက် နေစဉ် ဧပြီလ […]

ငလျင် ၆ရက်မြောက်တွင် အမျိုးသားတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်၊ ရှာဖွေရာတွင် တူရကီအဖွဲ့ပါဝင်

Dawei Watch

April 2, 2025

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဟိုတယ်အေးချမ်းသာ အဆောက်အအုံတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဧပြီလ ၂ရက်တွင် အသက်ရှင်လျက်ကယ်တင် နိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ခြောက်ထပ်ရှိသည့် ဟိုတယ်အဆောက်အအုံတွင် အောက်ဆုံးနှစ်ထပ် ပြိုကျကာ လူနှစ်ဦးပိတ်မိနေခြင်းဖြစ်ကြောင်း ဆိုသည်။ ယင်းသို့ပိတ်မိနေသူများကို တူရကီနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေရာ အမျိုးသားတစ်ဦးကို ကယ်ဆယ်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကျန်တစ်ဦးကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ဆိုသည်။ မန္တလေး Sky Villa အဆောက်အအုံတွင် ဧပြီလ ၁ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ရုပ်အလောင်း ၁၅ လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဘန်ကောက် အဆောက်အအုံပြိုကျမှု မြန်မာလုပ်သား ၂၄ ဦး ပျောက်ဆုံးနေဆဲ

Dawei Watch

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုတွင် မြန်မာအလုပ်သမား ၂၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၁ရက်က ထုတ်ပြန်သည်။ ကျာတူးကျက်ဒေသက စာရင်းစစ်ချုပ်ရုံးအဆောက်အအုံ ပြိုကျသောနေရာသို့ ထိုင်းအလုပ်သမားဝန်ကြီး ရောက်ရှိလာပြီးနောက် ပျောက်ဆုံးနေသော အလုပ်သမားစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေပြီး ပျောက်ဆုံးနေဆဲ အလုပ်သမား ၈၃ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့ထဲတွင် ထိုင်းအလုပ်သမား ၅၅ ဦး၊ မြန်မာအလုပ်သမား ၂၄ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃ ဦးနှင့် လာအိုအလုပ်သမား ၁ ဦးတို့ ပါဝင်ကြောင်းဖော်ပြသည်။ စာရင်းစစ်ချုပ်ရုံး ပြိုကျမှုကြောင့် ဧပြီလ ၁ ရက်နေ့ ညပိုင်းအထိ သေဆုံးသူ ထိုင်းအလုပ်သမား ၁၁ ဦးနှင့် မြန်မာအလုပ်သမား ၃ ဦး […]

ဘန်ကောက်တွင် ပြိုကျသည့် ဆောက်လက်စတိုက် တည်ဆောက်မှု အီတာလျံ – ထိုင်း ကုမ္ပဏီ ပါဝင်

Dawei Watch

April 1, 2025

ငလျင်ဒဏ်ကြောင့် ဘန်ကောက်မြို့တွင် ဆောက်လက်စ အထပ်မြင့်တိုက်ပြိုကျခဲ့ရသည့် နောက်ကွယ်က အကြောင်းအရင်းကို ထိုင်းအစိုးရက စုံစမ်းစစ်ဆေးလျက်ရှိပြီး အဆိုပါတိုက်ကို တည်ဆောက်သူများတွင် အီတာလျံ – ထိုင်း ကုမ္ပဏီလည်း ပါဝင်ကြောင်း ထွက်ပေါ်လာခဲ့သည်။ ITD ဟု အတိုကောက်ခေါ်သော အီတာလျံ-ထိုင်းသည် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး တည်ဆောက်ခွင့်ရကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီ၏ ဂုဏ်သတင်းနှင့် ပတ်သက်၍ အမြဲတစေ ဝေဖန်မှုများရှိသည်။ ၂၀၁၀ ခုနှစ် စစ်အစိုးရလက်ထက်တွင် ထားဝယ်စီမံကိန်းကို အလုံးစုံ လုပ်ကိုင်ခွင့်ရပြီးနောက် နောက်ပိုင်းတွင် မြန်မာ အစိုးရက စီမံကိန်းမှ ထုတ်ပယ်လိုက်သည်။ မတ်လ ၂၈ ရက်နေ့ (သောကြာနေ့) က ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့တွင် ပြိုကျခဲ့သည့် အဆိုပါ တိုက်မှာ အထပ် ၃၀ ပါ […]