ဦးလှသိန်းဗိမာန်တွင် ပိတ်မိနေသည့် စာဖြေရဟန်း ၈၅ ပါးကယ်ဆယ်နိုင်ခဲ့ပြီး အဆောက်အအုံရှင်းလင်းရေးစလုပ်
Dawei Watch
April 1, 2025မန္တလေးမြို့ ၊ ဦးလှသိန်းဗိမာန် ၌ စာမေးပွဲဖြေနေစဥ် မတ်လ ၂၈ ရက်မြေငလျင်ကြောင့်ပြိုကျ၍ ပိတ်မိနေသည့် စာဖြေရဟန်း အပါးတစ်ရာကျော်အနက် ၈၅ ပါးကို အသက်ရှင်လျက် ပြန်ကယ်ထုတ်နိုင်ခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထံမှသိရသည်။ အဆောက်အအုံပိမိ၍ ပျံလွန်တော်မူသော ရဟန်းများ၏ ရုပ်ကလာပ်များကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး အရေအတွက်နှင့် အမည်စာရင်းကို အတည်မပြုနိုင်ကြသေးကြောင်း မှတ်တမ်းယူနေသည့် ဆရာတော်တစ်ပါးကမိန့်သည်။ “အလောင်းတွေက ထပ်ထွက်လာနေတယ်။ မနေ့ကအထိ သုံးဆယ်ကျော်ထပ်ထွက်လာတယ်။ နောက်ဆုံးလက်လျှော့ပြီး ကရိန်းသုံးနေပါပြီ။ အဆောက်အအုံ ရှင်းလင်းရေးစလုပ်နေပြီ “ဟု ယင်းဆရာတော်ကမိန့်သည်။ ဦးလှသိန်း ဗိမာန် ပြိုကျမှုတွင် မစိုးရိမ်တိုက်သစ် ကျောင်းတိုက်တစ်ခုတည်းမှ ပျံလွန်တော်မူသည့် စာဖြေရဟန်း ၂၁ ပါးရှိသည်ဟု ယင်းကျောင်းတိုက်မှ မှတ်တမ်းတင်ထားသည့် စာရင်းအရသိရသည်။ အခြားကျောင်းတိုက်များမှ ပျံလွန်တော်မူ သည့် စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ […]


