ဂရိတ်ဝေါ(လ်)ဟိုတယ်တွင် ပိတ်မိသူများကို တရုတ်နှင့် ရုရှားအဖွဲ့တို့ ရှာဖွေနေပြီး ကိုယ်ဝန်ဆောင်တစ်ဦးကို ကယ်ထုတ်
Dawei Watch
March 31, 2025မန္တလေးမြို့ ဂရိတ်ဝေါ(လ်) ဟိုတယ်အဆောက်အအုံတွင် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ယနေ့ မတ်လ ၃၁ ရက်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ရုပ်အလောင်း လေးလောင်းလည်း တွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦး၏ ရုပ်အလောင်းများကိုတွေ့ရှိပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ ဟိုတယ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေခြင်း ဖြစ်သည်။ မန္တလေး Sky Villa ကွန်ဒိုတွင်လည်း အမျိုးသမီးနှစ်ဦးကို ယနေ့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းလည်း တွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါကွန်ဒိုတို့တွင် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေခြင်းဖြစ်သည်။ Eleven Media Group ၏ သတင်းတစ်ရပ်တွင်မူ Sky Villa ကွန်ဒိုတွင် […]


