ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ထားဝယ်ရှမ္မတွင်းရွာတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

Dawei Watch

May 7, 2025

ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာတွင် ယနေ့ မေလ ၇ ရက် နေ့လယ်ပိုင်း၌ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ ကလေးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည် ။ ထားဝယ်မြို့ အဝင်အထွက် ဂိတ်တစ်ခုဖြစ်သည့် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် ယနေ့ နံနက်အစောပိုင်း၌ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ က ရှမ္မတွင်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ” ဆယ်ကျော်သက် ယောက်ျားလေး တစ်ယောက် ကကျည်စမှန်ပြီး သေသွားတယ် ။ နောက်ထပ် အသက် ဆယ်နှစ်အောက် မိန်းကလေးတစ်ယောက်လည်း ဒဏ်ရာရသေးတယ် ။ မနက်က ပစ်ခံရပြီးကတည်းက စပြီး ပေါက်တိုင်းဂိတ်က လက်နက်ကြီးတွေ လျှောက်ပစ်နေတာ “ ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည် ။ ယင်းအပြင် […]

ခရီးတင်လေယာဉ် တာယာပွင့်ထွက်လွင့်စင်မီးလောင်မှု စုံစမ်းစစ်ဆေးနေကြောင်း MNA ထုတ်ပြန်

Dawei Watch

May 7, 2025

မြန်မာအမျိုးသားလေကြောင်းလိုင်းက Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်သို့ စတင်ထွက်ခွာရာတွင် လေယာဉ်၏ ဘရိတ်စနစ်ပှုပြင်းမှုကြောင့် ဘယ်ဘက်တာယာများ ပွင့်ထွက်လွင့်စင် မီးလောင်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းက ထုတ်ပြန်သည်။ ခရီးသည် ၁၄၃ ဦးလိုက်ပါလာသည့် အဆိုပါလေယာဉ်သည် မေလ ၆ရက် ညနေ ၄နာရီ ၄၅ မိနစ်ခန့်တွင် စတင်ထွက်ခွာပြီး ပျံတက်ရန် ပြုလုပ်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ကျန်ရှိသည့် တာယာများဖြင့် လေယာဉ်ကို ပြေးလမ်း၏ မြောက်ဘက် ထိပ်တွင် ရပ်တန့်နိုင်ခဲ့ကြောင်း ဆိုသည်။ အဆိုပါ မတော်တဆ ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း မြန်မာအမျိုးသားလေကြောင်း (MNA) က အသိပေးထားသည်။ လေယာဉ်အမှုထမ်းများသည် လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း […]

ပုလောမြို့ပေါ် အရက်ဆိုင်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

May 7, 2025

ပုလောမြို့ပေါ်ရှိ အရက်ဆိုင်တွင် ဝိုင်းဖွဲ့အရက်သောက်နေသော ပျူစောထီးများကို ပစ်ခတ်ရှင်းလင်းခဲ့ရာတွင် ပျူစောထီခေါင်းဆောင်နှစ်ဦးနှင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။ ပုလောမြို့ အမှတ် ၂ ရပ်ကွက်ရှိ ဆန်းဝင်းအရက်ဆိုင်တွင် ထိုင်သောက်နေသော ပျူစောထီးများကို မတ်လ ၆ရက်နေ့ ညနေ ၅နာရီခွဲခန့်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ဆိုသည်။ “တို၊ ပလ၊ သင်္ကန်းတောရွာက တိုက်ပွဲတွေမှာ ပြည်သူနေအိမ်တွေကို မီးရှို့တာကိုအဓိက လုပ်ခဲ့တဲ့သူတွေပါ။ စစ်ကောင်စီဘက်ကတော့ အခုထိတော့ ထူးထူးခြားခြားတုံ့ပြန်တာတော့ မရှိသေးဘူး”ဟု တာဝန်ခံရဲဘော်အာနိုးက ပြောသည်။ ပုလောကုန်းကျေးရွာ ပျူစောထီးခေါင်းဆောင် ဦးကုလားနီ၊ ပလမြို့ ပျူစောထီးခေါင်းဆောင် ဦးကျော်သူရနှင့် […]

ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲခံရ၊ ရတားခရီးစဉ်များ ဖျက်သိမ်း

Dawei Watch

May 7, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် နှင်းပုလဲနှင့် တောင်စွန်း ကြားဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်း‌ခွဲခံရမှုကြောင့် ရထားခရီးစဉ်များ ရပ်နားထားသည်ဟု မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ မေလ ၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်က ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်တိုင် ၁၁၂/ ၁၀- ၁၁ ကြား အမှတ် ၆၅ တံတား မိုင်းခွဲခံရပြီး ရထားလမ်းပျက်စီးသွားကြောင်း သိရသည်။ ရထားလမ်းပေါ်ရှိ တံတား မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် မေလ ၆ ရက်နေ့ကစပြီး မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာသည့် အမှတ် ၈၂ အစုန်ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာသည့် အမှတ် ၈၁ အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားသည်ဟု မော်လမြိုင်ဘူတာကြီး၏ တာဝန်ရှိသူထံမှ သိရသည်။ လက်ရှိတွင် မိုင်းခွဲဖျက်ဆီးခံရသည့် ရထားလမ်းတံတားကို မြန်မာ့မီးရထားက […]

ထီးခီးနယ်စပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သားများ ထိုင်းဘက်ထွက်ပြေး

Dawei Watch

May 7, 2025

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက ဧပြီလ ၂၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။ ဧပြီလ ၁၉ ရက်က ထီးခီးနယ်စပ်စခန်းနှင့် ၆ မိုင်ခန့်အကွာရှိ ထီးထဗျူဟာစခန်းကုန်းကို KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူပြီးနောက် ဧပြီလ ၂၁ ရက်တွင် ထီးခီးနယ်စပ်စခန်းကိုပါ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ယခုမေလဆန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ထိုင်းဘက်ကို လက်နက်နှင့်အတူ ထွက်ပြေးသည်ဟု သတင်းရရှိကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစု၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။ “ထွက်ပြေးတဲ့သတင်းတွေတော့ ကြားရတယ်၊ ရဲတွေရော စစ်သားတွေရော ထွက်ပြေးတယ်ဆိုတာ ကြားရတယ်၊ နောက်ဆက်တွဲ သက်ဆိုင်ရာ နီးစပ်သူတွေကို […]

အိန္ဒိယဂျက်လေယာဉ်နှစ်စီးကို ပါကစ္စတန်က လက်တုံ့ပြန်ပစ်ချ

Dawei Watch

May 7, 2025

ပါကစ္စတန်နိုင်ငံအတွင်းသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အိန္ဒိယကို လက်တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်စစ်တပ်က အိန္ဒိယဂျက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ကြောင်း Pakistan Today သတင်းဌာနက ဖော်ပြခဲ့သည်။ အိန္ဒိယ၏ တိုက်ခိုက်မှုမှာ စစ်ပြုသည့် လုပ်ရပ်ဖြစ်ပြီး ပါကစ္စတန်အနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားခွင့်ရှိသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် မိုဟာမက်ရှက်ဘက်ရှရစ်ကပြောသည်။ ကက်ရှ်မီးယားဒေသ နယ်စပ်ထိန်းချုပ်မှုမျဉ်း (LOC) တစ်လျှောက်ရှိ အိန္ဒိယစစ်တပ်ဂိတ်တစ်ခုနှင့် အိန္ဒိယစစ်တပ်၏ တပ်စခန်းတစ်ခုကို ပါကစ္စတန်တပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ပါကစ္စတန်အစိုးရပိုင်မီဒီယာက ဖော်ပြသည်။ မိမိနယ်မြေကို ကာကွယ်ရန်အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ပါကစ္စတန် သတင်းအချက်အလက်ဝန်ကြီးကလည်း ပြောသည်။ ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသမှ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ နေရာ ၉ နေရာကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အိန္ဒိယအစိုးရက […]

ထားဝယ်မြို့ ပေါက်တိုင်းတံတားစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီ လေယာဉ်ပျံဝဲ

Dawei Watch

May 7, 2025

ထားဝယ်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ပေါက်တိုင်းတံတားဂိတ် ယနေ့ မေလ ၇ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ပိတ်မိနေသည့် ကားသမားများက ပြောသည်။ မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ အဆိုပါဂိတ်တွင် နံနက် ၆နာရီဝန်းကျင်မှ ၇ နာရီဝန်းကျင်အထိ တစ်နာရီနီးပါးကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း တံတားအနီးရှိ ကျောက်ရပ်ရွာတစ်ဦးက ပြောသည်။ “၆ နာရီထိုးဖို့ ၅ မိနစ်အလိုမှာ စပစ်တယ်။ အသံက ဆက်တိုက်ကြားလိုက် စဲသွားလိုက်နဲ့ ၇ နာရီထိုးဖို့ ၁၅ မိနစ်အလိုမှ ပစ်သံ လုံးဝစဲသွားတယ်။ လက်နက်ကြီးအသံလည်း တော်တော်ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ကျောက်ရပ်ကျေးရွာအုပ်စုအနီးရှိ ရှမ္မတွင်းကျေးရွာအုပ်စုဘက်တွင်လည်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်ဟု ယူဆရသည့် […]

သိန်ခွန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး KNU တပ်မဟာ၄ ထံလက်နက်နှင့်အတူ ခိုလှုံ

Dawei Watch

May 7, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် ငါးလနီးပါးအကြာ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးက လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ယမန်နှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ယနေ့အထိ သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယင်းကာလအတွင်း စစ်ကောင်စီတပ်သား ၁၂ဦး လက်နက်နှင့်အတူ ခိုလှုံလာခြင်းဖြစ်ကြောင်း KNLA တပ်ရင်း ၁၁ ၏ တပ်စိတ်မှူး ကိုချစ်က ပြောသည်။ စစ်ကောင်စီ၏ ခမရ ၄၃၁ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ဦး၊ ခမရ ၂၈၀ က ၃ ဦးနှင့် ခလရ ၁၇ က ၆ ဦးက MA-1 သေနတ်၉လက်၊ MA-2 သေနတ်၂ လက်အပါအဝင် လက်ပစ်ဗုံး၆လုံးဖြင့် တပ်မဟာ […]