ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာလုပ်သားစုံတွဲ ထိုင်းထီ ဘတ် ခြောက်သန်းပေါက်

Dawei Watch

May 6, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် ဆောက်လုပ်ရေးလုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးသည် မေလ ၂ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားစုံတွဲသည် ထိုင်းထီ ပထမဆု ၂၁၃၃၈၈ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သူနှစ်ဦးသည် ဆုငွေထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီလာတောင်းခဲ့သဖြင့် ယနေ့ မေလ ၆ ရက်တွင် ဆုငွေများကို ထုတ်ယူပြီး ပေးအပ်ပြီးဖြစ်ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “သူ့သားလေးကို ထီလက်မှတ်သွားဝယ်ခိုင်းတယ်လို့ သိရတယ်။ အဲဒီထီလက်မှတ်ကနေ ဘတ် ခြောက်သန်း ကံထူးသွားတာပဲ” ဟု ကိုရဲမင်းက ဆိုသည်။ ပြီးခဲ့သော ရက်များက ထိုင်းအစိုးရရုံးပိတ်ရက်များ […]

ကိုးရီးယားရောက် ထားဝယ်လူငယ်အသင်း ဆယ်နှစ်ပြည့်ကျင်းပ

Dawei Watch

May 6, 2025

တောင်းကိုးရီယား နိုင်ငံရောက် ထားဝယ်လူငယ်အသင်း(DYKO) တည်ထောင်ခြင်း ဆယ်နှစ်ပြည့် အခမ်းအနားကို ပြီးခဲ့သည့် မေလ ၄ ရက် နေ့က တောင်ကိုးရီးယားနိုင်ငံ ဖိုချွန်းအားကစားကွင်း ၌ကျင်းပခဲ့သည်။ အခမ်းအနားကို မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိကျင်းပခဲ့ပြီး တက်ရောက်လာသူများကို ထားဝယ်ရိုးရာ မုန့်များဖြစ်သည့် ထားဝယ်မုန့်ဟင်းခါး၊ သနပ်သုပ်၊ ထားဝယ်မုန့်လက်သုပ်များဖြင့် ဧည်ခံ ကျွေးမွေးခဲ့ကြောင်း ထားဝယ်လူငယ်အသင်း(DYKO) တာဝန်ရှိသူတစ်ဦးကပြောသည်။ “လက်ဆင့်ကမ်းပြီး အသင်းကို တာဝန်ယူခဲ့လို့ ဆယ်နှစ်အထိ ရောက်လာတဲ့အတွက် အသင်းသားအားလုံး ပူးပေါင်းပါဝင်မှုကိုလည်း အားရကျေနပ်မိပါတယ်”ဟု အသင်းတာဝန်ရှိသူက ပြောသည်။ ဆယ်နှစ်ပြည့် အခမ်းအနားကို အသင်းသူအသင်းသားများအပါအဝင် ပရိသတ် တစ်ရာ ကျော် တက်ရောက်ခဲ့ပြီး ထားဝယ်လေးမြို့နယ် ကိုယ်စားပြု ဘောလုံးပွဲများကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။ ဘောလုံးပြိုင်ပွဲတွင် ထားဝယ်၊ ရေဖြူ၊ […]

မဲဆောက် စည်ပင်ရုံးအနီး ပစ်ခတ်နေသည့် သေနတ်သမားကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး

Dawei Watch

May 6, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ စည်ပင်ရုံးအနီးတွင် ရမ်းသမ်းပစ်ခတ်နေသော သေနတ်သမားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက မဲဆောက်မြို့ စည်ပင်ရုံးအနီးတွင် သေနတ်သမားသည် ပစ်ကပ်ကားကို စီး၍ ရိုင်ဖယ်သေနတ်ကို ကိုင်ကာ အနီးအနားကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ နံနက် ၆ နာရီတွင် ရဲတပ်ဖွဲ့က ဆီဆိုင်နှင့် လမ်းအချို့ကို ပိတ်၍ လမ်းသွားလမ်းလာများကို ရှောင်ရှားပြီး သွားကြရန် သတိပေးခဲ့ကြောင်း ဖော်ပြသည်။ ထို့နောက် သေနတ်သမားကို ဆီဆိုင်အနီး ပိတ်ဆို့၍ ရှာဖွေဖမ်းဆီးခဲ့ရာ နံနက် ၈ နာရီခန့်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုသည်။ သေနတ်သမားသည် စိတ်ရောဂါ ခံစားနေရကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။ လက်ရှိတွင် သေနတ်သမားနှင့် ပတ်သက်၍ အချက်အလက်နှင့် ပစ်ခတ်ရသည့် […]

စားကုန်သယ်ခွင့်ပိတ်ထားသည့် တကူရွာတွင် အိမ်ကြက်တစ်ပိဿာ ကျပ်တစ်သောင်းကျော်ခုန်တက်

Dawei Watch

May 6, 2025

စစ်ကောင်စီတပ်က စားသောက်ကုန်သယ်ဆောင်ခွင့်ကန့်သတ်ပိတ်ပင်ထားသည့် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုတွင် အိမ်ကြက်သား တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော် ခုန်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့မှ တကူကျေးရွာအုပ်စုသို့သွားရာလမ်းပိုင်းရှိ ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဈေးဆိုင်ကယ်နှင့် ဈေးကားများ ဖြတ်သန်းခွင့်ကို ဧပြီလ ၂၅ ရက်က စတင်ကန့်သတ်ပိတ်ပင်ခဲ့သည်။ ထို့အပြင် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များကလည်း စားနပ်ရိက္ခာအပါအဝင် စက်သုံးဆီနှင့် ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ်ထားသည်။ အဆိုပါဒေသတွင်စားသုံးသည့် မွေးမြူရေးကြက်များကို မြိတ်မြို့တွင်ဝယ်ယူကာ တကူရွာတွင် ပြန်လည်ရောင်းချကြပြီး လက်ရှိတွင် ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားသဖြင့် အိမ်ကြက်သားကိုပင် အဓိကထား စားသောက်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ထိုကြောင့်လည်း အိမ်ကြက်ဈေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ”သွားမရ လာမရဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် စျေးတက်ရင်း အိမ်ကြက်သားကို လေးသောင်း(ကျပ်)အထိပေးပြီး ဝယ်စားနေရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ဧပြီလဆန်းက […]

မြိတ်တွင် ‌သဲကျောက်တင်ကားတိုက်မိ၍ ကလေးတစ်ဦးသေဆုံး

Dawei Watch

May 6, 2025

မြိတ်မြို့၊ ကုန်းဖောက်ရပ်ကွက်၊ ကုန်းဖောက်တံတားအနီးတွင် သဲ၊ ကျောက်တင်ကား တိုက်မိပြီး အသက် ၄ နှစ်ဝန်းကျင် အရွယ် ကလေးငယ်တစ်ဦးသေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ မေလ ၅ ရက် ညနေတွင် သဲကျောက်ကားဖြင့် အတိုက်ခံရသည့်ကလေးငယ်သည် နေရာတွင်ပင် ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးကြောင်း မျက်မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက ဆိုသည်။ “ညနေ့ဘက်ဆို ကုန်းဖောက်လမ်းမှာ ကလေးတွေ တအားရှုပ်တယ်။ ကား‌လာတဲ့အချိန်မှာ ကလေးက ဖြတ်ပြေးတာ ကားသမားက အရှိန်မထိန်းနိုင်ဘဲ တက်ကြိတ်သွားတယ်။ ကျွန်တော်ပြောတာ ဘယ်သူလွန်တယ်ဆိုပြီး ပြောတာမျိုး မဟုတ်ဘူးဗျ” ဟု အထက်ပါ အမျိုးသားက ပြောသည်။ မြိတ်တွင် သဲကျောက်တင်ကား အများစုက အရှိန်ပြင်းစွာမောင်းနှင်လေ့ရှိကြောင်း မြို့ခံများက ဆိုသည်။ အခင်းဖြစ်ပြီးနောက် သဲကျောက်ကားမောင်းသူကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံအချို့က ပြောဆိုသည်။ […]

ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်

Dawei Watch

May 6, 2025

ရခိုင်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစော (ခေါ်) ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် မေလ ၅ရက်ညတွင် ကွယ်လွန်ကြောင်း နီးစပ်သည့် နိုင်ငံရေးအသိုင်းအဝိုင်းထံမှ သိရသည်။ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း အသက် ၇၂နှစ်အရွယ် ဦးဦးလှစောသည် လည်ချောင်း ကင်ဆာရောဂါကို ဆေးကုသမှု ခံယူနေစဉ် မေလ ၅ရက် ည ၁၁နာရီကျော်တွင် ကွယ်လွန်ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦးဦးလှစောသည် အာရက္ခတပ်တော် (AA/ULA) တွင် နိုင်ငံရေးမှူး တာဝန်ယူခဲ့သည်။ ၂၀၂၂ခုနှစ်က စစ်ကောင်စီပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားကို AA/ULA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ဦးဦးလှစောသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တွင် ပါဝင်ခဲ့ပြီး စစ်အစိုးရက ပါတီကို ဖျက်သိမ်းခဲ့သည်။ ယင်းနောက် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ […]

ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ရန် အစ္စရေးစီစဉ်

Dawei Watch

May 5, 2025

ဂါဇာကမ်းမြှောင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်သွားမည့် အစီအစဉ်တစ်ခုကို အစ္စရေးအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း အမည်မဖော်လိုသည့် အစ္စရေးအရာရှိနှစ်ဦးက ပြောကြားလိုက်သည်။ ဂါဇာတွင် ထိုးစစ်ဆင်ရန် အစ္စရေးအရန်တပ်သား ထောင်နှင့်ချီကို စစ်မှုထမ်းရန် ဆင့်ခေါ်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အစ္စရေး၏ အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ဖြစ်လျှင် ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး၏ စစ်ဆင်ရေးများ ပိုမိုကြီးမားကျယ်ပြန့်လာနိုင်ဖွယ်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချမှုနှင့် ရင်ဆိုင်လာရဖွယ်ရှိသည်။ အထက်ပါ အစီအစဉ်သစ်ကို ဖြည်းဖြည်းချင်း အကောင်အထည်သွားမည် ဖြစ်သည်ဟု အစ္စရေးအရာရှိတစ်ဦးက ဆိုသည်။ အစ္စရေးအရာရှိနှစ်ဦးစလုံးက အမည်မဖော်ဘဲ ပြောကြားခဲ့ကြသည်။ ဟားမတ်စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက်များတွင် ပိုမိုအလျှော့ပေးညှိနှိုင်းလာစေရေး ဖိအားတိုးမြှင့်ပေးရန် ရက်သတ္တပတ်များစွာကြာသည်အထိ အစ္စရေးဘက်က ကြိုးစားလျက် ရှိသည်။ နိုင်ငံတကာကြားဝင်ညှိနှိုင်းပေးသူများသည်လည်း အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်တစ်ခု ရရှိရန် ရုန်းကန်လျက်ရှိသည်။ […]

မြိတ်-ထားဝယ် ခရီးသည်တင်ကားများ ပြေးဆွဲမှုမရှိသေး

Dawei Watch

May 5, 2025

အရက်အတန်ကြာပိတ်မိပြီး ဖြတ်သန်းခွင့်မရဘဲဖြစ်နေသည့် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်း ပြန်လည်သွားလာ၍ ရနေပြီဟု ပြောဆိုမှုများရှိသော်လည်း ခရီးသည်တင်ကားများ ပြေးဆွဲခြင်း မရှိသေးကြောင်း ကားဂိတ်အချို့ထံမှ စုံစမ်းသိရှိရသည်။ မြိတ်-ထားဝယ်လမ်းပိုင်း ယနေ့ ပြန်ဖွင့်ပြီဖြစ်ကြောင်း Facebook ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားနေကြသည်။ ယနေ့ မေလ ၅ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မြိတ်မြို့နှင့် ထားဝယ်မြို့ရှိ ခရီးသည်တင်ကားဂိတ် လေးဂိတ်ကို ဆက်သွယ် မေးမြန်းကြည့်ရာ မြိတ်-ထားဝယ်ခရီးစဉ်အား ပြေးဆွဲခြင်းမရှိသေးဘဲ အခြေအနေစောင့်ကြည့်နေဆဲသာ ဖြစ်ကြောင်း အဆိုပါဂိတ်များထံမှ သိရသည်။ “ကားလမ်းက ဒီနေ့မှ ရုတ်တရက် စဖွင့်တယ်ဆိုပြီးပြောလာကြတော့ မသွားကြသေးဘူး။ အခြားဂိတ်တွေရော မသွားကြ သေးဘူး။ အခြေအနေစောင့်ကြည့်နေကြသေးတယ်” ဟု မြိတ်မြို့ ခရီးသည်တင်ကားဂိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြိတ်-ထားဝယ်ကားလမ်း ယနေ့ပြန်ဖွင့်သည်ဟု ပြောဆိုမှုများရှိသော်လည်း အတည်မပြုနိုင်သေးသဖြင့် ယနေ့ […]