တနင်္သာရီ၊ ချောင်းနှစ်ပေါက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် PDF သုံးဦးဒဏ်ရာရ
Dawei Watch
May 5, 2025ထိုင်း-မြန်မာနယ်စပ်လမ်းပိုင်းရှိ သိန်ခွန်းကျေးရွာအနီး ချောင်းနှစ်ပေါက်ရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ချောင်းနှစ်ပေါက်ရွာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ တိုက်ပွဲဖြစ်ပြီးနောက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်သည့်အပြင် လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရသွားကြောင်း အသက်၂၆နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”ချောင်းနှစ်ပေါက်မှာ တပ်စွဲထားတဲ့သူတွေကို သွားပစ်ရင်း တိုက်ပွဲဖြစ်တယ်။သူတို့ဘက်က ဗိုလ်တစ်ယောက် ကျ(သေ)သွားတယ်။ဗိုလ်တစ်ယောက်ကျသွားတော့ ကင်းထောက်ဒရုန်းနဲ့ထောက်တယ်။ ပြီးတော့ ဒရုန်းနဲ့လည်း ဗုံးသီးလိုက်ချတယ်” ဟု ၎င်းက ပြောသည်။ ဒရုန်းဖြင့်ဗုံးချချိန် ထိခိုက်မှုမရှိဘဲ လေကြောင်းက ဗုံးနှစ်လုံးကြဲချိန်တွင် ဗုံးအစစင်သဖြင့် အသက်၂၂နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦး၏ နောက်ကျောတွင် ဒဏ်ရာရသွားပြီး အသက် ၂၆နှစ်အရွယ် တပ်ဖွဲ့ဝင်၏ […]


