ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အိန္ဒိယက ပါကစ္စတန်နိုင်ငံထဲကို ဒုံးကျည်များဖြင့် ပစ်ခတ်

Dawei Watch

May 7, 2025

ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသမှ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ နေရာ ၉ နေရာကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့်လက ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပြီး အဏုမြူလက်နက်ပိုင် အိမ်နီးချင်းနိုင်ငံနှစ်ခုအကြား တင်းမာမှုမြင့်တက်နေချိန် အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် ၂၀၁၉ နောက်ပိုင်း အိန္ဒိယဘက်မှ ပါကစ္စတန်နိုင်ငံထဲသို့ အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ “ဆင်ဒူးစစ်ဆင်ရေး”ဟု အမည်ပေးထားသည့် အဆိုပါ တိုက်ခိုက်မှုကို အသေအချာပြင်ဆင်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း၊ ပါကစ္စတန်စစ်တပ်ကို ပစ်မှတ်ထားခြင်း မရှိကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်က ဆိုသည်။ “ဒီလို အင်မတန် ယုတ်မာတဲ့ ရန်စမှုကို လျစ်လျူရှုထားမှာ မဟုတ်ပါဘူး”ဟု ပါကစ္စတန်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က […]

စစ်ကောင်စီတပ် ပြည်ကြီးမဏ္ဍိုင်မြို့ဘက်သို့ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်နေသဖြင့် ကားလမ်းပိတ်

Dawei Watch

May 7, 2025

ဘုတ်ပြင်းမြို့နယ် လေညာရွာရှိ စစ်ကောင်စီတပ်က ပြည်ကြီးမဏ္ဍိုင်မြို့ဘက်သို့ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေသဖြင့် ပြည်ထောင်စုလမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်း၍မရဘဲ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မေလ ၆ရက် နံနက် ၁၀ နာရီဝန်းကျင်ကစပြီး လေညာရွာရှိ စစ်ကောင်စီတပ်က ပြည်ကြီးမဏ္ဍိုင်မြို့ဘက်သို့ ပစ်ခတ်နေခြင်းဖြစ်ပြီး ခရီးသွားကား ဆယ်နှင့်ချီပိတ်မိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ လေညာစစ်တပ်ဘက်ကပဲ မဏ္ဍိုင် (မြို့) ဘက်ကမ်းကို ပစ်နေတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ပြည်ကြီးမဏ္ဍိုင်မြို့ထဲသို့ PDF များဝင်လာသည်ဟု သတင်းထွက်သဖြင့် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ခရီးသွားကားများမှာ လက်နက်ကြီးပေါက်ကွဲသံကြောင့် ရှေ့ဆက် မသွားရဲကြတော့ဘဲ နီးစပ်ရာနေရာတွင်ပင် ရပ်နားထားကြကြောင်း အထက်ပါဒေသခံက ဆိုသည်။ […]

ထားဝယ်ခရိုင်တွင် စစ်ဘေးရှောင်များ ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ

Dawei Watch

May 6, 2025

ထားဝယ်ခရိုင်က စစ်ဘေးရှောင်အများစု ငှက်ဖျားဦ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်၊ဝမ်းလျောရောဂါများ ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များနှင့် ဥဩဆေးတပ်ဖွဲ့ ထားဝယ်(ပကဖ)ထံသိရသည်။ ဧပြီလတွင် ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျောဖြစ်သူ သုံးရာကျော်ရှိပြီး ထိုအထဲတွင် ဝမ်းပျက်ရောဂါဖြစ်သူ ၆၇ ဦး၊ တုပ်ကွေး ၃၆ ဦး၊ ငှက်ဖျားရောဖြစ်သူ ၂၄ ဦးနှင့် ရိုးရိုးဖျားနာသူ ၂၁၅ ဦးရှိကြောင်း ဥဩဆေးတပ်ဖွဲ့ထားဝယ်(ပကဖ)၏ စာရင်းများအရ သိရသည်။ “ဝမ်းပျက်ဝမ်းလျောကတော့ တစ်ယောက်နဲ့ တစ်ယောက်ကူးစက်သလိုမျိုးရှိတယ်။ အိမ်တစ်ဆောင်မှာ ဝမ်းပျက်ဝမ်းလျောသူ တစ်ယောက်ရှိရင် နောက်ထပ်တစ်ယောက်လည်း အဲ့လိုမျိုးကူးစက် ဖြစ်ပွားတာရှိတယ်။ ဒီရောဂါတွေဖြစ်ပြီး သေဆုံးတာအထိတော့မရှိဘူးခင်ဗျ” ဟု ယင်းအဖွဲ့က တာဝန်ရှိသူက ဆိုသည်။ အထက်ပါစာရင်းမှာ အရှေ့တောဒေသကျေးရွာသုံးရွာမှ ဒေသခံများအပြင် ယင်းဒေသတွင် တာဝန်ကျနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟုယင်းအဖွဲ့က ဆိုသည်။ “ကျွန်တော်တို့ဆီမှာ ငှက်ဖျားဖြစ်နေကြတယ်၊ […]

ကျွန်းစုမြို့နယ် ဝါရစ်ရွာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာ

Dawei Watch

May 6, 2025

ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည် ။ ဝါရစ်ရွာ၊ ပိန်းတောပြင်(ဒေသအခေါ်)တွင် စခန်းတည်ဆောက်ကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “ဝါရစ်ရှေ့တန်းစခန်းကို ပူးပေါင်းအဖွဲ့တွေက ဝင်တိုက်တာပါ။ သူတို့လည်း တော်တော်ထိတယ် ။ စခန်းမှာ ခုခံနေတာ သုံးယောက်လောက်ပဲကျန်နေတဲ့အချိန် စခန်း ကိုရခါနီးမှ မောင်းလှော်ရွာဘက်က စစ်ကူတွေရော၊ ရေတပ်သင်္ဘောတွေရော၊ လေကြောင်းရော တစ်ပြိုင်တည်း ရောက်လာလို့ ပြန်ဆုတ်လိုက်ရတယ် “ ဟု တိုက်ပွဲတွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောသည် ။ နံနက် ၆ နာရီမှ ၇ နာရီဝန်းကျင်အထိ တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှု […]

မလေးရှားသွားမည့်သူများအပါအဝင် မြန်မာ ၇၀ ကျော် ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

Dawei Watch

May 6, 2025

မလေးရှားနိုင်ငံသို့ သွားမည့်သူများအပါအဝင် ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မေလ ၆ ရက် နံနက်ပိုင်းတွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ ပုန်းခိုနေစဉ် ကင်းလှည့်လာသော ထိုင်းစစ်တပ်နှင့် တွေ့သဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များအပါအဝင် မြန်မာအမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၃၉ ဦး စုစုပေါင်း ၇၁ ဦးပါဝင်ပြီး အများစုသည် အသက် ၁၇ နှစ်မှ ၃၃ နှစ်အရွယ်များဖြစ်ကြောင်း ဖော်ပြသည်။ အားလုံးကို စစ်ဆေးစဉ် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတဆင့် […]

မြိတ်တွင် လှေလုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံး

Dawei Watch

May 6, 2025

မြိတ်မြို့၊ ကလွင်ရပ်ကွက်တွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက အသက် ၂၈ အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးသွားကြောင်း ကာယကံရှင် မိသားစုနှင့် ကူညီဆောင်ရွက်ပေးနေသည့် နာရေးကူညီမှု အဖွဲ့ထံမှသိရသည်။ သေဆုံးသူသည် ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာမှ လှေလုပ်သား ကိုဇော်လွင် ဖြစ်ပြီး မြိတ်မြို့တွင် လှေခေတ္တနားနေစဥ် တည်းခိုနေသည့် နေရာ၌ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦး ကပြောသည်။ “မနက်က ရေချိုးမယ့်နေရာကို ရေဖြည့်ဖို့ ရေစုပ်စက်မှာ ရေသွားတင်ရင်း ချော်လဲပြီး လျှပ်စစ်မီးကြိုးကို ဖမ်းဆွဲရာကနေ ဓာတ်လိုက်သွားတာပါ” ဟု ၎င်းကပြောသည် ။ ဓာတ်လိုက်ပြီးနောက် ချက်ချင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံ တွင် ကွယ်လွန် သွားသဖြင့် ကိုဇော်လွင်၏ ရုပ်အလောင်းကို ရင်ခွဲရုံသို့ပို့ဆောင်ပေးရန် ဆေးရုံမှအကူအညီတောင်းသဖြင့် […]

ပုလောက ဇရပ်ဆိပ်ရွာကို ဒရုန်းဖြင့်ဗုံးချပြီးနောက် တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

May 6, 2025

ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချပြီးနောက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။ ယနေ့(မေလ ၆ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလောပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ဂျက်ဖိုက်တာနဲ့ လာကြဲသွားတယ်။ ဇရပ်ဆိပ်ရွာထဲကျတယ်” ဟု ၎င်းက ပြောသည်။ တိုက်လေယာဉ်ဖြင့် ကြဲချသည့်ဗုံးက ဇရပ်ဆိပ်ရွာ ဘောလုံးကွင်းအနီးရှိ ဥယျာဉ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးမကြဲမီ ဒရုန်းတစ်စီးဖြင့် ဗုံးသီး ၃ လုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သေးကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။ “ဒရုန်းက ဘောလုံးကွင်းနားမှာ အရင်(ဗုံး)ချပြီးမှ နောက်တစ်ချီ လေယာဉ်(ဗုံး)လာချတာ”ဟု ၎င်းက ဆိုသည်။ အထက်ပါ တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း နေအိမ်နှင့် […]

ထိုင်းအမျိုးသမီးကို နောက်ယောင်ခံလိုက်ခြိမ်းခြောက်သည့် မြန်မာအမျိုးသား နေရပ်ပြန်ပို့ခံရမည်

Dawei Watch

May 6, 2025

ထိုင်းအမျိုးသမီးကို နောက်ယောက်ခံလိုက်ပြီး အကြိမ်ကြိမ် ခြိမ်းခြောက်နှောင့်ယှက်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦးကို ဒဏ်ငွေ ဘတ် ၁၀၀၀ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြသည်။ မြန်မာအမျိုးသား၏ နောက်ယောက်ခံလိုက်နှောင့်ယှက်မှုကို ထိုင်းအမျိုးသမီးက ရဲတပ်ဖွဲ့ထံ အကြိမ်ကြိမ်တိုင်ကြားခဲ့ သော်လည်း အရေးယူခြင်းမရှိသဖြင့် Facebook အကောင့်ပေါ်တင်၍ အကူအညီတောင်းခံခဲ့ကြောင်းဆိုသည်။ အသက် ၂၈နှစ်အရွယ် လင်းအမည်ရှိ ထိုင်းအမျိုးသမီးသည် နောက်ယောင်ခံလိုက်ခံရမှုကို ဘန်ခွန်ထီယမ်ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသားက သုံးရက်ကျော်သည်အထိ လိုက်လံနှောင့်ယှက်ပြီး ခြိမ်းခြောက်နေသဖြင့် ညဘက်အိပ်မပျော်တော့ဘဲ တစ်ယောက်တည်း သွားလာရန်ပင် ကြောက်ရွံ့နေခဲ့ကြောင်း ထိုင်းအမျိုးသမီးက သတင်းတွင် ပြောဆိုထားသည်။ ရဲတပ်ဖွဲ့ထံ တိုင်ကြားရာတွင်လည်း အတွေးလွန်နေသည်ဟုသာ တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ မြန်မာအမျိုးသားသည် Instagram မှတစ်ဆင့် အင်္ဂလိပ်ဘာသာဖြင့် စာပို့၍ […]