ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် ဘတ် ၁၁ သိန်းကျော် ခိုးယူသည်ဟုဆိုကာ မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

May 8, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် အလုပ်ရှင်ထံမှ ဘတ် ၁၁ သိန်းကျော် ခိုးယူသည်ဟု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၁ ရက်မှ ၇ ရက်ကြား ဖူးခက်မြို့ထဲ မှုခင်းနှိမ်နှင်းရေးကာလအတွင်း အသက် ၂၃ နှစ်အရွယ် ကိုညီဘိုသက်ကို ချလွမ်ထလေရှိ တိုက်ခန်းထဲ ဘတ် ၁၁ သိန်း‌ကျော် ခိုးယူမှုနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသော နေ့ရက်အတိအကျကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိပေ။ ကိုညီဘိုသက်နှင့်အတူ Scoopy ဆိုင်ကယ်၊ ခိုးယူခဲ့စဉ်က အဝတ်အစားနှင့် လွယ်အိတ် ဦးထုပ်၊ ဘတ် ၂၀၀၀ ခန့်အပါအဝင် သက်သေပစ္စည်း ခုနစ်ခုကိုလည်း သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ခိုးယူထားသော ဘတ် ၁၁ သိန်း […]

ရေး-ထားဝယ်လမ်းပိုင်းတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

May 8, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်း မော့ကနင်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ မေလ ၇ရက် ညနေ ၄နာရီခန့်က မော့ကနင်ကျေးရွာသား အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရေး-ထားဝယ် ကားလမ်းမဘေး စစ်ကောင်စီ ခလရ-၁၀၆ တပ်ရင်းအနီးတွင် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသားတွင် ညာဘက်ခြေထောက် ဒူးအောက်ပိုင်းမှာ ဖြတ်တောက်ရပြီး ဘယ်ဘက် ခြေထောက်တွင်လည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “သူက ခြံကနေ ပြန်လာရင်း (မိုင်း) နင်းမိသွားတယ်လို့တော့သိထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဥယျာဉ်ခြံမှပြန်လာစဥ် ခလရ ၁၀၆ တပ်ရင်းအနီး လမ်းဘေး၌ အပေါ့သွားစဉ် မိုင်းနင်းမိကြောင်း မော့ကနင်ရွာခံတစ်ဦးက ပြောဆိုသည် ။ […]

တနင်္သာရီ ညောင်ပင်ကွင်းရွာတွင်း အနီးကပ်ပစ်ခတ်မှုတွင် နှစ်ဖက်ထိခိုက်မှုရှိ

Dawei Watch

May 8, 2025

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း ‌တော်လှန်ရေးတပ်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ မေလ ၇ ရက် နံနက် ၆နာရီခွဲခန့်တွင် ညောင်ပင်ကွင်းရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းက စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ညောင်ပင်ကွင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “စကစဘက်က လက်နက်ကြီးရော၊ ငယ်ရော ၂ နာရီနီးပါး အပြန်အလှန်ပစ်ခတ်ကြတယ်” ဟု ၎င်းက ဆိုသည်။ မြိတ်ခရိုင်၊ PDF အမှတ် ၃ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံကလည်း ပူးပေါင်းမဟာမိတ်စစ်ကြောင်း၏ တိုက်ခိုက်မှုအတွင်း နှစ်ဖက်သေဆုံးမှုရှိခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ပြောဆိုသည်။ “နှစ်ဖက် ဆိုင်ပစ်တာပါ။ သူတို့ဘက်က ၃ယောက်သေတယ်။ ကျွန်တော်တို့ဘက်က […]

ပါကစ္စတန်နယ်ခြားမျဉ်းတစ်လျှောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ဟု အိန္ဒိယပြော

Dawei Watch

May 8, 2025

ပိုင်နက်အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ နယ်ခြားမျဉ်းတစ်လျှောက်တွင် အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများအကြား မနေ့ညက လက်နက်ငယ်နှင့် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယစစ်တပ်က ယနေ့ ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယင်းသို့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်တွင် သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ထပ်တလဲလဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးပစ်ခတ်မှုအထိ အရှိန်မြင့်တက်လာခဲ့သည်။ ဗုဒ္ဓဟူးနေ့က ၎င်း၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ရှိ အကြမ်းဖက်သမားများ ရှိသည်ဆိုသော စခန်း ၉ ခုကို ဖျက်ဆီးနိုင်ခဲ့ဟု အိန္ဒိယက ပြောသည်။ အိန္ဒိယ၏ ဗုဒ္ဓဟူနေ့အစောပိုင်း ဒုံးကျည်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ကလဲ့စားချေတုံ့ပြန်သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ထိုနေ့ညမှာပင် နိုင်ငံသို့ မိန့်ခွန်းပြောကြားခဲ့သည်။ […]

ကျိုက်ထိုတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံတစ်သောင်းခန့် စစ်ဘေးရှောင်ထွက်ပြေး

Dawei Watch

May 8, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံပြည်သူ တစ်သောင်းခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။ စစ်ကောင်စီက ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်အတွင်း ကျေးရွာများကို ဧပြီလ ၂၈ ရက်နှင့် မေလ ၂ရက်၊ ၄ရက်၊ ၆ ရက်နေ့တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။ ယင်းအပြင် မေလ ၂ ရက်နေ့က စစ်ကောင်စီ ခမရ-၂၀၇၊ အမတ-၃၁၀ တပ်ရင်းတို့မှ ၆၀ မမ၊ ၈၁ မမ နှင့် ၁၂၀ မမ လက်နက်ကြီး စုစုပေါင်း ၁၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ သုံးခွရေကျော် ဓမ္မဒူတဘုန်းကြီးကျောင်းအနီးနှင့် ရွာပြင်ရှိလုပ်ငန်းခွင်များအတွင်း […]

စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ရေဖြူ၊ နတ်ကြီးစင်ရွာသားများ နေရပ်စွန့်ထွက်ပြေး

Dawei Watch

May 7, 2025

ဟိန္ဇဲပင်လယ်ဝ ရေပြင်တွင် ရောက်ရှိနေသော စစ်ကောင်စီ သင်္ဘောများက ယနေ့ မေလ ၇ ရက် နံနက်ပိုင်းတွင် ရေဖြူမြို့နယ် ၊ နတ်ကြီးစင်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်ပြီး နတ်ကြီးစင်ရွာ အနောက်ဘက် လယ်ကွင်းပြင်နှင့် ဘောလုံးကွင်းတို့တွင် လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကဆိုသည်။ ” စိန်ဘုံဘက်ကနေ နတ်ကြီးစင်ဘက်မှာ လာရှောင်နေတဲ့ ရွာသားတွေလည်း နေမရတော့ဘူး ။ ထပ်ပြီးရှောင်နေရတယ်။ လက်နက်ကြီးက တစ်ဖက်တည်း ပဲ ပစ်နေတာ ။ ရွာထဲမှာ သက်ကြီးပိုင်းလောက်ပဲ ကျန်ပြီ “ ဟု နတ်ကြီးစင်ဒေသခံတစ်ဦးကပြောသည် ။ ဧပြီလတတိယပတ်မှစ၍ ရေဖြူမြောက်ပိုင်းကျေးရွာများတွင် စစ်ရေးတင်းမာနေသဖြင့် စိန်ဘုံ ၊ ဘုရားသုံးဆူ ၊ […]

သထုံတွင် တစ်ရက်အတွင်း လူငယ် ၃ ဦး အသတ်ခံရ

Dawei Watch

May 7, 2025

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တစ်ရက်အတွင်း လူငယ် အမျိုးသား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ဝင်းကိုဦး၊ အသက် ၂၃ နှစ်အရွယ် စိုးပြည့်ထူးနှင့် အသက် ၂၂ နှစ်အရွယ် အာပေကော်ဆိုသူတို့သည် မေလ ၅ ရက်နေ့ညက ပစ်ခတ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ကိုဝင်းကိုဦး၊ ကိုစိုးပြည့်ထူးနှင့် အာပေကော်တို့ ၃ ဦးသည် တောင်ကြားရပ်ကွက်၊ လက်ပံကုန်းအပိုင်း တောလမ်းတစ်နေရာတွင် ပစ်သတ်ခံထားရပြီး ၎င်းတို့၏ ရုပ်အလောင်းကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “သူတို့ကို ဘယ်သူတွေက လုပ်သွားလဲဆိုတာကတော့ မသိသေးဘူး။ သူတို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်လို့လည်း […]

ကန်ချနဘူရီက မြန်မာ ၁၆၀ ကျော် လုပ်ကိုင်နေသော ဂေါက်ကွင်း စစ်ဆေးခံရ

Dawei Watch

May 7, 2025

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မြန်မာအလုပ်သမား ၁၆၀ ကျော် အလုပ်လုပ်ကိုင်နေသည့် ဂေါက်ကွင်းကို ထိုင်းအာဏာပိုင်အဖွဲ့က လာရောက်စစ်ဆေးခဲ့ကြောင်း ထိုင်သတင်းဌာနများတွင် ဖော်ပြထားသည်။ မေလ ၆ ရက်နေ့ နေ့လယ်ပိုင်းက ကန်ချနဘူရီမြို့ လတ်ရဒေသရှိ မြန်မာလုပ်ငန်းရှင်တစ်ဦး ငှားရမ်းထားသော နာမည်ကြီးဂေါက်ကွင်းတစ်ခုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ လဝကအဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာပေါင်းစုံက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါဂေါက်ကွင်းထဲတွင် မြန်မာနိုင်ငံသားများစွာ ဂေါက်အိတ်ထမ်းသည့်အလုပ်ကို လုပ်ကိုင်နေသဖြင့် ထိုင်းနိုင်ငံသားများ အလုပ်လက်မဲ့ဖြစ်နေသည်ဟု ဌာနဆိုင်ရာများထံ တိုင်ကြားမှုရှိလာသဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံသားများ၏ အလုပ်များကို ခိုးယူလုပ်ကိုင်နေခြင်းရှိမရှိ ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂေါက်ကွင်းထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၆၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၈ ဦးတို့က ဂေါက်အိမ်းထမ်းသည့်အလုပ်ကို လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ဟုဆိုသည်။ မြန်မာနိုင်ငံသားများကို […]