ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဒုခေါင်ပွဲစဉ်အဖြစ် ဗရော်နီကာ ထိုးရမည်၊ ည ၁၁ နာရီဝန်းကျင်ရောက်မှသာ ကြည့်ရဖွယ်ရှိ

Dawei Watch

May 9, 2025

ကယန်းကျားသစ်မလေး ဟု ချစ်စနိုးတင်စားခေါ်ဝေါ်ကြသည့် ဗရော်နီကာ သည် ယနေ့ညတွင် ဒုခေါင်ပွဲစဉ်အဖြစ် ပွဲထိုးရလိမ့်မည်ဖြစ်ပြီး ယင်းအတွက် ဗရော်နီကာ၏ပွဲစဉ်ကို ညနက်ပိုင်းသို့ ရောက်ရှိမှသာ ကြည့်ရှုရဖွယ်ရှိနေပြီဖြစ်သည်။ ဗရော်နီကာ သည် အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ထိုင်းဖိုက်တာမလေး ဂျူနီယာ ဖဲတက် ကို ပြိုင်ဘက်အဖြစ် ထိုးရမည်ဖြစ်ပြီး ယနေ့ညတွင် ကျင်းပမည့် ONE Friday Fights 107 တွင် ပွဲစဉ်စုစုပေါင်း ၁၂ ပွဲ ပါဝင်လျက်ရှိသည်။ ဗရော်နီကာနှင့် ဂျူနီယာ ဖဲတက် တို့သည် ၁၁ ပွဲ ပွဲစဉ်အဖြစ် အားပြိုင်ကြရမည်ဖြစ်ပြီး ပွဲစဉ် ၇ ပွဲထိုးရာတွင် ၇ ပွဲလုံး အနိုင်ရထားသော ဂျူနီယာ ဖဲတက် ကို အနိုင်ထိုးပြနိုင်မည်ဟု ဗရော်နီကာက ကြုံးဝါးပြောဆိုထားသည်။ […]

ငလျင်ကြောင့် ရပ်နားထားသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ဇွန်လဆန်းတွင် ပြန်ကျင်းပမည်

Dawei Watch

May 9, 2025

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ဆိုင်းငံ့ခဲ့သည့် ဓမ္မာစရိယစာမေးပွဲနှင့် ကျင်းပရန်စီစဥ်ထားသော ပထမပြန်စာမေးပွဲများကို ဇွန်လဆန်းတွင် ပြန်ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ယနေ့ မေလ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည် ။ ဖြေဆိုဆဲ ဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၂ ရက်မှ ၆ ရက်အထိ ပြန်ကျင်းပမည်ဖြစ်ပြီး ငလျင်မတိုင်မီ ဖြေဆိုထားသည့် ကျမ်း ၂ ကျမ်းကို ပြန်လည်ဖြေဆိုရန် မလိုတော့ကြောင်း စာမေးပွဲကြီးကြပ်ဆရာတော်များထံမှ သိရသည်။ “ငလျင်လှုပ်ပေမယ့် စာဖြေဌာနတော်တော်များများက စာမေးပွဲအချိန် ပြီးသွားကြတယ်။ စစ်ကိုင်းနဲ့ မန္တလေးလို ငလျင်ထိတဲ့ ဒေသတွေတော့ ဖြေရင်းတန်းလန်း ပိတ်မိတာမျိုးဖြစ်ကြတယ်။ ငလျင်ဒဏ်သင့် စာဖြေဌာနတွေအတွက် ကုစားအနေနဲ့ ဒုတိယကျမ်း ပထမရက်အောင်ရင် တစ်ကျမ်းလုံးအအောင်ပေးဖို့ စီစဥ်ထားတယ်လို့ သိရတယ်” […]

RFA မြန်မာပိုင်းအစီအစဉ်များ လုံးဝရပ်နားကြောင်း ကြေညာ

Dawei Watch

May 9, 2025

ရန်ပုံငွေ မသေချာ မရေရာမှုများကြောင့် RFA မြန်မာပိုင်းအစီအစဉ်များထုတ်လွှင့်မှုများကို လုံးဝ ရပ်နားတော့မည် ဖြစ်ကြောင်း RFA မြန်မာပိုင်းက ယနေ့ မေလ ၉ရက်တွင် ကြေညာသည်။ “ကျွန်တော်တို့ RFA မြန်မာပိုင်းအစီအစဉ်တွေ လုံးဝ ရပ်နားရပါတော့မယ်။ ပရိသတ်များအားလုံးကို ဝမ်းနည်းစွာနဲ့ပဲ နှုတ်ဆက်စကား ဆိုရပါတော့မယ်” ဟု RFA မြန်မာပိုင်း၏ ဌာနမှူး ဦးကျော်ကျော်အောင်က ပြောဆိုသည်။ RFA မြန်မာပိုင်းအစီအစဉ်ကို နှစ်ပေါင်းများစွာ နားဆင်ခဲ့ကြသည့် ပရိသတ်များ၏ အားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်းကြေညာချက်တွင် ဖော်ပြသည်။ VOA နှင့် RFA သတင်းဌာနများကို ငွေကြေးထောက်ပံ့နေသည့် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ကို လုပ်ငန်းအဆုံးစွန်ထိ လျှော့ချရန် မတ်လ ၁၅ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန်သစ် […]

အိန္ဒိယဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့ဟု ပါကစ္စတန်ဆို

Dawei Watch

May 9, 2025

အိန္ဒိယဘက်မှ တိုက်ခိုက်လာသည့် ဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အိန္ဒိယကို နောက်ထပ်လက်တုံ့ပြန် တိုက်ခိုက်သွားမည့်အရေးမှာ ပိုမိုသေချာသွားပြီဟု ပါကစ္စတန်စစ်တပ်က ဆိုသည်။ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဆယ်စုနှစ်နှစ်ခုစာအတွင်း အဆိုးရွားဆုံး စစ်ရေးပဋိပက္ခ ပေါ်ပေါက်လျက် ရှိသည်။ ပါကစ္စတန်နိုင်ငံ နေရာအနှံ့သို့ အိန္ဒိယဘက်မှ တိုက်ခိုက်လာသည့် အစ္စရေးထုတ် Harop ဒရုန်း အစီးရေ ၂၅ စီးကို ပစ်ချခဲ့နိုင်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ အိန္ဒိယဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ နောက်ထပ်ကျူးကျော်ရန်စမှုလုပ်ရပ်တစ်ခုကို ထပ်မံပြသလိုက်ခြင်း ဖြစ်သည်ဟု ပါကစ္စတန်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် အာမက်ရှာရစ်ချောင်ဒရီက […]

ထိုင်း-မြန်မာနယ်စပ် ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်

Dawei Watch

May 9, 2025

စစ်ကောင်စီ၏ အခိုင်အမာတပ်စခန်းတစ်ခုဖြစ်သော တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ထီးခီးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(မေ ၉) မနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကနဦးရရှိသည့် သတင်းများအရသိရသည်။ ယင်းထီးခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဧပြီလနှောင်းပိုင်းမှစတင်ကာ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့နံနက်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ထီးခီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။ လက်ရှိတွင်နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်သည့်အတွက် သုံ့ပန်းဖမ်းမိမှုအခြေအနေနှင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကုန်းကို KNLA နှင့် ပူးပေါင်းတပ်များ က ဧပြီ ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းစခန်းနှင့် ၅ မိုင်ကျော်သာဝေးသည့် ထီးခီးနယ်စပ်စခန်းကို ဆက်လက်သိမ်းပိုက်နိုင်ရန် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

ထားဝယ်တွင် ကွမ်းသီးခြောက် အမြင့်ဆုံးစျေးရောက်

Dawei Watch

May 9, 2025

ထားဝယ်တွင် ကွမ်းသီးနုရာသီအစ မေလ ပထမပတ်အတွင်း ကွမ်းသီးခြောက် အခြမ်း တစ်ပိသာ နှစ်သောင်းခွဲကျပ်အထိ ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။ ပြီးခဲ့သည်နှစ်က ထားဝယ်ဒေသ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များတွင် ကွမ်းသီးနု စျေးကောင်းသည့်အတွက် ခူးယူ ရောင်းချ သူများသဖြင့် ကွမ်းသီးခြောက် ထွက်ရှိမှုနည်းပြီး စျေးတက်နေခြင်းဖြစ်ကြောင်း ထာဝယ်မြို့ ရှိ ကွမ်းသီးပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ကွမ်းသီးခြောက်မှာ တောင်သူများလက်ထဲတွင် ကုန်ခါနီးဖြစ်နေပြီ ဖြစ်သဖြင့် လတ်တလောတွင် စျေးပိုမိုတက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲသည့် ဇန်နဝါရီလနှင့် ဧပြီလကြားတွင် ကွမ်းသီးခြောက်အခြမ်း တစ်ပိသာ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ကြားတွင်သာ စျေးရှိခဲ့ကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။ “အခုစျေးက အမြင့်ဆုံးလို့ ပြောလို့ရမယ်။ ပြီးခဲ့ရာသီက ကွမ်းသီးနု ဆွတ်ရောင်းကြတာများလို့ […]

ရမ်းဖိုရွာတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးဒဏ်ရာရပြီး အိမ်တစ်ဆောင်မီးလောင်

Dawei Watch

May 8, 2025

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မတ် ၈ရက်နေ့ နံနက် ၉နာရီခွဲ ဝန်းကျင်တွင် ဇဝဲရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ၆၀မမ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ရမ်းဖိုရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်နှင့် ၆ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရသွားပြီး ရွာအတွင်းရှိ နေအိမ်တစ်ဆောင် မီးလောင်ပြာကျသွားကြောင်း ရမ်းဖိုရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “အဲအိမ်နားကိုပဲ နှစ်လုံးကျသွားတယ်။ တစ်ယောက်ကတော့ မီးလောင်အိမ်ထဲကိုကျတဲ့လက်နက်ကြီးကြောင့် ခြေမှာဒဏ်ရာရတယ်။ နောက်တစ်ယောက်ကတော့ ရေတွင်းမှာရေချိုးနေရင်း လက်နက်ကြီးအစ လာမှန်ပြီး လက်မှာထိတာ” ဟု အဆိုပါဒေသခံက ပြောသည်။ […]

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေ‌သဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့ခံအားလုံးနီးပါးတိမ်ရှောင်

Dawei Watch

May 8, 2025

ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် မြို့ခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ ဧပြီလ ၂၇ ရက်မှစတင်ကာ လေညာကျေးရွာရှိ စစ်ကောင်စီတပ်က PDF များ ရောက်နေသည်ဟုဆိုကာ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသဖြင့် မြို့ခံများက နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့ထွက်ပြေးနေရ‌ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်က မေလ ၆ရက်နှင့် ယနေ့ မေလ ၈ရက်တို့တွင်လည်း လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်ပြီး နေအိမ်အချို့ ပျက်စီးကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “ရက်တိုင်းနီးပါးရှိနေပြီ ပစ်နေတာ။ မနေ့ကလည်း ပစ်တယ်။ ဒီနေ့လည်း (မနက်) ၉နာရီလောက်ကတည်းက ပစ်နေတာ။ နားလိုက် ပစ်လိုက်လုပ်နေတယ်” ဟု အဆိုပါမြို့ခံက ယနေ့ မေလ ၈ရက်တွင် ပြောသည်။ ဧပြီလ ၂၇ရက်က […]