ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့်အတူ KNU ထံ ဘက်ပြောင်း

Dawei Watch

May 10, 2025

ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်က တပ်သားနှစ်ဦးသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)ထံ လက်နက်နှင့်အတူ ဘက်ပြေင်းခိုလှုံကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ မေလ ၉ ရက် မွန်းလွဲ ၂နာရီတွင် သိန်ခွန်းကျေးရွာရှိ KNU တပ်မဟာ ၄လက်အောက်ခံ KNLAတပ်ရင်း ၁၁ထံ MA1 အမျိုးအစား သေနတ် နှစ်လက်နှင့်အတူ ဘက်ပြောင်းလာကြောင်း KNLA တပ်ရင်း ၁၁ တပ်စိတ်မှူး ကိုချစ်က ပြောသည်။ ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၂၄တပ်ရင်းက အသက်၃၆ နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် တပ်သားတစ်ဦးတို့ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ”သူတို့က စစ်သားတွေပဲ။ မနေ့ နေ့လယ်ဘက်က ရှေ့တန်းတစ်နေရာမှာ သွားကြိုလာတယ်။ တစ်ဦးချင်းကို […]

ထားဝယ်မြို့အနီးရှိ တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်ဖျက်ဆီး

Dawei Watch

May 10, 2025

ထားဝယ်မြို့နယ် တောနားကျေးရွာအနီးရှိ ကွန်ကရစ်တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၀ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါတံတားမှာ ရှမ္မတွင်းနှင့် တောနားကျေးရွာ ရွာချင်းဆက် တံတားငယ်ပြီး ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ် အင်အား တစ်ရာဝန်းကျင် ကားနှစ်စီးဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ကွန်ကရစ်တံတားကို ဘက်ဟိုးနဲ့ လာဖျက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ တံတားငယ်ကို ဖြိုချကာ မြေကြီးကိုပါတူးကာ ဖျက်ဆီးလိုက်သဖြင့် လမ်းပိုင်း ဖြတ်တောက်သွားပြီး ကား၊ ဆိုင်ကယ် စသည် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုဖျက်ဆီးခံရသော တံတားငယ်သည် ထားဝယ်မြို့အဝင်၌ရှိ‌သော ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ တံတားကို ဖျက်ဆီးနေချိန်တွင် […]

ဘုတ်ပြင်းတွင် စစ်ကူလာသည့်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

Dawei Watch

May 9, 2025

ဘုတ်ပြင်းမြို့ဘက်မှ လေညာကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။ မေလ ၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဘုတ်ပြင်းဘက်မှ VIGO ကား ငါးစီး၊ ကျောက်တင်ကား နှစ်စီးတို့ဖြင့်လာသည့် စစ်ကောင်စီတပ်သားများကို ဘိုဒါးနှင့် ဝါးချောင်းကျေးရွာကြား ‌ကျောက်ဖြူတောင် ရေချိုချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့က မေလ ၉ ရက်တွင် ထုတ်ပြန်သည်။ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းတွင် ခလရ-၂၂၄ ၊ ခမရ ၃၅၈ နှင့် ခလရ ၄၃၂ တပ်ရင်းသုံးခုက စစ်ကောင်စီတပ်သားများပါဝင်ကြောင်း ပူး‌ပေါင်းတပ်တွင်ပါဝင်သည့် KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ ၏ ပြန်ကြားရေးတာဝန်ခံက […]

ပုလောမြို့မရဲစခန်းကို မြိတ်ခရိုင် PDF ဝင်ရောက်တိုက်ခိုက်

Dawei Watch

May 9, 2025

စစ်ကောင်စီလက်အောက်ခံ ပုလောမြို့မရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။ ပုလောမြို့အဝင် တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ယနေ့ မေ ၉ရက် နံနက် ၆နာရီ ဝန်းကျင်တွင် မြိတ်ခရိုင်၊ အမှတ် (၁) PDF တပ်ရင်းက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသေဆုံးကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) PDF တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ကျွန်တော်တို့ဘက်က ဝင်စီးပြီးချိန် ရဲစခန်းထဲက သူတို့တပ်ဖွဲ့တွေဘက်က ပြန်ပစ်တယ်။ ရဲအုပ်ကတော့ ကျွန်တော်တို့ စပစ်တာနဲ့ ပွဲချင်းပြီးသေသွားတယ်။ ရဲတပ်သားကတော့ ရဲစခန်းအဝင်ပေါက်မှာ သေသွားတယ်” ဟု အထက်ပါ ၎င်းက ပြောသည်။ တိုက်ခိုက်မှုအတွင်း လက်နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 9, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၃ ရက်မှ မေ ၉ ရက်အထိ အမေရိကန် ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ် ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်ကာဒီနယ် ရောဘတ်ပရီဗို့စ် ကို ရွေးချယ်လိုက်တယ်လို့ ဗာတီကန်နန်းတော်က ကြေညာလိုက်ပါတယ်။ ရောဘတ်ပရီဗို့စ်က ပုပ် လီယို ၁၄ ဘွဲ့တော်နဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ် ခံယူသွားမှာပါ။ သက်တော် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ် ရောဘတ်ပရီဗို့စ်ဟာ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပေမဲ့ ပီရူးနိုင်ငံက သာသနာပြုလုပ်ငန်းတွေမှာပဲ နှစ်မြှုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ကမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ကို ကာဒီနယ်ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပရီဗို့စ်ဟာ ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း ချီကလာယိုမှာ ၂၀၁၅ ခုကနေ ၂၀၂၃ ခုအထိ သာသနာပြုလုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းအဖြစ်ရွေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့ ပြောပါတယ်။ Ref: BBC …………………………………….. မြောက်ကိုးရီးယာက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ် မြောက်ကိုရီးယားနိုင်ငံက မေလ ၈ ရက်နေ့က ပဲ့ထိန်းဒုံးကျည်တွေကို ပင်လယ်ထဲ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ ဒါကို ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒုံးကျည်တွေဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းပေါ်မှာ ပျံသန်းသွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အများစုက တာတိုပစ်တွေဖြစ်ပြီး တစင်းကတော့ ၈၀၀ ကီလိုမီတာလောက်ကို အမြင့်ဆုံး အမြင့်ပေက ၁၀၀ လောက်နဲ့ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒုံးကျည်ကတော့ ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက် ဂျပန်ပင်လယ်မှာ ကျရောက်ခဲ့တယ်လို့ပြောပါတယ်။ ဒီလုပ်ရပ်က ဂျပန်နိုင်ငံရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။ Ref: DW …………………………………….. အိန္ဒိယ-ပါကစ္စတန်ကြား တိုက်ခိုက်မှု အပြန်အလှန် ရှုတ်ချ ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ပြန်လည် လက်တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူကနေကြေညာလိုက်ပါတယ်။ အိန္ဒိယရဲ့ လုပ်ရပ်တွေက အကြောင်းမဲ့ အကြမ်းဖက်မှုဖြစ်ပြီး ရန်လိုမှုတွေဖြစ်တယ်လို့ ပြောဆိုထားတာပါ။ အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန်မှာ အရပ်သား ၃၆ ဦး သေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဘက်မှာလည်း ပါကစ္စတန်လက်နက်ကြီးတွေကြောင့် ၁၂ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယဘက် ကက်ရှ်မီးယားမှာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူခရီးသွား ၂၆ ဦးသေဆုံးခဲ့တာနဲ့ ပက်သက်ပြီး နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး တင်းမာနေသလိုအပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။ ပါကစ္စတန်ဘက်ကတော့ အိန္ဒိယနိုင်ငံက ဂျက်လေယာဉ်တွေနဲ့ ဒရုန်းတွေကို လေကြောင်းပစ်လက်နက်တွေကနေ ပစ်ချထားပါတယ်။ Ref: BBC …………………………………….. ဖင်လန်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ထွက်ပြေးလွတ်မြောက် ဖင်လန်နိုင်ငံမြောက်ပိုင်းရှိ ရိုဗာနီယယ်မီ လေဆိပ်အနီးမှာ မေ ၇ ရက်က ဖင်လန်လေတပ်ပိုင်တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။ လေယာဉ်မှူးကတော့ လေယာဉ်ပေါ်က ခုန်ထွက်လွတ်မြောက်ခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ထားရတာပါ။ တိုက်လေယာဉ်ပျက်ကျပြီးတဲ့နောက် ရဲတွေက လေဆိပ်အသွားလမ်းကို ယာဉ်ကြောပိတ်ဆို့ထားပြီး လေဆိပ်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လဲ လေဆိပ်ကိုတော့ ဆက်ဖွင့်ထားခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ Ref: REUTERS …………………………………….. ရုရှားနဲ့ ယူကရိန်း အကျဉ်းသား ၂၀၀ ကျော် လဲလှယ် ယူအေအီးနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မေလ ၆ ရက်နေ့က ရုရှားနဲ့ ယူကရိန်းတို့ကအကျဉ်းသား ၂၀၅ ဦးကို လဲလှယ်ခဲ့ပါတယ်။ ယူကရိန်းစစ်သားတွေကို ပြန်ခေါ်လာနေပြီး အကူအညီအတွက် ယူအေအီးနိုင်ငံကို ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ထုတ်ပြန်ပါတယ်။ […]

ကမြောကင်းတံတားဂိတ် ဖွင့်ချိန်နောက်ကျ၍ ဈေးသည်များအခက်ကြုံ

Dawei Watch

May 9, 2025

ထားဝယ်မြို့နှင့်လောင်းလုံးမြို့ကို ဖြတ်သန်းဆက်သွယ်ထားသည့် ထားဝယ် မြစ်ကူးတံတားဖြစ်သော ကမြောကင်းတံတားဖွင့်ချိန်သည် ယခုရက်ပိုင်း နောက်ကျနေခြင်းကြောင့် ထားဝယ်မြို့သို့ ဈေးဝယ်သွားသည့် နယ်ဈေးသည်များ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။ ယခင်က ကမြောကင်းတံတားကို နံနက် ၅ နာရီခွဲခန့်တွင် ပုံမှန်ဖွင့်ပေးလေ့ရှိသော်လည်း မေလ ၈ ရက်နေ့မှစ၍ နံနက် ၆ နာရီ ကျော်မှ ဖွင့်လှစ်ပေးခြင်းကြောင့် ထားဝယ်မြို့ပေါ် ရှိ ကမ်းနားဈေးသို့ စျေးဝယ်ရန် သွားမည့်ဈေးသည်များ ယခုရက်ပိုင်းအခက်ကြုံနေရကြောင်း လောင်းလုံးမြို့နယ်မှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။ “တံတားဖွင့်ချိန် နောက်ကျတော့ ဈေးဝယ်ရတာအဆင်မပြေဘူး။ ဈေးရောက်သွားတဲ့အချိန်မှာ ဈေးဝယ်စရာ စုံစုံလင်လင်မရတော့ဘူး”ဟု ယင်းအမျိုးသမီးကပြောသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထားဝယ်မြိုမှ သရက်ချောင်းမြို့နယ်ဘက်သို့ သွားသည့် လမ်းပိုင်းတွင်ရှိသော ထားဝယ်မြစ်ကူးတံတား […]

ထိုင်းတောင်ပိုင်းတွင် ဖုန်းပြင်ရောင်းသည့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

May 9, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် မိုဘိုင်းဖုန်းများကို ပြုပြင်ပြီး ပြန်လည်ရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦး မေလ ၈ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကျွန်းပေါ်တွင် နိုင်ငံခြားသား ခရီးသွားအများစုက ရဲတပ်ဖွဲ့ထံ ဖုန်းပျောက်တိုင်ကြားမှု ပိုများလာသဖြင့် လိုက်လံစုံစမ်းရာမှ ဖုန်းများကို ပြင်ဆင်ပြီး ရောင်းချနေသော မြန်မာနိုင်ငံသား ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကိုကျော်ထက်ဦးဖြစ်ပြီး ကျွန်းပေါ်ရှိ မြန်မာနိုင်ငံသားများထံမှ ဖုန်းများကို ဝယ်ယူပြင်ဆင်၍ ပြန်လည်ရောင်းချနေသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းနှင့်အတူ မိုဘိုင်းဖုန်း ၄၉ လုံးနှင့် ဖုန်းပြင်ဆင်သော ပစ္စည်းများကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။ Lock ကျနေသော ဖုန်းများကို အဓိက ဝယ်ယူပြီး ပြန်လည်ပြင်ဆင်ကာ မြန်မာနိုင်ငံသားများထံ အရစ်ကျဖြစ်စေ […]

ပေါ်တူဂီ ယူ-၁၅ အသင်း လက်ရွေးစင်အဖြစ် စီရော်နယ်ဒို၏သား ရွေးချယ်ခံရ

Dawei Watch

May 9, 2025

စီရော်နယ်ဒို၏သားကြီးဖြစ်သူ ခရစ္စတီယာနို ဂျူနီယာ သည် ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင်အသင်းအတွက် လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်း FootyRoom က ဖော်ပြထားသည်။ စီရော်နယ်ဒို၏သားကြီးဖြစ်သူသည် လက်ရှိတွင် အယ်လ်နတ်စ်ဆာလူငယ်အသင်းတွင် ခြေစွမ်းပြ ကစားနေပြီး ခရစ္စတီယာနို ဂျူနီယာ၏ရည်ရွယ်ချက်မှာ တစ်နေ့နေ့တွင် ဖခင်ဖြစ်သူနှင့်တွဲဖက်၍ ပွဲကစားခွင့်ရနိုင်ရန်ဖြစ်သည်။ ပေါ်တူဂီ ယူ-၁၅ အသင်းသည် လာမည့်သီတင်းပတ်အတွင်း၌ ခရိုအေးရှား ယူ-၁၅ အသင်းနှင့် ကစားရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် စီရော်နယ်ဒို၏သားကြီးဖြစ်သူကို ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင်အသင်းနည်းပြက အသင်းအတွက် ခေါ်ယူလိုက်ခြင်းဖြစ်သည်။ စီရော်နယ်ဒို၏သားကြီးဖြစ်သူသည် ဖခင်နှင့်ပူးတွဲ၍ လေ့ကျင့်ရေးများ ကြိုးစားလုပ်ဆောင်နေသူဖြစ်ပြီး ခရစ္စတီယာနို ဂျူနီယာမှာ ကစားအားကောင်းမွန်သော်လည်း ဖခင်ခြေရာကို နင်းနိုင်ရန် လိုအပ်ချက်များရှိနေဆဲဖြစ်သည်ဟု သုံးသပ်ခံထားရသည်။ Source – FootyRoom