ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်‌‌စျေးကွက်တွင် ဆားကြမ်းစျေး စံချိန်တင် မြင့်တက်

Dawei Watch

May 2, 2025

မွန်ပြည်နယ်တွင် ယခုနှစ်ဆားရာသီ ဆားအထွက်လျော့နည်းသည့်အတွက် လက်ရှိတွင် ဆားကြမ်း တစ်ပိဿာ ပေါက်စျေး ကျပ် ၅၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် အလုပ်သမားအခက်အခဲကြောင့် ဆားလုပ်ငန်းကောင်းကောင်း မလည်ပတ်နိုင်သည့် အတွက် ဆားထုတ်လုပ်နိုင်မှု လျော့နည်းသလို ရာသီဥတုကြောင့်လည်း ဆားလုပ်ငန်းခွင် စောပြီး ပိတ်သိမ်းရသဖြင့် ဆားအထွက်လျော့နည်းကြောင်း ဆားတောင်သူများက ဆိုသည်။ ဆားထုတ်လုပ်မှု လျော့ကျပြီး ဆားတောင်သူများလက်ထဲ ဆားမရှိသည့်အတွက် ဆားစျေးလည်း မြင့်တက်လာကြောင်း သံဖြူဇမြို့နယ်၊ ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောဆိုသည်။ “ဒီနှစ်လိုမျိုး တခါမှ မကြုံဖူးဘူး။ ဆားထုတ်လုပ်လို့ကောင်းတဲ့ ဧပြီလမှာ မိုးက တစ်လလုံးနီးပါးပဲ ရွာတာ။ ဆားလုပ်ငန်းခွင် ပိတ်သိမ်းရတဲ့အထိပါပဲ။ ပုံမှန်ဆို ဆားလုပ်ငန်းက မေလကုန်လောက်မှ သိမ်းကြတာ။ ဒီနှစ်က ရာသီဥတုကြောင့် […]

ကျွန်းစုတွင် ပျူစောထီးများပါလာသည့်ကားကို မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

Dawei Watch

May 2, 2025

ကျွန်းစုမြို့နယ်၊ ပြင်ဝန်းရွာ ရေတံခွန်အနီးတွင် ပျူစောထီးများ လိုက်ပါလာသည့် ကားကို ဧပြီလ ၃၀ ရက် ည ၇ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များရှိခဲ့ကြောင်းကို ဒေသခံများ နှင့် တော်လှန်ရေးအင်အားစုများ ထံမှ သိရသည်။ ပျူစောထီး ၉ ဦးလိုက်ပါသည့် ကားကို မင်းဂုတ်ကျေးရွာအုပ်စု၊ ပြင်ဝန်းရေတံခွန်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မောင်းလှော်ရွာမှ ပျူစောထီးခေါင်းဆောင် ဦးထွန်းဝေ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည် ။ “မိုင်းဆွဲပြီးနောက် ပစ်ခတ်သံတော့မကြားရဘူး။ ဒါပေမဲ့ ပျူခေါင်းဆောင် ထွန်းဝေတော့သေသွားတယ်။ ကျန်တဲ့သူတွေလည်းဒဏ်ရာရပြီး ကားမောင်းတဲ့သူဆိုအခုထိ စိတ်ကယောက်ကယက်ဖြစ်နေတုန်း” ဟု မောင်းလှော်ဒေသခံတစ်ဦးကပြောသည်။ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာမှ ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်ကာ သတ်သေသွားသည့် စစ်သားအလောင်းအား လာသယ်သည့်ကားကို မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟု […]

တရုတ်၊ အိန္ဒိယမှ ကွန်မြူနစ်ပါတီများနှင့် ပိုနီးကပ်စွာ ဆက်ဆံသွားမည်ဟု သီရိလင်္ကာဆို

Dawei Watch

May 2, 2025

တရုတ်နှင့်အိန္ဒိယမှ ကွန်မြူနစ်ပါတီများနှင့် ပိုနီးကပ်စွာ ဆက်ဆံသွားမည်ဟု သီရိလင်္ကာအစိုးရက မေလ ၁ ရက်နေ့က အလုပ်သမားနေ့ လူထုအခမ်းအနားတွင် ကတိပြုပြောဆိုလိုက်သည်။ သီရိလင်္ကာသည် နိုင်ငံအရွယ်အစား သေးငယ်သော်လည်း မဟာဗျူဟာမြောက် အရေးပါသော နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးက သီရိလင်္ကာတွင် လွှမ်းမိုးမှုရရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ ယမန်နေ့ကကျင်းပခဲ့သော အလုပ်သမားနေ့ လူထုအခမ်းအနားမှာ လက်ဝဲယိမ်းသမ္မတ အနူရာကုမုဒြာဒိသန်နာယကေ တက်လာပြီးနောက် ပထမဆုံး ကျင်းပသည့် အခမ်းအနားဖြစ်သည်။ အဆိုပါ အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် အိန္ဒိယကွန်မြူနစ်ပါတီများမှ အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) က သီရိလင်္ကာသမ္မတ ဒိသန်နာယကေ၏ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (JVP) နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အလုပ်သမားနေ့ လူထုအခမ်းအနား၌ ပရိသတ်အမြောက်အများကို […]

မေဒေးနေ့ ဘန်ကောက်လှုပ်ရှားမှုများတွင် မြန်မာလုပ်သားများပါဝင်

Dawei Watch

May 1, 2025

ယနေ့ မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် ဘန်ကောက်တွင် ချီတက်တောင်းဆိုပွဲနှင့် အခြားလှုပ်ရှားမှုများတွင် ထိုင်းရောက်မြန်မာအလုပ်သမားများလည်း ပါဝင်ကြောင်း တက်ရောက်လာသော မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြုလုပ်သော မေဒေးနေ့ အလုပ်သမားအရေးချီတက်တောင်းဆိုပွဲနှင့် အခြားလှုပ်ရှားမှုများကို ထိုင်းအလုပ်သမားအဖွဲ့များနှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ပါဝင်လာသည်ကို တွေ့မြင်ရသည်။ တက်ရောက်လာသူများသည် ဘန်ကောက်မြို့ရှိ Central World စျေးဝင်စင်တာရှေ့မှ Bangkok Art and Culture Centre (BACC) အထိ လမ်းလျှောက်ချီတက်ခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်သူများထံမှ သိရသည်။ ချီတက်ပွဲကို တက်ရောက်လာသော မြန်မာအလုပ်သမားများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအပါအဝင် အခြားအလုပ်သမားအရေး တောင်းဆိုချက်များပါသော စာတမ်းများကို ကိုင်ဆောင်၍ ပါဝင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် […]

ရွှေ့ပြောင်းရေလုပ်သားသမဂ္ဂဖွဲ့ခွင့်နှင့် လွတ်လပ်စွာပါခွင့်ပေးရန် ထိုင်းအစိုးရကို တောင်းဆို

Dawei Watch

May 1, 2025

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းရေလုပ်သားများ လွတ်လပ်စွာသမဂ္ဂဖွဲ့ခွင့်နှင့် သမဂ္ဂများတွင် လွတ်လပ်စွာ ပါဝင်ခွင့်ပေးရန် ထိုင်းအစိုးရကို ရနောင်းမြို့အခြေစိုက် ရေလုပ်သားအခွင့်အရေးကွန်ရက်က တောင်းဆိုလိုက်သည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သည့် ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါကွန်ရက်တွင် မြန်မာရွှေ့ပြောင်းရေလုပ်သားများအပြင် ကမ္ဘောဒီးယား ရေလုပ်သားများပါဝင်ပြီး စုစုပေါင်း ရေလုပ်သား လေးထောင်ကျော်ပါဝင်ပြီး ရေလုပ်သားအခွင့်အရေးရရှိရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းဖြစ်သည်။ လက်ရှိတွင် ထိုင်းအစိုးရက အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ဆိုင်ရာ သဘောတူညီချက် ၈၇ နှင့် ၉၈ တို့ကို လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း ရေလုပ်သားအခွင့်အရေးကွန်ရက် (FRN) ၏ အလုပ်အမှုဆောင် ဦးရဲသူက ပြောသည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းရေလုပ်သားများမှာ သမဂ္ဂဖွဲ့ခွင့်နှင့် သမဂ္ဂတွင် လွတ်လပ်စွာပါဝင်ခွင့်ဆုံးရှုံးနေရကြောင်း ၎င်းက ဆိုသည်။ ထိုသို့ပါဝင်ခွင့်မရခြင်း၏ အကျိုးဆက်အဖြစ် […]

မြိတ်တွင် ငါးသွားဖမ်းသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Dawei Watch

May 1, 2025

မြိတ်မြို့နယ် မော်တောင်ရွာတွင် ငါးသွားဖမ်းသည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများက ပြောသည်။ အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြည့်ဖြိုးအောင်သည် ဧပြီလ ၂၉ရက်တွင် ၅နှစ်အရွယ် သားဖြစ်သူနဲ့အတူ ငါးဖမ်းထွက်ရာက လှေပေါ်မှ ချောင်းထဲသို့ ပြုတ်ကျပြီး သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ရေထဲပြုတ်ကျတော့ သူသားက သူ့ဘ (အဖေ) ပြန်မပေါ်လာနိုင်ရ (ဘူး) ဆိုပြီး ရွာထဲဝင်ပြီး လူတွေသွားခေါ်ပြီး ပြန်လာတော့ သေနေပြီ” ဟု ၎င်းက ပြောဆိုသည်။ ရေနစ်သေဆုံးသွားသည့် ကိုပြည့်ဖြိုးအောင်သည် ငါးဖမ်းမထွက်မီ အရက်သောက်ထားသဖြင့် မူးနေကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။ “ငါးဖမ်းသမားဆိုတော့ ရေကူးတတ်တာပေါ့။ ဒါပေမဲ့ အရက်ကလည်းမူးနေတယ်” ဟု အဆိုပါဒေသခံက ပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် မြိတ်မြို့ရှိ ရင်ခွဲရုံသို့ […]

အိန္ဒိယသန်းခေါင်စာရင်းတွင် ဇာတ်နိမ့်ဇာတ်မြင့် ထည့်သွင်းကောက်ယူမည်

Dawei Watch

May 1, 2025

နောက်လာမည့် ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုတွင် ဇာတ်နိမ့်ဇာတ်မြင့် အချက်အလက်များ ထည့်သွင်းကောက်ယူသွားတော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သတင်းအချက်အလက်ရေးရာ ဝန်ကြီး Ashwini Vaishnaw က ယမန်နေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းကြောင့် ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံတွင် နိုင်ငံရေးနှင့် လူမှုစီးပွားရေးအရ ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်ခြေရှိသည်။ အိန္ဒိယနိုင်ငံတွင် ပြည်လုံးကျွတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှုကို ဆယ်နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။ ၂၀၂၁ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရမည်ဖြစ်သော်လည်း ကိုဗစ် -၁၉ ကပ်ရောဂါနှင့် အခြားစီမံခန့်ခွဲမှုအခက်အခဲများကြောင့် လက်ရှိအချိန်အထိ ရွှေ့ဆိုင်းထားရဆဲ ဖြစ်သည်။ လာမည့် သန်းခေါင်စာရင်းကောက်ယူမှုကို မည်သည့်အချိန်တွင် စတင်မည်ဆိုသည်ကိုမူ ဝန်ကြီး Ashwini Vaishnaw က ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ပေ။ သန်းခေါင်စာရင်းတွင် ဇာတ်နိမ့်ဇာတ်မြင့်အချက်အလက်များကို ထည့်သွင်းကောက်ယူရန် ဆုံးဖြတ်ချက်မှာအိန္ဒိယနိုင်ငံနှင့် အိန္ဒိယလူ့အဖွဲ့အစည်း၏ […]

ထားဝယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

May 1, 2025

ထားဝယ်မြို့တွင် စိတ်ဝေဒနာသည်အမျိုးသမီးကြီးတစ်ဦး ယနေ့ နံနက်ပိုင်းတွင် နေအိမ်၌ ကြိုးဆွဲချသေဆုံးကြောင်း မြို့ခံများထံမှ သိရှိရသည်။ ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ယနေ့ မေလ ၁ ရက် နံနက်ပိုင်းတွင် အိမ်သားများ မရှိသည့်အချိန် နေအိမ်၌ ဆွဲကြိုးချသေဆုံးနေကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “စိတ်ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြနေရတယ်။ အရင်ကလည်း ဒီလို သတ်သေဖို့ကြိုးစားခဲ့ဖူးတယ်၊ လူမိသွားလို့။ အခုက လူမရှိတုန်းဖြစ်သွားတာ” ဟု ၎င်းပြောသည်။ သေဆုံးသူအမျိုးသမီးကြီးရဲ့ရုပ်အလောင်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် အရေးပေါ်ကားများဖြင့် ဆေးရုံသို့ လာရောက်သယ်ယူသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်ကလည်း ကော့သောင်းမြို့နယ်၊ ချန်ဖမ်းရွာတွင် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူကို သတ်ပြီး ယင်းနောက် ၎င်းကိုင်တိုင်လည်း ကြိုးဆွဲချသတ်သေခဲ့သည်။