ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောရဝတီရေတပ်က လမ်းပြအဖြစ်ဖမ်းခေါ်သွားသည့် ရွာသားနှစ်ဦး ပြန်လွတ်

Dawei Watch

May 1, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံရွာတွင် မောရဝတီရေတပ်က တပ်ဖွဲ့ဝင်များ စစ်ကြောင်းပြန်ထွက်စဥ် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံနှစ်ဦး ဧပြီလ ၃၀ ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။ ကျောက်ထရံရွာသား ဦးသန်းသန်းနှင့် ဖြူနပ်ရွာသား ကိုနိုင်နိုင်တို့သည် ဧပြီလ ၇ ရက်က စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်ခံရပြီး ရက်သတ္တပတ် သုံးပတ်ကျော်ကြာ မောရဝတီရေတပ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့ (ဧပြီ ၃၀) နေ့လယ်ပိုင်းမှာ နှစ်ယောက်စလုံး ရွာပြန်ရောက်လာတယ်။ ရိုက်နှက်ခံရထားမျိုးတွေတော့ မရှိဘူး။ စစ်တပ်က လမ်းပြခေါပြီး သတင်းပေါက်မှာစိုးလို့ ပြန်မလွှတ်ဘဲ ထားထားတာမျိုးပါ” ဟု ကျောက်ထရံရွာသားတစ်ဦးက ပြောသည်။ အဆိုပါဒေသခံနှစ်ဦးအနက် တစ်ဦးမှာ စျေးရောင်းပြီး ကျန်တစ်ဦးမှာ ငါးပိုက်လှေလိုက်သူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ […]

ထားဝယ်-ပုလော ရေလမ်းဖြင့် ခရီးသွားမည့်သူများ သတင်းပို့ပြီးမှသွားရန် KNU သတိပေး

Dawei Watch

May 1, 2025

ထားဝယ်-ပုလောမြို့တို့သို့ ရေလမ်းခရီးဖြင့် သွားလာနေမှုများကို လျှော့ချပြီး မဖြစ်မနေသွားရမည်ဆိုပါက ဖုန်းဆက် အသိပေးပြီးမှ သွားလာကြရန်KNU တပ်မဟာ ၄၊ အထူးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။ ထားဝယ်-ပုလော- မြိတ်- ကော့သောင်းမြို့တို့ကို ဆက်သွယ်ထားသော အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲတွင် စစ်ရေးတင်းမာလျက်ရှိသဖြင့် ကုန်းလမ်းဖြင့် ခရီးသွားမရဘဲဖြစ်နေသည်။ ယင်းအတွက်ကြောင့် ပြည်သူများမှာ လက်ရှိတွင် ရေလမ်းခရီးကို အားထားပြီးသွားလာနေကြရသည်။ စစ်ကောင်စီတပ်ကလည်း ကုန်လမ်းဖြင့် မသွားတော့ဘဲ ရေလမ်းကိုပင် အသုံးပြုပြီး သွားလာလှုပ်ရှားမည်ဟု သတင်းရထားကြောင်း KNU တပ်မဟာ ၄၊ အထူးတပ်ဖွဲ့ တပ်ခွဲမှူး ဗိုလ်ပျံလွှားက ပြောသည်။ “စစ်ကောင်စီတပ်က ကုန်းလမ်းကနေ သွားလို့မရတော့ ရေလမ်းကနေ သွားတဲ့အချိန် ကျွန်တော်တို့နဲ့ တွေ့ရင်ပစ်မှာပဲ။ အဲဒီလိုမျိုး အခြေအနေတွေရှိလို့ ပြည်သူတွေသတိပေးထားတာပါ” ဟု […]

ထားဝယ်တွင် နှစ်လကြာပိတ်ထားသည့် မယ်ဒီလန်းဆေးရုံ ယနေ့ပြန်ဖွင့်

Dawei Watch

May 1, 2025

ထားဝယ်တွင် နှစ်လအကြာပိတ်ထားသည့် မယ်ဒီလန်း ပုဂ္ဂလိကဆေးရုံသည် ယနေ့ မေလ ၁ရက်တွင် ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း ဆေးရုံက ထုတ်ပြန်ထားသည်။ မယ်ဒီလန်းဆေးရုံကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်မည်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၁ရက်ကစ၍ ဧပြီလ ၃၀ ရက်အထိ နှစ်လအကြာ ဆေးရုံပိတ်ထားခဲ့ရာမှ ယနေ့ ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်။ မယ်ဒီလန်းဆေးရုံနှင့်အတူ ဆာဒိုဝါးဆေးရုံ၊ အေး ဆေးရုံတို့မှာလည်း အတွင်းလူနာ အပြင်လူနာ လက်ခံကုသခြင်းများကို မတ်လ ၁ ရက်တွင် စတင်ရပ်နားခဲ့သည်။ သို့သော် ဆာဒိုဝါးဆေးရုံမှာမူ တစ်လကြာရပ်နားပြီးနောက် ဧပြီလ ပထမပတ်တွင် စတင် လူနာလက်ခံကုသနေကြောင်း စုံစမ်းသိရသည်။ အေး ဆေးရုံမှာမူ ယနေ့အထိ ဆေးရုံပိတ်ထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ “အေး ဆေးရုံက မဖွင့်သေးဘူး။ ရှေ့မှာ ချိတ်ထားတဲ့ ဆေးရုံပိတ်ကြောင်း ရေးထားတဲ့စာပြား […]

ထိုင်းတွင် ကျောင်းသားဗီဇာများအား ပိုတင်းကျပ်မည့်အချက်များကို ထုတ်ပြန်

Dawei Watch

May 1, 2025

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအတွက် ခွင့်ပြုပေးထားသော ကျောင်းသားဗီဇာများကို ပိုမိုတင်းကျပ်မည့် အချက်ငါးချက်ကို ထုတ်ပြန်လိုက်ကြောင်း The Nation Thailand သတင်းဌာနတွင် ဖော်ပြသည်။ အဆင့်မြင့်ပညာဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ ဧပြီလ ၃၀ ရက်က အစည်းအဝေးပြုလုပ်ပြီးနောက် ကျောင်းသားဗီဇာများအပေါ် ပိုတင်းကျပ်မည့်အချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံထဲတွင် ကျောင်းသားဗီဇာ (ED Visa) ကို အလွဲသုံးစားပြုလုပ်၍ တရားမဝင် နေထိုင်လုပ်ကိုင်သူ ပိုများလာသည်ဆိုကာ ဗီဇာခွင့်ပြုပေးမှုအပေါ် ပိုမိုတင်းကျပ်လိုက်ခြင်းဖြစ်သည်။ ပထမအချက်မှာ သင်တန်းပရိုဂရမ်များနှင့် ပတ်သက်၍ အချက်အလက်အားလုံးကို သက်ဆိုင်ရာ ကောလိပ်၊ တက္ကသိုလ်များဘက်က အဆင့်မြင့်ပညာဝန်ကြီးဌာနထံ တင်ပြရမည်ဖြစ်သည်။ သင်တန်းကျောင်းများ၏ သင်တန်းအမည်၊ သင်တန်းနှင့်သက်ဆိုင်သော ကောလိပ်တက္ကသိုလ်၊ သင်ရိုး၊ သင်ပြနည်း (အွန်လိုင်း၊ လူကိုယ်တိုင်) ၊ သင်တန်းကာလနှင့် ကျောင်းသားအရေအတွက်များကိုပါ အဆင်မြင့်ပညာဝန်ကြီးဌာနဘက်က စစ်ဆေးသွားမည်ဖြစ်သည်။ နောက်တစ်ချက်မှာ […]

မြန်မာလုပ်သားများခိုလှုံရာ AAC ရုံးကို ထိုင်းအာဏာပိုင်များ မေဒေးတွင် အတင်းအဓမ္မဖြိုဖျက်

Dawei Watch

May 1, 2025

အခက်အခဲဒုက္ခရောက်နေသော မြန်မာအလုပ်သမားများ ခိုလှုံရာလည်းဖြစ်၊ အလုပ်သမားအရေးဆောင်ရွက်သည့် ရုံးလည်း ဖြစ်သည့် AAC မဟာမိတ်အဖွဲ့ရုံးကို ထိုင်းအာဏာပိုင်များက ယနေ့ မေလ ၁ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် အတင်းအဓမ္မဝင်ရောက်ဖြိုဖျက်ကြောင်း AACမဟာမိတ်အဖွဲ့ထံမှ သိရသည်။ AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် နှစ် ၁၀ ခန့် မြန်မာအလုပ်သမားအရေးနှင့် ပတ်သက်၍ ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ AAC မဟာမိတ်ရုံးသည် ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ရုံးကို ပိတ်ပေးရန်နှင့် နှစ်လအတွင်း ရုံးကို ဖြိုဖျက်ပေးရန် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထိုင်းအာဏာပိုင်အဖွဲ့က အမိန့်စာထုတ် ညွှန်ကြားထားသည်။ ညွှန်ကြားစာထုတ်ပြီး နှစ်လအကြာ ဧပြီလ ၂၃ ရက်တွင် အာဏာပိုင်များက AAC မဟာမိတ်ရုံးကို ထပ်မံရောက်ရှိလာပြီး ရုံးကို အပြီးပိတ်၍ […]

ချောင်းနှစ်ပေါက်ရွာချောင်းတွင် ငါးဖမ်းနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

May 1, 2025

ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်း ချောင်းနှစ်ပေါက်ရွာရှိ ရေချိုချောင်းတွင် ငါးဖမ်းနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဧပြီလ ၃၀ ရက် ညနေ ၅ နာရီတွင် သိန်ခွန်းရွာအနီးရှိ ချောင်းနှစ်ပေါက်ရွာချောင်းတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ပိုက်ဖြင့်ငါးဖမ်းနေချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက် ၃၀ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထိုသို့ တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်သားလေးဦးခန့် သေဆုံးသွားကြောင်း ၎င်းက ပြောသည်။ “ရေချောင်းထဲမှာ ပိုက်နဲ့ငါးဆင်းဖမ်းနေကြတယ်။ ချောင်းထဲက သူတွေမှာ သေနတ်မရှိဘူး။ ဒီဘက်ကပစ်တာနဲ့ လေးယောက် ရေထဲလဲကျသွားတယ်။ ကျန်သူတွေက ကမ်းပေါ်ပြေးတက်ကြတာပဲ”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ကမ်းပေါ်တွင်ရှိနေသည့် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပြန်ပစ်ကြသည့်အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။ […]

ထိုင်းတွင် ဘဏ်အကောင့်အမည်နှင့် မတူသော နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို စစ်ဆေးမည်

Dawei Watch

May 1, 2025

ထိုင်းနိုင်ငံထဲတွင် Mobile Banking သုံးစွဲသူ၏ အမည်နှင့် မတူသော နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို ပြန်လည်စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မိုဘိုင်းဖုန်းသုံးစွဲသူ၏ အမည်၊အချက်အလက်နှင့် မကိုက်ညီသော ဘဏ်အကောင့်များကို ပိတ်ပင်ခြင်းမပြုလုပ်မီ နိုင်ငံခြားသားများ၏ ဖုန်းနံပါတ် ၇ သိန်းကျော်ကို ထိုင်းအစိုးရဘက်က စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းဒစ်ဂျင်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး Prasert Jantararuangtong က ပြောသည်။ တိုက်ဆိုင်စစ်ဆေးမည့် ဖုန်းနံပါတ်များသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလက မှတ်ပုံတင်ထားသော ဖုန်းဆင်းကတ်များ အကျုံးဝင်မည်ဖြစ်သည်။ ယင်းဖုန်းနံပါတ်ပေါင်း ၇ သိန်းကျော်နှင့်အတူ မှတ်ပုံမတင်ထားသော ဖုန်းနံပါတ် ၁ ဒသမ ၈ သန်းကျော်ကိုလည်း ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ ထိုင်းနိုင်ငံထဲ Mobile Banking […]

မေဒေး အထိမ်းအမှတ် ဘန်ကောက်ချီတက်ပွဲတွင် မြန်မာလုပ်သားများအရေးတောင်းဆို

Dawei Watch

May 1, 2025

မြန်မာအလုပ်သမားများအား ဗီဇာသက်တမ်းတိုး လုပ်ငန်းစဉ်အဆင့်လျှော့ချပေးရေးအပါအဝင် အချက်သုံးချက်ကို ယနေ့ မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ချီတက်တောင်းဆိုပွဲတွင် တောင်းဆိုခဲ့သည်။ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဘန်ကောက်မြို့ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင် (အနုစာဝရီ) မှစတင်၍ လမ်းလျှောက်ချီတက် တောင်းဆိုနေခြင်း ဖြစ်သည်။ ချီတက်တောင်းဆိုပွဲတွင် ထိုင်းအလုပ်သမားအဖွဲ့အစည်းများနှင့်အတူ မြန်မာအလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခြင်းဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံသား ရာနှင့်ချီ လာရောက်စုဝေးတောင်းဆိုနေကြောင်း သိရသည်။ မြန်မာအလုပ်သမားများအား ဗီဇာ သက်တမ်းတိုးသည့် လုပ်ငန်းစဉ်များကို အဆင့်လျှော့ချပေးရန်၊ ငလျင်ကြောင့် ပြိုကျ အဆောက်အအုံထဲ သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ မိသားစုဝင်များကို ကူညီပံ့ပိုးရန်နှင့် နစ်နာကြေးပေးအပ်ရန် အပါအဝင် အချက်သုံးချက်ကို မြန်မာအလုပ်သမားများကိုယ်စား တောင်းဆိုကြောင်း […]