ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်အမျိုးသားနေ့အခမ်းအနား ကျပ်သိန်း ၁၃၀၀ ခန့် သုံးမည်

diz_admin

February 5, 2020

တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီလ ၉ ရက်)တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ငွေကျပ်သိန်း ၁၃၀၀ ခန့် အကုန်ကျခံ ကျင်းပမည်ဟု ကျင်းပ ရေးကော်မတီထံမှ သိရသည်။ အဆိုပါ အခမ်းအနားကို နှစ်စဉ် နှစ်တိုင်း တစ်မြို့နယ်စီ အလှည့်ကျ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် ဗဟိုအခမ်းအနား ကို မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင် တွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းအခမ်းအနားအတွက် မွန်ပြည် နယ်အစိုးရက ကျပ်သိန်း ၄၅၀ ထောက်ပံ့ ပြီး ကျန်သည့် ကျန်ကျငွေများကို ထောက်ပံ့သူ ရှာခြင်း၊ ဆိုင်ခန်းငှားရမ်းခ နှင့် ကံစမ်းမဲလက်မှတ် ရောင်းရငွေ […]

ရေးမြို့ အာဇာနည်ဗိမာန် ဖျက်ဆီး ခံရ

diz_admin

February 5, 2020

မွန်ပြည်နယ် ရေးမြို့ရှိ အာဇာနည် ဗိမာန်သည် ဇန်နဝါရီ ၂၉ ရက်နေ့ ည ပိုင်းခန့်က ဖျက်ဆီးခံခဲ့ရသည်။ အဆိုပါ အာဇာနည်ဗိမာန်သည် ရေးမြို့ဘောလုံးကွင်းဝင်းထဲတွင် တည် ဆောက်ထားပြီး ပတ်ဝန်းကျင်တွင် လူ နေအိမ်မရှိဘဲ ဘုန်းကြီးကျောင်းတစ်ကျောင်းသာ တည်ရှိသည်။ လက်ရှိတွင် မည်သူမည်ဝါက ဖျက်ဆီးသည်ကို မသိရသေးကြောင်း ရေးမြို့ခံ အချို့ထံမှ သိရသည်။ အဆိုပါ အာဇာနည်ဗိမာန်တွင် ယမန်နှစ်ကလည်း အာဇာနည်နေ့ မတိုင်မီ တိုင်လုံးတချို့ ဖျက်ဆီးခံခဲ့ရဖူးကြောင်း ရေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။ “ညက တစ်ခါ ဖျက်ဆီးခံရပြန်ပြီ။ ဒီတိုင်လုံးတွေဟာ သံချောင်းတွေသုံးပြီး ကွန်ကရစ်နဲ့ အခိုင်အမာလုပ်ထားတာမို့ လက်ချည်း သက်သက်နဲ့ ဖျက်လို့ မရနိုင်သလို လူတစ်ဦးနှစ်ဦးလောက်နဲ့လည်း တခဏအတွင်း မလုပ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ဒါဟာ […]

ကျိုက်မရော အတ္ထရံမြစ်ကမ်း တစ်လျှေက် မြေအက်ကွဲ နိမ့်ကျနေ၊ ကွင်းဆင်းစိစစ်ပေးရန် ဒေသခံများ တောင်းဆို

diz_admin

February 5, 2020

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကမ်းတစ်လျှောက် မြေအက် ကွဲနိမ့်ကျဖြစ်ပေါ်နေမှုကို ကွင်းဆင်းလေ့လာ စိစစ်ပေးရန် ဒေသခံတို့က မွန် ပြည်နယ်လွှတ်တော်ထံ စာတင်တောင်း ဆိုလိုက်ကြောင်း သိရသည်။ လက်ရှိတွင် အတ္ထရံမြစ်ကမ်းတစ် လျှောက်ရှိ မယ်ကရို၊ ကော့ဒွန်၊ ကော့ပနော၊ ကွမ်းငန်းကျေးရွာတို့တွင် မြေအက်ကွဲ နိမ့်ကျမှုကြောင့် မြစ်ကမ်းတစ်လျှောက်ရှိ စေတီတော်တစ်ဆူနှင့် စေတီတော်ဝင်း အတွင်းရှိ သာသနိကအဆောက်အအုံများ နှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိနေကြောင်း သိရသည်။ အဆိုပါ အခြေအနေမှ အချိန်မီ ကာကွယ်နိုင်ရန် ဒေသခံများက ဇန်နဝါရီ ၂၇ ရက်က လွှတ်တော်သို့ စာတင် တောင်းဆိုထားကြခြင်း ဖြစ်သည်။ ယင်းသို့ မြေအက်ကွဲ နိမ့်ကျမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းကတည်းက သိသိသာသာတွေ့လာရပြီး တစ်ရက်ထက် တစ်ရက် ပိုဖြစ်လာကြောင်း ကျိုက်မရော မြို့နယ် […]

သိန်းတစ်သောင်းခွဲဆု ပေါက်ပြီး နောက် မြိတ်တွင် ထီရောင်းအားတိုး

diz_admin

February 5, 2020

မြိတ်မြို့တွင် ပြီးခဲ့သည့်လက သိန်း တစ်သောင်းခွဲဆုပေါက်ပြီးသည့်နောက် ထီရောင်းအား ထက်ဝက်တိုးပြီး ရောင်းချ လာရကြောင်း ထီအရောင်းဆိုင်များ ထံမှသိရသည်။ ၁၁ ကြိမ်မြောက် အောင်ဘာလေသိန်းတစ်သောင်းခွဲဆုကိုမြိတ်မြို့၊ ဇေယျ သီရိ(၂) ရပ်ကွက်ရှိ ရတနာသိန်းထိုက်အောင် ၄၁၄ ထီဆိုင်မှ မြိတ်သား တစ်ဦးဆွတ်ခူး ပြီးနောက် ယခုလတွင် ရောင်းအားတက် လာခြင်း ဖြစ်သည်။ “ပုံမှန်ရောင်းချနေရာကနေ ဒီလဆို ထက်ဝက်လောက် သိသိသာသာကြီး ရောင်းအားတက်လာ တယ်”ဟု မြို့သစ် ရပ်ကွက် ပြည်သာယာလမ်းမကြီးတွင်ရောင်းချနေသည့်F 128 ထီဆိုင်ပိုင်ရှင် ဦးထွန်းဦးက ပြောသည်။ ယင်း ဆိုင်တွင်ယခင်လများက တစ်နေ့လျှင် တစ်သိန်းခွဲမှ နှစ်သိန်းအထိသာ ပုံမှန်ရောင်းချနေရာမှ သိန်းတစ်သောင်းခွဲဆု မြိတ်မြို့မှဆွတ်ခူးပြီးသည့်အချိန်တွင် တစ်နေ့ သုံးသိန်းမှလေးသိန်းအထိ ရောင်း အားတိုးလာသည်ဟု ၎င်းက ဆိုသည်။ ဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေသည့် […]

ပြည်သူ့ဝန်ဆောင်မှုလုပ်ထုံးလုပ်နည်း မလိုက်နာသည့်ဝန်ထမ်းများကိုအရေးယူမည်

diz_admin

February 5, 2020

ဌာနဆိုင်ရာလုပ်ငန်းများစနစ် တကျဆောင်ရွက်ရမည့်လုပ်ထုံးလုပ် နည်းများ (SOP) စာအုပ်ပါလုပ်ထုံးလုပ် နည်းများကိုမလိုက်နာသည့်ဝန်ထမ်းများ ကိုအရေးယူစေမည်ဟု တနင်္သာရီတိုင်း ဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောကြားသည်။ ထားဝယ်မြို့၌ ဇန်နဝါရီလ ၃၁ရက် နေ့တွင် ကျင်းပသည့်တိုင်းလွှတ်တော် အစည်း အဝေးတွင်ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင်ဌာနဆိုင် ရာများကပြည်သူများ၏အခြေခံလိုအပ် ချက်များကိုတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီတိကျမှန် ကန်မြန်ဆန်စွာဝန်ဆောင်မှုပေးနိုင်ရန် ဖြစ်ကြောင်း SOP (Standard Operation Procedures) စာအုပ်ကိုတနင်္သာရီတိုင်းအစိုးရကထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။ ပြည်သူလူထုအတွက်ရိုးရှင်းလွယ် ကူသည့်စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုများပေး နိုင်ရန်ရည်ရွယ်ထုတ်ဝေခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။ SOP စာအုပ်ပါလုပ်ထုံးလုပ်နည်း များကိုဌာနဆိုင်ရာတွေအနေဖြင့်ပြည်သူ များအားဝန်ဆောင်မှုပေးရာတွင်လုပ်ထုံး လုပ်နည်းပါအတိုင်းလိုက်နာကျင့်သုံး ခြင်းမရှိပါကသက်ဆိုင်ရာနိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များနှင့်အညီစိစစ်၍စုံစမ်းစစ်ဆေးစေမည်ဟု ဒေါ်ရီရီချိုက ဆိုသည်။ မလိုက်နာကြောင်းစိစစ်တွေ့ရှိပါကပြည်ထောင်စုအစိုးရအဖွဲ့ရုံးက တစ်ဆင့် […]

မြိတ်ငါးလေလံဈေးကိစ္စ အတိုင်ပင်ခံ လမ်းညွန်ချက်နှင့် လွဲနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော

diz_admin

February 5, 2020

မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး အမြန်ဆောင်ရွက်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ လမ်းညွှန် ထားသော်လည်း ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီး ဌာနက တလွဲဆောင်ရွက်နေကြောင်း ဘုတ်ပြင်းမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခင်မျိုးဝင်းက ပြောဆို လိုက်သည်။ နေပြည်တော်တွင် ဇန်နဝါရီလ၂၈ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ၎င်း က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာငါး လေလံဈေးသည်အမေရိကန်ဒေါ်လာ သန်း၇၀ ရင်းနှီးမြှုပ်နှံမှုရှိခဲ့ပြီး မြေပြင် တွင်အမေရိကန်ဒေါ်လာ ၁၀သန်း ရင်းနှီး မြှုပ်နှံကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနလက်အောက် ရှိငါးလုပ်ငန်းဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်း၍ ၂၀၀၁ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ သည်။ ယင်းနောက်၂၀၀၃ခုနှစ်တွင်လုပ်ငန်း ရပ်နားခဲ့ရသည်။ ထိုနောက်၂၀၁၆ခုနှစ် တွင်လုပ်ငန်းပြန်လည်ပတ်ရေး ပြန်လည် စိုင်းပြင်းခဲ့သော်လည်းပြင်သစ်နိုင်ငံမှ လွှဲပို့မည့်အမေရိကန်ဒေါ်လာသန်း ၂၀လွဲ ပြောင်းခွင့် […]

တာရိုးကျိုးပြီးမြိတ်ရှိ လယ်ဧက တစ်ရာကျော်ပျက်စီး

diz_admin

February 5, 2020

မြိတ်မြို့၊ ကလွင်မော်ရပ်တွင်ရှိသည့် တာရိုးကျိုးကျပြီး လယ်ဧကတစ်ရာကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း လယ်သမား များထံမှ သိရသည်။ ကလွင်မော်တွင် လယ်ဧကနှစ်ရာ ကျော်ခန့်ရှိရာ ယခုနှစ် စပါးစိုက်ပျိုးပြီး သည့်အချိန်တွင် တာရိုးကျိုးသဖြင့်ပင်လယ် ဒီရေဝင်ရောက်ကာပျက်စီးခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။ ပင်လယ်ဒီရေလှိုင်း ရိုက်ပုတ်ခြင်း ကြောင့်တာရိုးခန့်မှန်းပေ ၃၀၀ ကျော်ခန့် ကျိုးကျကာ လယ်သမားတစ်ဆယ်ကျော် စိုက်ပျိုးထားသည့် လယ်ဧကတစ်ရာကျော် ပျက်စီးခဲ့ရကြောင်း လယ်သမားများက ဆိုသည်။ “ပုံမှန်စပါးတင်းတစ်ထောင်ရနေရာကဒီနှစ်တာကျိုးလို့စပါးတင်းခြောက် ဆယ်လောက်ပဲရတော့တယ်”ဟု လယ်ဆယ်ဧကကျော် ပျက်စီးခဲ့ရသည့်တောင်သူ ကိုမျိုးဝင်းက ပြောသည်။ စပါးစိုက်ပြီးသည့်အချိန်တွင်ရုတ် တရက်တာရိုးကျိုးကျမှုကြောင့် လယ်ဧက ၁၀ ကျော်ပျက်စီးခဲ့ပြီး အကြွေးသိန်းနှစ် ဆယ်ခန့်တင်ခဲ့ကြောင်း တောင်သူဦးလွင်ဇော်က ဆိုသည်။ လယ်သမားများအနေဖြင့် တာရိုးကျိုး ကျသည့်ဖြစ်စဉ်အား လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့တင် ပြခဲ့ပြီး ဖြစ်သော်လည်း မည်သို့ဆောင် ရွက်မည်ကို […]

လိုင်စင်ရှိမှ ဂျင်းမွေးပါ

diz_admin

February 5, 2020

ခွင့်ပြုချက်လုပ်ငန်းလိုင်စင်မရှိဘဲ ဂျင်းမွေးပါကဥပဒေနှင့်အညီအရေးယူမည်ဟု တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်စန်းက ပြောသည်။ ဇန်နဝါရီလ ၃၁ရက်တွင်ကျင်းပသည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူး ငွေစိုး ၏ဒေသခံများ သဘောမတူဘဲဂျင်း မွေး မြူရေးလုပ်ကိုနေသည့်နေသည့်ကိစ္စနှင့် ပတ်သက်သည့် မေးမြန်းမှုကိုအထက်ပါ အတိုင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ မြိတ်မြို့နယ်မအိုင်ကျေးရွာအနီးရှိ ကျွန်းငယ်တွင်လုပ်ငန်းရှင်များကဂျင်း မွေမြူရေးလုပ်ကိုင်လာကြသဖြင့်ယင်းလုပ်ငန်းရှင်များနှင့် ဒေသခံဂွေးထိုး၊ ပကန်းနှိုက်၊ ကဏန်းခုတ်၊ ပိုက်ငယ်ဆွဲ သူများကဝမ်းစာရှာရန်အခက်အခဲရှိနေကြောင်းဗိုလ်မှူးငွေစိုးက ပြောဆိုခဲ့သည်။ ဝန်ကြီး ဦးမြင့်စန်းက၎င်းနေရာ သည် ဒေသခံများနှင့်ညှိနှိုင်းသဘောတူ မှသာမွေးမြူခွင့် လိုင်စင်ရယူပြီး ဆောင် ရွက်ရမည် ဖြစ်သောကြောင့်ဂျင်းခရုမွေး မြူသူများအားဆက်လက် မပြုလုပ်ဘဲရပ် နားရန်မှာကြားကာမွေးမြူခွင့် လိုင်စင် မရှိဘဲဂျင်းဆက်မွေးပါကဥပဒေအရ အရေးယူမည်ဟုပိုင်ရှင်များကိုဇန်နဝါရီ ၂၀ရက်စွဲဖြင့်စာပို့ပြီး ဖြစ်ကြောင်း ဖြေဆို ခဲ့သည်။ ကျွန်းစုမြို့နယ်အတွင်း၂၀၁၉-၂၀ အတွင်းလုပ်ငန်းရှင်၁၄ဦးကို တစ်နှစ်တစ် ရာသီဂျင်းခရုမွေးခွင့် လိုင်စင်ချထားပေး […]