ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆလုံစာသင်ရန်ဆရာ/ဆရာမများ လိုအပ်ပါက တင်ပြပါ

diz_admin

February 6, 2020

ဆလုံတိုင်းရင်းသား ကျေးရွာများ တွင် ဆလုံစာပေသင်ကြားရန် ဆရာ/ဆရာမလိုအပ်ကြောင်း ဒေသခံများက တင်ပြလာပါက ဆောင်ရွက်ပေးမည် ဟုတနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းမြစ်ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ဇန်နဝါရီလ၃၁ရက်တွင်ကျင်းပ သည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဘုတ်ပြင်းမဲဆန္ဒနယ်မှတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်မန်းဆွေ မြင့်၏ဆလုံစာကိစ္စနှင့်ဆရာ/ဆရာမ ခန့်ထားရေးကိစ္စ မေးမြန်းမှုကိုယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဆလုံစာပေသင်ရိုး စာအုပ်များကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရုံးသို့ တင်ပြထား ပြီးဖြစ် ကြောင်းဦးကျော်မင်းက ဖြေဆိုခဲ့သည်။ Dawei Watch

ထိုင်းသို့ ဘတ်တစ်သောင်းဖြင့်ပို့သူ ကော့သောင်းတွင် အဖမ်းခံရ

diz_admin

February 6, 2020

ရန်ကုန်မြို့မှ ထိုင်းနိုင်ငံအထိ ဘတ်တစ်သောင်း (ငွေကျပ် ငါးသိန်း) နှုန်းဖြင့် ပို့ဆောင်သည့် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်က ကော့သောင်းတွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ ကော့သောင်းမြို့ရှိ မြို့မတံတားထိပ်တွင် လူစုဆောင်းပို့ဆောင် သူတစ်ဦးနှင့် သွားရောက်မည့်သူ ၈ ဦး ရောက်ရှိနေကြောင်း သွားရောက်စစ်ဆေး ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့စစ်ဆေးရာ ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံ သို့ ပို့ဆောင်ပေးနေသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားက ရခိုင်အမျိုးသား ၈ ဦးကို ပို့ဆောင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားကို ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ – ၂၆ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် […]

မြိတ်တွင် မြေပြိုဘေး ဇာတ်တိုက် လေ့ကျင့်

diz_admin

February 6, 2020

မြေပြိုဘေးသဏ­္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်မှုတစ်ခုကို မြိတ်မြို့ မြိတ် တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက်ရှိ အောင်မြေသုခဘုန်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း မြိတ်ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။ အောင်မြေသုခကျောင်း၏ တောင် နံရံအနီး ပတ်ဝန်းကျင် နေထိုင်သူနေများ အနေဖြင့် မြေပြိုသည့်ဘေးနှင့် ရင်ဆိုင်ရ သည့်အခါ စနစ်တကျ ပြင်ဆင်ပြောင်းရွှေ့ နိုင်ရန် ရည်ရွယ်ပြီး ဇာတ်တိုက်လေ့ကျင့် ရခြင်းဖြစ်ကြောင်း အထက်ပါ ဌာနလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင် တင်ချိုက ပြောသည်။ အဆိုပါ ဇာတ်တိုက်ပြုလုပ်သည့်နေရာအနီးတွင် ပြီးခဲ့သည့်နှစ်မိုးတွင်း ကာလက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေများပြိုကျမှုဖြစ်ခဲ့ဖူးကြောင်း မြိတ်တောင်နယ်မြေ အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ပြောပြသည်။ ဇာတ်တိုက်လေ့ကျင့်မှုတွင် တောင် မြေများပြိုကျသည်ကို တောင်အနီး ပတ်ဝန်းကျင်နေသူများ အား အော်လံဖြင့် သတိပေးခြင်း၊ ကလေးသူငယ်များနှင့် […]

ကျေးရွာချင်းဆက်လမ်း ဆိုလာလမ်းမီးတိုင်လုပ်ပေးရန်မရှိ

diz_admin

February 6, 2020

ကျွန်းစုမြို့နယ်ရှိ ကျေးရွာချင်း ဆက်လမ်းများ ကောင်းမွန်လာသော် လည်း လမ်းမီးတိုင်မရှိသည့် အတွက် အန္တရာယ်ရှိသဖြင့် ဆိုလာမီးတိုင် လုပ်ဆောင် ပေးရန် မရှိကြောင်း အစိုးရက ပြန်လည် ဖြေဆိုသည်။ ကျွန်းစုမဲဆန္ဒနယ်အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် က ဆိုလာမီးတိုင် အစဉ်အစဉ်ရှိ/မရှိတိုင်းအစိုးရအား ဇန်နဝါရီ ၃၀ ရက် လွှတ်တော် အစည်း အဝေးတွင် မေးခွန်းထုတ်ခဲ့သည်။ ကျွန်းစုတွင် ကျေးရွာချင်းဆက်လမ်းများ ကောင်းလာသော်လည်းလမ်း မီးတိုင်များမရှိသည့် အတွက်အမှောင်ထုထဲတွင် ခက်ခဲစွာသွားလာနေရသောကြောင့် မူးယစ်ဆေးသမားများက အန္တရာယ်ပြု မည်ကိုစိုးရိမ်နေကြရကြောင်း ဒေါက်တာ ထူးနေအောင်က လွှတ်တော်တွင် တင်ပြ ခဲ့သည်။ မူးယစ်ဆေးဝါး ရောင်းချသူများ၊ သုံးစွဲသူများ အလွန်များပြားလာသည့် အတွက် ညဘက်သွားလာတဲ့အခါ မှောင် ရိပ်ခိုပြီးဒုစရိုက်မှုကျူးလွန်ခံရမည်ကို စိုးရိမ်နေရသည်ဟု ပြည်သူတို့က တင်ပြ လာကြောင်း […]

လော့လော့ပုစွန်မွေးမြူရေးကန် မြေသိမ်းဆည်းမှုကိစ္စ ဒုဝန်ကြီးအဖြေနှင့် မြေပြင်အခြေအနေကွဲလွဲမှုရှိနေ

diz_admin

February 6, 2020

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ကျေးရွာရှိ ပုစွန်မွေးမြူရေးကန်အတွက် သိမ်းဆည်းခဲ့ သည့် မြေယာများ ကိစ္စနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဖြေကြားချက်နှင့် မြေပြင်အခြေအနေ ကွဲလွဲနေကြောင်း မြေယာသိမ်းဆည်းခံ လော့လော့ ကျေးရွာနေသူတချို့ထံမှ သိရသည်။ လော့လော့ပုစွန်မွေးမြူရေးကန်ပြု လုပ်သည့် သိမ်းဆည်းမြေများအတွက် မြေအစားထိုးဖော်ထုတ်ရန် ကုန်ကျငွေ များ ပေးအပ်ထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။ “မြေအစားထိုးချထားနိုင်ဖို့ အတွက် မြေဖော်ထုတ်ဖို့ ကျပ်သိန်းတစ်ရာကို မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ မြိတ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ပေးချေခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်”ဟု ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေဆိုခဲ့သည်။ ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ် သည့် ဒုတိယအကြိမ် […]

ထားဝယ်အထူးစီးပွားရေးဇုန် အတွက် လိမ်ညာအလုပ်ခေါ်က အရေးယူ မည်ဟုဆို

diz_admin

February 5, 2020

ထားဝယ်အထူးစီးပွားရေးဇုန် အတွက် အလုပ်သမားလိမ်လည်ခေါ်ယူ နေကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေ အရ အရေးယူမည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသူများက ပြောသည်။ အထူးစီးပွားရေးဇုန်နှင့် ပတ်သက် ၍ လူထုကြားနာပွဲများ ပြုလုပ်ပြီးချိန်များ တွင် ယင်းကဲ့သို့ အလုပ်အကိုင် ခေါ်ယူ သည်ဟုဆိုကာ လိမ်လည်ခေါ်ယူမှုအချို့ ရှိခဲ့ဖူးသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန်အလုပ်ခေါ်နေသည်ဆိုသူများကို စုံစမ်း နေပြီး ထိထိရောက်ရောက် အရေးယူ နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်နှင့် အထူးစီးပွားရေးဇုန် OSS အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်း က ဆိုသည်။ “မည်သည့် တစ်ဦးတစ်ယောက်ကို မှ အေးဂျင့်ခေါ်ထားခြင်း လုံး၀မရှိပါဘူး။ ITD အနေနဲ့လည်းမရှိကြောင်း အသိပေး ပြောကြား လိုပါတယ်ခင်ဗျား”ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။ […]

လုလင်လှကျွန်း ရေငန်တားမည်

diz_admin

February 5, 2020

လောင်းလုံးမြို့နယ်၊ လုလင်လှ ကျွန်းတွင် ရေငန်တား မြေသားနံရံများ တည်ဆောက်သွားမည်ဟုတိုင်းဒေသ ကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဦးမြင့်စန်းက ပြောသည်။ ယင်းကျွန်းမှာ လောင်းလုံးမြို့နှင့် ထားဝယ်မြို့နယ် ညောင်ဇင်ရွာကြား ထားဝယ်မြစ်အတွင်းရှိစပါးစိုက်ပျိုးရေး လုပ်ကိုင်သည့် ကျွန်းဖြစ်သည်။ ယင်းကျွန်းပေါ်တွင်လယ်ဧက ၈၀၀ နီးပါးရှိလက်ရှိတွင်ကျွန်းပေါ်ရှိလယ် မြေအားလုံးနီးပါး ရေငန်ဝင်သဖြင့်ပျက် စီးနေကြောင်းဦးမြင့်စန်းက ပြောသည်။ “လယ်သမားတွေနဲ့အတူ ကွင်းဆင်းတယ်။ ဘတ်ဂျက်တောင်းခံပြီးရလို့ ခုတင်ဒါခေါ်ထားတယ်”ဟု ဦးမြင့်စန်းက ပြောသည်။ Dawei Watch

စာမေးပွဲကာလပြောင်းလဲသတ် မှတ်ခြင်းအပေါ် ထားဝယ်ပညာရေး ကောလိပ်ကျောင်းသားများ ဆန္ဒပြ

diz_admin

February 5, 2020

အခြေခံပညာအတန်းများ စာမေးပွဲ ကာလပြောင်းလဲသတ်မှတ်သည့်အပေါ် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်း သား၊ ကျောင်းသူ ၂၅၀ ဝန်းကျင်က ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့အတွင်း လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ရာတွင် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်းသူ ကျောင်းသားများအပြင် အခြေခံပညာ ဆရာများ သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင် ကော်မတီဝင်အချို့လည်း ပူးပေါင်းပါဝင် ခဲ့ကြသည်။ အခြေခံပညာတန်းအချို့ကို စာမေးပွဲ ကာလနောက်ဆုတ်ကာ မတ်လကုန်အထိ ကျောင်းဖွင့်လှစ်မည်ဆိုသည့်အပေါ် ပညာရေး ကောလိပ်ကျောင်းသားများနှင့် ပညာရေးအဖွဲ့အစည်းများက အကြိမ် ကြိမ်ထောက်ပြနေသော်လည်း ပညာရေး ဝန်ကြီးဌာနမှ ကျောင်းတက်ရက်မပြောင်း ပေးသည့်အတွက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည့် စာမေးပွဲကာလပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ကျောင်းသား နှင့် မိဘများ အတွက် အဆင်မပြေ သည့်အတွက် […]