အီတာလျံထိုင်းကုမ္ပဏီက ဒေါ်လာကိုးသန်း အကြွေးမပေးသေး
diz_admin
February 5, 2020ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းကို အကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်းကုမ္ပဏီက အမေရိကန် ဒေါ်လာကိုးသန်း အကြွေးမပေးသွင်း သေးကြောင်း ထားဝယ်အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။ လက်ရှိတွင် ကနဦးစီမံကိန်းအဖြစ် လုပ်ငန်း ၉ ခုလုပ်ဆောင်နေပြီး ယင်း အတွက် လုပ်ဆောင်ခွင့်အတွက် ပေးသွင်းရမည့် Concession Fee အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းကို ကော်မတီထံပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် အီတာလျံ-ထိုင်းကုမ္ပဏီက ပထမတစ်နှစ်အတွက်သာ ပေးသွင်း ပြီး ကျန်သုံးနှစ်အတွက် ဒေါ်လာကိုးသန်း မပေးသွင်းသေးကြောင်း ဒေါက်တာ မြင့်ဆန်းက ပြောသည်။ “လုပ်ငန်းဆောင်ရွက်တယ်ဆိုရင် ဆောင်ရွက်သူက အစိုးရကို ပိုက်ဆံသွင်း ဖို့လိုတယ်။ အဲဒီအတွက်ကြောင့် နို့တစ် (သတိပေးစာ) […]


