အမှိုက်ခွဲပစ်ရေး ကျောင်းများတွင် ဆက်တိုက်ပညာပေးမည်
diz_admin
January 30, 2020အမှိုက်အစို အခြောက်ခွဲပစ်နိုင်ရေး အတွက် မြိတ်မြို့ရှိ စာသင်ကျောင်းများတွင် ဆက်တိုက်ပညာပေးသွားမည် ဖြစ်ကြောင်း Clean & Green အဖွဲ့ထံ မှသိရသည်။ Clean & Green အဖွဲ့ အနေနှင့် မြိတ်မြို့နယ်စည်ပင်သာယာရေးကော် မတီအဖွဲ့၊ လောကအလင်းအဖွဲ့နှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်မှစတင်နေပြီး တစ်နေ့လျှင် ကျောင်းနှစ်ကျောင်းနှုန်းဖြင့် ပညာပေးလျက်ရှိကြောင်း Clean & Green အဖွဲ့၏ ဥက္ကဋ္ဌ ဦးကောက်ရိုက်က ပြောကြားသည်။ “မြိတ်ဒေသရဲ့ အနာဂတ်လှပဖို့ လူကြီးတွေထက် လူငယ်တွေကိုပဲ အားကိုးပြီး လုပ်ရတော့မယ်”ဟု ဦးကောက်ရိုက်က ပြောသည်။ မြိတ်မြို့တွင်း၌ရှိသည့် ကျောင်းပေါင်းစုံတွင် ပညာပေးမှုများ ပြုလုပ်ပြီးသည့်နောက် ရပ်ကွက်များသို့လည်း သွားရောက်ကာ ပညာပေးဟောပြောသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အမှိုက်နှင့်ပတ်သက်၍ ပညာပေးမှု […]


