ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်ညီညွတ်ရေးပါတီ ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ရွေးကောက်ပွဲ ဝင်ပြိုင်မည်

diz_admin

June 30, 2020

မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။ မွန်ပါတီများသည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်မှုရှိခဲ့ကြသော်လည်း ယခု လာမည့်ရွေးကောက်ပွဲတွင်မူ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ “ပဲခူးနဲ့ ရန်ကုန်မှာလည်း မဲဆန္ဒနယ်တစ်နေရာ ဒါမှမဟုတ် နှစ်နေရာ ဝင်ပြိုင်ဖို့ ရှိတယ်။ ဘယ်မြို့နယ်လဲဆိုတာကတော့ မရွေးချယ်ရသေးဘူး” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ မွန်ညီညွတ်ရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မြို့နယ် ၉ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၄ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် […]

တနင်္သာရီတိုင်း စည်ပင်သာယာရေး ဥပဒေ ပြန်ပြင်မည်

diz_admin

June 30, 2020

တနင်္သာရီတိုင်း စည်ပင်သာယာရေးဥပဒေကို ယခုလွှတ်တော် သက်တမ်းအတွင်း ဒုတိယအကြိမ် ပြန်ပြင်ဆင် နိုင်ရန် ပထမအဆင့်ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။ လက်ရှိအသုံးပြုနေသော တနင်္သာရီတိုင်း စည်ပင်သာယာရေးဥပဒေသည် ၂၀၁၃ ခုနှစ်က ရေးဆွဲထားသည်ကို အခြေခံပြီး ၂၀၁၇ ခုနှစ်တွင် တိုင်းလွှတ်တော်က ပထမအကြိမ်ပြင်ဆင် ထားသည့် ဥပဒေဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအစပိုင်း ဥပဒေပြုရေး တိုင်းလွှတ်တော်အမတ်များ အတွေ့အကြုံနည်းသည့်အချိန်တွင် ပြင်ဆင်ခဲ့သည့် ဥပဒေဖြစ်သောကြောင့် အားနည်းချက်များရှိခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ဥပဒေပြုရေး အတွေ့အကြုံရှိလာပြီးနောက် ပြန်လည်သုံးသပ်ရာတွင် အဆိုပါ ဥပဒေတွင် အားနည်းချက်များရှိနေသည်ကို တွေ့ရသဖြင့် ပြန်ပြင်ဆင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။ ပြန်ပြင်မည့် ဥပဒေတွင် အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရေးကိစ္စ၊ မြို့ပြမြေယာဖော်ထုတ်ရေးကိစ္စများပါဝင်ကြောင်း ဦးခင်မောင်အေးက အကြမ်းဖျင်းမျှသာ […]

ကိုဗစ်ကုစားရေးချေးငွေ တနင်္သာရီတိုင်းမှ လုပ်ငန်း ၅၀ ကျော် ငွေချေးခွင့်ရ

diz_admin

June 30, 2020

ကိုဗစ်ကပ်ဘေး ကုစားရေးချေးငွေကို တနင်္သာရီတိုင်းအတွင်းရှိ လုပ်ငန်းငါးဆယ်ကျော် ချေးခွင့်ရရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ထံမှ သိရသည်။ ကိုဗစ်ချေးငွေကို တိုင်းကုန်သည်/ စက်မှုအသင်းမှတစ်ဆင့် လျှောက်ထားသူ ၇၄ ဦးရှိသည့်အနက် ၅၄ ဦးချေးခွင့်ရကြောင်း အဆိုပါ အသင်းထံမှ သိရသည်။ တိုင်းကုန်သည်/စက်မှုအသင်းမှ ချေးငွေလျှောက်သူများရှိသကဲ့သို့ သက်ဆိုင်ရာ အသင်းအဖွဲ့များထံ လျှောက်ထားသူများလည်း ရှိသည်။ ချေးငွေကို ကိုဗစ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စိစစ်ထုတ်ပေးခြင်း ဖြစ်သည်။ ကိုဗစ်ကုစားရေးချေးငွေ ချေးခွင့်ရသူ စာရင်းကို ၆ ကြိမ်မြောက် ထုတ်ပြန်ပြီး ဖြစ်ချိန်တွင် ထားဝယ်ခရိုင်အတွင်း လုပ်ငန်း ၂၉ ခုနှင့် မြိတ်ခရိုင်တွင် ၂၅ ခု ချေးခွင့်ရရှိကြောင်း တိုင်းကုန်သည်/ စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ ကိုဗစ်ကြောင့် […]

တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ် အားလုံးဝင်ပြိုင်ရန် ပြည်သူ့ရှေ့ဆောင်ပါတီ ရည်မှန်းထားဟုဆို

diz_admin

June 30, 2020

ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ရန် ရည်မှန်းထားကြောင်း အဆိုပါပါတီ၏ တနင်္သာရီတိုင်းတာဝန်ခံ ဦးတင်မောင်ညီက ပြော သည်။ လက်ရှိတွင် PPP ပါတီအနေဖြင့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက် ချောင်း၊ တနင်္သာရီမြို့နယ်ပါတီဆိုင်းဘုတ်များ တင်ထားပြီးဖြစ်ကာ မကြာမီ ပုလောမြို့နယ်ရုံးဆိုင်းဘုတ်တင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးကို ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အချိန်အတိုင်းအတာနှင့် ကိုဗစ်ကပ်ဘေးကြောင့် အထက်ပါမြို့နယ်ခြောက်ခုတွင် ပြိုင်နိုင်ရန် ကြိုးစားနေကြောင်း ဦးတင်မောင်ညီက ပြောသည်။ “ဆယ်မြို့နယ်စလုံးကို ကျွန်တော်တို့က ရည်ရွယ်ထားတယ်။ အခုအချိန်က အရမ်းကပ်နေတော့ ကျွန်တော်တို့က လှုပ်ရှားချိန်လည်း မရှိဘူး။ အုပ်စုလိုက်လည်း သွားလာလို့မရသေးတော့လေ” ဟု ဦးတင်မောင်ညီက ဆိုသည်။ သို့သော် ကိုယ်စားလှယ်လောင်းအတွက် ရွေးကော်ပွဲကော်မရှင်မှ လက်ခံသည့် […]

လောင်းလုံး နှစ်လောင်းပြိုင် လူသတ်မှု အချက်အလက်အချို့ရထားပြီး ဟုဆို

diz_admin

June 30, 2020

လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တွင် တရားခံဖမ်းမိရေး အချက်အလက်အချို့ ရရှိထားပြီးဖြစ်သည်ဟု တနင်္သာရီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်စိုးက ပြောကြားသည်။ ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုစစ်အဖွဲ့ဖွဲ့ပြီး အလေးအနက်ထား လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ သဗြေရှောင်ကျေးရွာရှိ နေအိမ်အောက်ထပ်တွင် အသက် ၈၆ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦးနှင့် နေအိမ်အပေါ် ထပ် ဘုရားခန်းတွင် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်သွား ခြင်းဖြစ်သည်။ အသက် ၅၄ နှစ်အမျိုးသမီး၏ ဦးခေါင်းကို ရိုက်နှက်ထားသည့် ဒဏ်ရာဖြင့် သေဆုံးနေပြီး ၈၆ နှစ်အရွယ် အမျိုးသမီးကြီးတွင်မူ မြင်သာသည့် ဒဏ်ရာကြီးကြီးမားမား မတွေ့ရကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က […]

ရင်ခွင်မဲ့ကလေး လျှော့ချရေး အသင်းသို့ အကူအညီတောင်းသည့်အမှု တစ်ဆယ်ကျော်ရှိ

diz_admin

June 30, 2020

တစ်နှစ်ကျော်အတွင်း တနင်္သာရီတိုင်း ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းသို့ အကူအညီတောင်းခံလာသည့်အမှု တစ်ဆယ်ကျော်ရှိကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးအောင်သူရလင်းက ပြောသည်။ ယင်းအမှုများမှာ အိမ်ထောင်ရေးပြဿနာကြောင့် တစ်ကိုယ်ရည် မိခင် (Singal Mother) အမှုအခင်းကိစ္စ၊ အိမ်တွင်း အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ စွန့်ပစ်ခံကလေးကိစ္စ စသည်ဖြင့် ဖြစ်ရပ် ၁၅ ခုကို ဆောင်ရွက်ပေးခဲ့ကြောင်း ဦးအောင်သူရလင်းက ပြောသည်။ အချို့ကိစ္စရပ်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး အချို့ကို ညှိနှိုင်းဖြေရှင်းနည်းလမ်း၊ ကျန်းမာရေးအရ ကုသရမည့်ကိစ္စ (မုဒိမ်းမှုနောက်ဆက်တွဲ ကိုယ်ဝန်ကိစ္စ) စသည်ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ကူညီဖြေရှင်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။ လူတိုင်းသည် အွန်လိုင်းပေါ်မှ ညစ်ညမ်းဇာတ်ကားများကို အလွယ်တကူ ကြည့်လာနိုင်ခြင်း၊ အသိပညာ အားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ မူးယစ်ဆေးဝါးကိစ္စ စသည်တို့သည် […]

မြိတ်ဒူးရင်းစေ့ ဈေးကွက် ထက်ဝက်ထိုးကျ

diz_admin

June 30, 2020

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍ထိုင်း နိုင်ငံသို့ တင်ပို့ရောင်းချနေသည့်မြိတ်ဒေသထွက်ဒူးရင်းစေ့များယခုနှစ်တွင် ဈေးနှုန်းထက်ဝက်ထိုးကျခဲ့ရကြောင်း ဒူးရင်းစေ့ရောင်းဝယ်သူများထံမှ သိရသည်။ ယမန်နှစ်ကဒူးရင်းစေ့တစ်ပိဿာလျှင် သုံးထောင်ကျပ်ခန့်ဝယ်ဈေးပေါက် ခဲ့သည်။ “အရင်နှစ်တွေကထက်တော့ ဈေးထက်ဝက်ကျော်လောက်ကို ကျသွားတာပေါ့” ဟု မြိတ်မြို့၊ ဇေယျာသီရိ ၃ ရပ်ကွက်၊ စေတနာလမ်းရှိဒူးရင်းစေ့ရောင်းဝယ်ရေးလုပ်သူ ဦးစိုးကြည်က ပြောသည်။ ဒူးရင်းစေ့ဈေးကျသွားသလိုဝယ်ယူလုပ်ကိုင်သူများသဖြင့်ပစ္စည်းလည်းအဝင်နည်းသွားသည်ဟု ၎င်းကပြောပြသည်။ “အရင်ကဆိုတစ်နေ့တစ်တန်လောက် ရတယ်။ အခုကသုံးလေးရက်မှတစ်တန် ရတယ်တော်တော်လေးလျှော့သွားတယ်” ဟုဒူးရင်းစေ့ရောင်းဝယ်လာသည်မှာ သုံးနှစ်ရှိနေပြီဖြစ်သည့် ဦးစိုးကြည်က ပြောသည်။ ဒူးရင်းစေ့များ ဈေးကျလျှက်ရှိပြီး တစ်ပိဿာလျှင် အနည်းဆုံးတစ်ထောင့် သုံးရာကျပ်မှ နှစ်ထောင်ကျပ်အထိလက်ရှိတွင် ဈေးပေးကာ ဝယ်ယူလျှက်ရှိကြောင်း မြိတ်မြို့ အခြေစိုက် AKM ခရီးသွားလုပ်ငန်းနှင့်အရောင်းအဝယ်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။ “ဈေးကအတက်အကျ ရှိတယ်။ ကြိုက်သလောက်လာရောင်းပါ။ တန်နဲ့ ချီပြီး ကျွန်မတို့ဝယ်ယူနေပါတယ်” ဟု ၎င်းက ပြောသည်။ ဒူးရင်းစေ့များ […]

ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက် ကော့သောင်း အနည်းဆုံး

diz_admin

June 30, 2020

တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက်မှာ ကော့သောင်းခရိုင်တွင် အနည်းဆုံးဖြစ်ကြောင်း ယင်းကော်မတီ ထံမှ သိရသည်။ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ လက်ရှိအချိန်ထိ လုပ်ငန်းသုံးခုကိုသာ အတည်ပြုမိန့် ထုတ်ပေးထားသည်။ ဟိုတယ်/အပန်းဖြေဝန်ဆောင်မှုလုပ်ငန်းနှစ်ခုနှင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းတစ်ခုတို့သာ ယင်းကော်မတီက ခွင့်ပြုထားသည်။ သို့ရာတွင် ကော့သောင်းခရိုင်အတွင်း ယခင်အစိုးရလက်ထက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က BOT စနစ်ဖြင့် ခွင့်ပြုထား လုပ်ငန်းအချို့ရှိကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။ “ယခင်အစိုးရ (MIC)က ကျွန်းတွေ မှာ BOT နဲ့ပေးထားတာ များတယ်” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။ ကော့သောင်းခရိုင်အတွင်း ခွင့်ပြုထားသည့် အထက်ပါလုပ်ငန်း ၃ ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်း […]