ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သုံးလောင်းပြိုင်လူသတ်မှု ငွေလိုသဖြင့် သတ်ခြင်းမဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ပြော

diz_admin

June 23, 2020

ရေဖြူမြို့နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်တွင် ငွေလိုသဖြင့် သတ်ခြင်းမဖြစ်နိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အသတ်ခံရသည့်နေအိမ်တွင်ရှိနေသည့် ငွေကျပ်နှစ်သိန်းကျော်၊ ဆိုင်ကယ်၊ ဆောင်းဘောက်၊ နားကပ် စသည့်ပစ္စည်း တစ်စုံတစ်ရာယူသွားခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ ပြည်ထောင်စုလမ်းမပေါ် ကားလမ်းပေါ် ရထားလမ်းဖြတ်သည့်နေရာတွင် နေထိုင်သည့် အသက်တစ်နှစ်ကျော် ကလေးတစ်ဦးအပါအဝင် မီးရထားဝန်ထမ်းမိသားစု သုံးဦးကို ဇွန်လ ၁၃ ရက်နေ့က နေအိမ်ပေါ်တွင်ပင် သတ်ဖြတ်သွားခဲ့သည်။ အဆိုပါနေအိမ်မှာ ထားဝယ်-ရန်ကုန်ကားလမ်းပေါ်ရှိ ၂၃ မိုင် ၄ ဖာလုံတွင်ရှိပြီး အနီးအနားတွင် အခြားနေအိမ် အဆောက်အအုံများမရှိပေ။ ယင်းအပြင် အသတ်ခံရသည့် လင်မယားကိုင်ဆောင်သည့် ဖုန်းနှစ်လုံးလည်း မယူသွားကြောင်း ယင်းရဲအရာရှိက ပြောသည်။ “သတ်ဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လာပြီးတော့ သတ်သွားတယ်လို့ ယူဆရတယ်” ဟု […]

ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးကျွန်းနှင့် ကမ်းခြေများကိစ္စ တိုင်းအစိုးရသဘောထား နေပြည်တော်ပို့

diz_admin

June 23, 2020

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent Fortune Development Group ကုမ္ပဏီမှမြေလွတ်မြေလပ် လျှောက်ထားမှုအပေါ် တိုင်းအစိုးရသဘောထားကို ဗဟိုမြေလွတ်မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးကော်မတီထံ တင်ပြထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။ အဆိုပါကျွန်းရှိ မြေဧက ၁၄၀ ပေါ် တွင် နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်းလုပ်ရန်အတွက် အထက်ပါ ကုမ္ပဏီက လျှောက်ထားခဲ့ခြင်းဖြစ်သည်။ တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ကို ယခုလအတွင်း ပေးပို့ထားကြောင်း တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ တိုင်း မြေစာရင်းဦးစီးမှူး ဦးမြင့်သိန်းက ဆိုသည်။ Excellent Fortune Development Group ကုမ္ပဏီမှ ပဲ့စင်ကျွန်းကို […]

ကိုဗစ်အရေး တိုင်းအစိုးရနှင့် ရပ်ကျေး အချိတ်အဆက်

diz_admin

June 23, 2020

ကိုဗစ်ကပ်ဘေးကာလတစ်လျှောက်တွင် တိုင်းအစိုးရက အမိန့်ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်များကို အခြေခံပြီး လုပ်ဆောင်ရမည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များအကြားတွင် နားလည်မှုလွဲမှား လုပ်ဆောင်မှုများလည်း ကြုံတွေ့ခဲ့ရသည်။ တိုင်းနှင့်ပြည်နယ်များမှ လာရောက်သူမျာကို စောင့်ကြည့်စခန်းတွင် နေထိုင်စေမည့်အချက်မှစ၍ အခြားအချက်အချို့တွင်လည်း တိုင်းအစိုးရနှင့် မြေပြင်တွင် လုပ်ဆောင်နေသူတို့ တစ်သားတည်း မကျသည့် အနေအထားမျိုးလည်း ရှိခဲ့သည်။ ထို့အပြင် တရားမဝင်နယ်စပ်ဝင်ပေါက်မှ ဝင်လာသူများအရေးကိစ္စတွင်လည်း တိုင်းအစိုးရနှင့် ဗဟိုတို့အကြား မူဝါဒမရှင်းလင်းသည့် အခြေအနေမျိုးရှိသဖြင့် ပြည်ထောင်စုကို ပြန်လည်မေးမြန်း ထားရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။ လက်ရှိတွင် တိုင်းအစိုးရက ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ထားသည့် အမိန့်ကြေညာချက်အပေါ်တွင်လည်း ရပ်ကျေးအဆင့်နှင့် တိုင်းအစိုးရအကြား အချိတ်အဆက်အားနည်းတာ တွေ့ရသည်။ အမိန့်ကြေညာချက်တွင် ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်မှ လာရောက်သူများက စောင့်ကြည့်စခန်းတွင် […]

ဇနီးအား ဓားဖြင့်ခုတ်သတ်ပြီး ကိုယ်တိုင်ဓားထိုးသတ်သေ

diz_admin

June 22, 2020

ကော့သောင်းမြို့နယ်အတွင်း ဇွန်လ ၁၄ ရက်နေ့က လင်မယားစကားများရန်ဖြစ်ကာ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ သေဆုံးသူလင်မယားသည် သစ်တောစိုက်ခင်း နေ့စားအလုပ်သမားများဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ လင်မယားစကားများရန်ဖြစ်ပြီး သစ်တောစိုက်ခင်းနေ့စားအလုပ်သမား အမျိုးသားသည် ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ဓားထိုးသတ်သေခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ခုတ်ခဲ့သူ အမျိုးသားဖြစ်သူအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် မှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကိုဗစ်ကန့်သတ်ချက်ဖောက် ယာဉ်မောင်းကို အရေးယူ

diz_admin

June 22, 2020

ကိုဗစ်ကာလတွင် ခရီးသည်တစ်ဝက်သာ တင်ဆောင်ရမည်ဟု အစိုးရ၏ကန့်သတ်ချက်ကို ရှောင်ကွင်းသည့် ယာဉ်မောင်းတစ်ဦးကို အရေးယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ငွေရတနာယာဉ်လိုင်းမှ ခရီးသည်တင်ကားသည် ဇွန်လ ၁၇ ရက်နေ့တွင် တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာမှ ဘုတ်ပြင်းမြို့သို့ ခရီးသည် ငါးဆယ်ရာခိုင်နှုန်းကျော်ကာ တင်ဆောင်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့တင်ဆောင်ပြီး ဘုတ်ပြင်းမြို့ရှိ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရန်အတွက် ဘုတ်ပြင်းမြို့မှ ယာဉ်တစ်စီးကို အကူအညီတောင်းကာ ပိုတင်လာသော ခရီးသည်များကို ကဲ့ယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ခရီးသည်များကို သွားကဲ့ယူပြီးတင်ဆောင်လာစဉ် မီးသတ်ဌာနရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် ထွေအုပ်နှင့် ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးစဉ်ဖမ်းမိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ကိုဗစ်ကာလအတွင်း တိုင်းကိုဗစ်ကော်မတီက ထုတ်ပြန်ထားသည့်အမိန့်ကို ဖောက်ဖျက်သည့်အတွက် ကျန်းမာရေးဌာနမှ ဆရာဝန်တစ်ဦးက ဘုတ်ပြင်းမြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ […]

ကော့သောင်းလျှပ်စစ်တင်ဒါ ပယ်ဖျက်

diz_admin

June 22, 2020

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါကို ပယ်ဖျက်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ ကော့သောင်းလျှပ်စစ်တင်ဒါကို ဇွန်လ ၁ ရက်နေ့က ဖွင့်ဖောက်စစ်ဆေးခဲ့ပြီးနောက် ပြန်လည်ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ အဆိုပါတင်ဒါကို တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ လျှပ်စစ်ကုမ္ပဏီ ၆ ခု ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။ တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီများက နည်းပညာအဆိုပြုလွှာ (Technical Proposa) မအောင်မြင်ကြသည့်အတွက် တင်ဒါကိုပယ်ဖျက်လိုက်ကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။ “အချို့ကလည်း တင်ဒါစည်းမျဉ်း စည်းကမ်းမအောင်တဲ့ ဟာတွေရှိတယ်။ အချို့ကလည်းပဲ သတ်မှတ်အမှတ်ကို မမီတဲ့ ဟာတွေပေါ့” ဟု ဦးအောင်သူရက ပြောသည်။ ဇွန်လ ၁၈ ရက်နေ့ကပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ တင်ဒါဖွင့်ဖောက်ပြီးရွေးချယ်ရာတွင် ကုမ္ပဏီ၏ Profile ၊ […]

ထီဆိုင်များ အပြိုင်အဆိုင်

diz_admin

June 22, 2020

မြိတ်မြို့ရှိ အောင်ဘာလေထီ အရောင်းဆိုင်ကြီးအချို့တို့တွင် ဇွန်လမှစပြီး ရွှေဆွဲပြားများနှင့် မော်တော်ဆိုင်ကယ်တို့အားကံထူးနိုင်မည့် ကံစမ်းမဲစနစ်တို့ဖြင့် အပြိုင်အဆိုင်ရောင်းချနေကြကြောင်း ယင်းထီအရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြို့မအားကစားကွင်းအရှေ့နှင့် ကံခေါင်းမီးပွိုင့်အနီး ကရာနီလမ်းဆုံတို့ရှိ သိကြားမင်းထီဆိုင်ကြီးတို့တွင် ထီငါးစောင်ထိုးပါက၂၀၂၀ခုနှစ်ထုတ် မော်တော်ဆိုင်ကယ်နှစ်စီးနှင့် ရွှေဆွဲပြား၂၀ကံထူးနိုင်မည့် ကံစမ်းမဲလက်မှတ်တစ်စောင်ရရှိမည်ဖြစ်ကြောင်း ယင်းထီဆိုင်မှသိရ သည်။ ထို့အပြင် ငွေထပ်တိုးထီအရောင်းဆိုင်ကြီးတွင် မော်တော်ဆိုင်ကယ်နှစ်စီးအား မဲဖောက်‌ပေးသည့် အစီအစဉ်ပြုလုပ်ထားကြောင်း သိရသည်။ မြိတ်မှ မေတ္တာတံခွန်ထီရောင်းဝယ်ရေးဆိုင်၏ လူမှုကွန်ရက်စာမျက်နာပေါ် တွင်အောင်ဘာလေထီလက်မှတ်ပေါ်ရှိ ဂဏန်းခြောက်လုံးအနက်နှစ်လုံးအား ခန့်မှန်းဖြေဆိုခြင်း ရမ်းဖြေ ရမ်းမှန် အစီအစဉ်ဖြင့် ထီလက်မှတ်များချီးမြှင့်ပေးခြင်းနှင့် ထီပေါက်စာရင်းဝင်သူများအတွက် လစဉ်ရွှေဆွဲပြားတို့အားမဲဖောက်ပေးခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။ အထက်ပါ ထီအရောင်းဆိုင်ကြီးတို့တွင် ထီလက်မှတ်တစ်စောင်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။

ဒီပင်္ကရာဘုရားရုပ်ပွားတော် ဖျက်ဆီးသူအား အရေးယူမည်

diz_admin

June 22, 2020

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူစေတီတော်တွင်ပူဇော်ထားသည့် ဒီပင်္ကရာဘုရားရုပ်ပွားတော်ဖျက်ဆီးသူအား ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ပေါ်တော်မူစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးစိုးက ပြောကြားသည်။ အသက်နှစ်ဆယ်ကျော်ရှိအမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကဒီပင်္ကရာဘုရားရုပ်ပွားတော်အား ပလ္လင်ပေါ်မှတွန်းချခဲ့သည့်အတွက် ဘုရား၏ဦးခေါင်းတော်ပြုတ်ထွက်ပြီး သင်္ကန်းနှင့် ဘယ်ဘက်လက်‌တော်ကျိုးပဲ့သွားကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအေးစိုးက ပြောပြသည်။ အရေးယူနိုင်ရန်အတွက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးစိုးကပြောပြသည်။ အဆိုပါ အမျိုးသားမှာဘုရားရင်ပြင်ပေါ်သို့ လာရောက်နေသည်မှာ သုံးရက်ရှိနေပြီး မသင်္ကာသဖြင့်စောင့်‌ကြည့်နေစဉ် ဒီပင်္ကရာဘုရားရုပ်ပွားတော်တည်ရှိသည့် ဘုရားသိမ်သို့ဘုရားလာရောက်ဖူးမြော်သည့် ဘုရားဖူးအမျိုးသမီးတစ်ဦးအားတွေ့ရှိပြီးနောက် ဘုရားအားတွန်းချမိခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌဦးအေးစိုးက ပြောပြသည်။ အဆိုပါအမျိုးသားမှာ မြိတ်တောင်ကျေးရွာအုပ်စု ဘုတ်ချောင်းရွာနေသူဖြစ်ပြီး ဆေးကြောင်မူးယစ်ဆေးသုံးစွဲထားသည်ဟု ယူဆရသူဖြစ်ကြောင်း ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောပြသည်။