လွှတ်တော်ကိုယ်စားလှယ် သက်တမ်းပြည့်က ပိုင်ဆိုင်မှုစာရင်းတင်ပြမည်ဟု ဦးဇော်ဟိန်းပြော
diz_admin
June 29, 2020လွှတ်တော်ကိုယ်စားလှယ် ငါးနှစ် သက်တမ်းပြည့်သည့်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို အင်န်အယ်ဒီပါတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ်မဖြစ်ခင်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို ပါတီသို့ တင်ပြထားရပြီး လွှတ်တော်သက်တမ်း ငါးနှစ်ပြည့်ချိန်တွင် ကိုယ်စားလှယ် လောင်းများ၏ ပိုင်ဆိုင်မှုစာရင်းများကို တင်ပြရန် ညွှန်ကြားမှု မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောပြသည်။ “ညွှန်ကြားချက် ရှိရှိ၊ မရှိရှိ တင်ပြ မယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။ ယခင်တင်ပြထားသည့် စာရင်းများ နှင့် ပြန်လည်နှိုင်းယှဉ်ပြီး တိုးတက်မှု ရှိမရှိကို ပြည်သူများသိရှိနိုင်ရန် ပြန်လည်တင်ပြရခြင်း ဖြစ်ကြောင်း ဦးဇော်ဟိန်းက ပြောပြသည်။ “ပြည်သူလူထုကို အမြင်ရှင်းစေချင်တဲ့ ဆန္ဒနဲ့တင်ပြတာပေါ့” ဟု မဲဆန္ဒ […]


