မြိတ်သို့ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာကျန်
diz_admin
June 22, 2020ရန်ကုန်-မြိတ်အဝေးပြေး ယာဉ်လိုင်းများကို ဇွန်လ ၅ ရက်နေ့ကစဖွင့်ပြီးနောက် မြိတ်ခရိုင်အတွင်းသို့ ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာရှိတော့ကြောင်း မြိတ်အဝေးပြေးကားဝင်းတာဝန်ခံနှင့် မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်းများ ထိန်းသိမ်း ရေးကော်မတီထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်ခင်က အနယ်နယ်အရပ်ရပ်မှ မြိတ်သို့ တစ်နေ့လျှင် ခရီးသည်ငါးရာနီးပါးခန့်နေ့စဉ် ဝင်ထွက်လျက်ရှိခဲ့ပြီး ယခုအခါတစ်နေ့လျှင် ခရီးသည်တစ်ရာကျော်ခန့်သာ ဝင်ထွက်လျက်ရှိကြောင်း မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်း များထိန်းသိမ်းရေးကော်မတီ၏ မှတ်တမ်း များအရ သိရသည်။ ယာဉ်လိုင်းများ မပိတ်မီပြီးခဲ့သည့် ဖေဖော်ဝါရီလက မြိတ်ခရိုင်သို့တိုင်း ကျော်ခရီးသည် ကိုးထောင်ကျော်ဝင် ရောက်ခဲ့ပြီး ယခုဇွန်လ ၁ ရက်နေ့မှဇွန်လ ၁၄ ရက်နေ့အထိ တိုင်းကျော်ခရီးသည် တစ်ထောင့်ငါးရာကိုးဆယ့်တစ်ဦးသာ ဝင်ရောက်ခဲ့သေးကြောင်း ယင်းမှတ်တမ်း များမှသိရသည်။ “ကိုဗစ်ကာလဆိုတော့လူတွေက မလိုအပ်ဘဲ ခရီးမသွားကြတော့ဘူး။ တော်တော်လေးကိုလျော့သွားတယ်” ဟု မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်းများ ထိမ်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူ ဒေါ်ချိုမာလွင်က ပြောသည်။ […]


