ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လယ်ထဲဆင်းလမ်း ပိတ်ထားသည့်ကိစ္စ အမြန်ဆုံးလာစစ်ပေးပါ

diz_admin

June 21, 2020

လယ်ထဲဆင်းလမ်း ပိတ်ထားသည့်ကိစ္စ အမြန်ဆုံးလာစစ်ပေးပါ လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာရှိ ၁၅၄/သားကောင်း ကွင်းဆင်းလမ်းကို ပိတ်ထားသည့်ကိစ္စအား အမြန်ဆုံးလာရောက်စစ်ဆေးပေးရန် လယ်သမားအချို့ကလိုလား နေကြသည်။ အဆိုပါးလမ်းကို လယ်မြေပေါ်မြေဖို့ပြီး စားသောက်ဆိုင်ဖွင့်ထားသူတစ်ဦးက ပိတ်ထားခြင်းကြောင့် လယ်ထဲဆင်းရန် အခက်တွေ့နေကြသော လယ်သမားနှစ်ဆယ်နီးပါးက လက်မှတ်ရေးထိုးကာ ဇွန်လ ၁၅ ရက်စွဲဖြင့် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးကို စာပို့တိုင်ကြားထားသည်။ ယင်းတိုင်ကြားမှုအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် လမ်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီး ဥပဒေအတိုင်းအရေးယူဆောင်ရွက်ရန် ဇွန်လ ၁၆ ရက်ကတည်းက မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း တိုင်ကြားထားသည့် လယ်သမားတစ်ဦးက ပြောသည်။ သို့သော် ဇွန်လ ၂၀ ရက်အထိ လာရောက်စစ်ဆေးခြင်းမရှိဘဲ လမ်းမှာ လည်း ပိတ်ထားဆဲဖြစ်ကြောင်း ၎င်းလယ်သမားက ပြောသည်။ ယင်းသို့အချိန်ကြာနေသဖြင့် လယ်သမားအချို့မှာ အခြားလယ်သမားပိုင် လယ်မြေကိုဖြတ်ပြီး လယ်ထဲဆင်းနေရသဖြင့် အချင်းချင်းပြဿနာဖြစ်ပွားနေခြင်း၊ အချို့မှာ […]

ဟိန္ဒားသတ္တုတွင်းတူးခွင့်ရ ကုမ္ပဏီကို သက်တမ်းမတိုးသင့်ကြောင်း တိုင်းအစိုးရမှတ်ချက်ပေး

diz_admin

June 21, 2020

ထားဝယ်မြို့နယ်ရှိ ဟိန္ဒားသတ္တုတွင်း တူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီကို နောက်ထပ်သက်တမ်းတိုးခွင့်မပြုသင့်ဟု တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးပို့ထားကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာရုံးထံမှ သိရသည်။ ယင်းတိုင်းအစိုးရသဘောထားမှတ်ချက်ကို ပြည်ထောင်စုထံ ဇွန်လ ဆန်းပိုင်းက ပေးပို့ထားခြင်းဖြစ်ကြောင်း အထက်ပါရုံး အထွေထွေမန်နေဂျာ ဦးနိုင်မျိုးဟန်က ပြောသည်။ “တိုင်းဒေသကြီးအစိုးရကနေပြီးတော့ ဒီ(ဟိန္ဒားသတ္တုတွင်း) မိုင်းကို ဆက်ပြီးတော့ ခွင့်မပြုသင့်ကြောင်းဆိုပြီးတော့ ပြည်ထောင်စုကို ပြန်ကြားထား တယ်ပေါ့နော်” ဟု ဦးနိုင်မျိုးဟန်က ပြောသည်။ မြန်မာပွန်ပီပက်(MPC) ကုမ္ပဏီ သည် ခဲမဖြူနှင့် အဖြိုက်နက် သတ္တုတူး ဖော်ရန်အတွက် ဟိန္ဒားသတ္တုတွင်းကို ၁၉၉၉ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ နှစ်ပေါင်း ၂၀ ကို အဆင့်ဆင့်သက်တမ်းတိုးကာ လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန စာရင်းအရ […]

သရက်ချောင်းရေတံခွန် ပြင်ဆင်

diz_admin

June 21, 2020

တနင်္သာရီတိုင်း လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် သရက်ချောင်းရေတံခွန်ကို မွမ်းမံပြင်ဆင်နေသည်ဟု သရက်ချောင်းမြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ အထက်ပါရန်ပုံငွေဖြင့် ပေ ၆၀ အရှည် အကျယ် ၆ ပေရှိ ခုံးကျော်တံတားတစ်စင်းနှင့် အတက် အဆင်းလမ်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက ပြောသည်။ “အတက်အဆင်းလမ်းတွေကတော့ မတိုင်းရသေးဘူး၊ ရေတံခွန်သာယာ လှပရေးအဖွဲ့တွေဖွဲ့ထားတယ်ဆိုတော့ အဲ့ဒါကနေ ရေတံခွန်သာယာလှပရေးနဲ့ စိမ်းလန်းစိုပြေရေးအတွက် လုပ်တာပေါ့” ဟု ဦးဇော်မျိုးမင်းက ဆိုသည်။ လက်ရှိတွင် ခုံးကျော်တံတားတစ်စင်းကို စတင်ဆောက်လုပ်နေသည်မှာ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ထားဝယ်ခရိုင်တွင် မိုးရာသီ၌ ရေတံခွန်များသို့လာရောက်လည်ပတ်သူများဖြင့် စည်ကားလေ့ရှိသည်။ ယင်းအနက် သရက်ချောင်းရေတံခွန်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိုးမြင့်

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက် ပွဲဝင်မည်

diz_admin

June 21, 2020

၂၀၂၀ ရွေးကောက်ပွဲဝင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။ ၎င်းအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်၊ထားဝယ်မြို့နယ်မဲန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု ဆိုသည်။ တိုင်းဒေသကြီးအတွင်း အုပ်ချုပ်မှုစနစ်များ စနစ်တကျဖြစ်လာစေရန်၊ ဒီမိုကရေစီရှင်သန်စေရန်နှင့် ပြည်သူများ၏ လူမှုဘဝတိုးတက်လာစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲထပ်ဝင်ရန် ကိုယ်စားလှယ်လောင်းလျှောက်ထားခဲ့ကြောင်း ဦးခင်မောင်အေးက ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ ပီပီ သသ ဝင်ရောက်ပြီးတော့ ကူညီပေးချင်တဲ့အတွက်ကြောင့်မို့ တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ်နဲ့ လျှောက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ငါးနှစ်တာကာလအတွင်း ရရှိခဲ့သည့်အတွေ့အကြုံ များအပေါ် အခြေခံကာ ကူညီနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ၂၀၁၅ ရွေးကောက်ပွဲအချိန်က တိုင်းဒေသကြီးလွှတ်တော်၊ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် […]

ဧပြီလလျှပ်စစ်ယူနစ်အခမဲ့ခံစားခွင့်အတွက် ငွေမရသေး

diz_admin

June 21, 2020

ကိုရိုနာရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသားများခံစားခွင့်ရမည်ဟု အကြောင်းကြားထားသော်လည်း နေပြည်တော်မှ ငွေကြေးမရသေးကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။ လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် ပြည်ထောင်စုအစိုးရထံ တွက်ချက်တင်ပြထားရာ ခွင့်ပြုကြောင်း စီမံ/ဘဏ္ဍာဌာနက ခွင့်ပြုပေးမည်ဟု အကြောင်းကြားထားသည်ဟု ဆိုသည်။ သို့ရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးတွင် မဆုံးဖြတ်ရသေးသည့်အတွက် ငွေမရသေးကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ “ယူနစ်ကိစ္စကတော့ အဆင်မပြေသေးဘူး။ အပြန်ပြန်အလှန်လှန်ဖြစ်နေတာပေါ့။ စာပို့လိုက် လိုအပ်ချက်ကို ပြန်တောင်းလိုက် ပြန်ပို့လိုက် ဒီလိုဖြစ်နေတာ” ဟု ဦးအောင်သူရက ပြောသည်။ သို့သော် ယနစ် ၁၅၀ ခံစားခွင့်ရရှိရေးမှာ သေချာနေပြီး မည်သည့်အချိန်တွင် ငွေကြေးရရှိမည်ကို မသိနိုင်သေးကြောင်း […]

တောင်သူလယ်သမားများ ကိုဗစ်ချေးငွေရမည်

diz_admin

June 21, 2020

တောင်သူလယ်သမားများကို ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် လယ် ၁ ဧကလျှင် ငွေကျပ် ၅၀ဝဝဝ ထပ်ချေးပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ကိုဗစ်-၁၉ ကြောင့် လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် ထိခိုက်မှုများရှိနိုင်ခြင်း၊ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်စေရန်နှင့် ငွေကြေးလည်ပတ်မှု အဆင်ပြေစေရန်အတွက် တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးခြင်းဖြစ်ကြောင်း အထက်ပါဘဏ်မှ တိုင်းမန်နေဂျာဒေါ်မိုးမိုးလွင်က ပြောသည်။ ချေးငွေကို မိုးစပါးချေးငွေနှင့်အတူ ထုတ်ချေးနိုင်ပြီး မိုးစပါးချေးငွေထုတ် ချေးပြီးသူများအနေဖြင့် ထပ်မံ၍လာရောက် ထုတ်ချေးနိုင်ကြောင်း ဒေါ်မိုးမိုးလွင်က ပြောသည်။ ယင်းသို့ ချေးငွေထပ်တိုးချေးပေးသည်မှာ လယ်သမားများအတွက် ကောင်းမွန်ပြီး လယ်ယာလုပ်ငန်းအတွက်များစွာ အထောက်အကူဖြစ်သည်ဟု သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ လယ်သမားဦးမောင်အေးက ပြောသည်။ ချေးငွေကို ဇူလိုင်လတွင် စတင်ထုတ်ချေးနိုင်မည်ဖြစ်ပြီး မိုးစပါးချေး ငွေပြန်ဆပ်သည့်ကာလနည်းတူ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နောက်ဆုံးထား […]

Dawei Watch TV/ဗိုက်ပူအဝလွန်ရဲတွေ ဝိတ်လျော့နေရ

diz_admin

June 18, 2020

အခုဆိုရင် ရဲတပ်ဖွဲ့ဝင်တွေဟာ ဝိတ်လျော့နေရပါပြီ။ ဗိုက်ပူအဝလွန်ပြီး အချိန်လေးလအတွင်း ဝိတ်မကျဘူးဆိုင် အရေးယူမယ်လို့ ညွှန်ကြားထားတဲ့အတွက်ကြောင့်ပါ။ဒီလိုညွှန်ကြားထားတဲ့အတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေကတော့ ညနေတိုင်း လေ့ကျင့်ခန်းတွေ လုပ်နေကြပါပြီ။ဒီအကြောင်းတွေကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲ နှင့် တနင်္သာရီ ဝန်ကြီးချုပ်

diz_admin

June 17, 2020

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြင့်မောင် ရွေးကောက်ပွဲ ဝင်မည်လော၊ လက်ရှိ တာဝန်ထမ်းဆောင်နေစဉ် အားရမှု၊ အားမရမှု စသည်တို့ နှင့် ပတ်သက်ကာ Dawei Watch/တနင်္သာရီ အပတ်စဉ်က တွေ့ဆုံမေးမြန်းထားပါသည်။