ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘိုးဘွားငါးထောင်ကျော် ကိုဗစ် ထောက်ပံ့ကြေးရမည်

diz_admin

June 21, 2020

တိုင်းအတွင်းရှိ အသက်ကြီးဘိုးဘွား ငါးထောင်ကျော် (၅၄၃၃ ဦး) ကို ကိုဗစ် ထောက်ပံ့ကြေးကို ယခုဇွန်လအတွင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူမူဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။ ဧပြီ၊ မေ၊ ဇွန်လ တို့တွင် အသက် ၈၅ နှစ်နှင့်အထက်ဖြစ်သည့် ဘိုးဘွားတို့က ယင်းထောက်ပံ့ကြေးရမည်ဖြစ်ပြီး တစ်ဦးလျှင် ကျပ်သုံးသောင်းရရှိမည်ဖြစ် ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ပေးမှာကတော့ ဒီလထဲမှာပဲ ပေးမယ်။ မြို့နယ်တွေကို ပိုက်ဆံတွေ ခွဲဝေပြီးတော့ ပို့ထားလိုက်ပြီ။ ကိုဗစ်ထောက်ပံ့ ကြေးကတော့ ဒီတစ်ကြိမ်မှာပါတဲ့ ဘိုးဘွားတွေပဲ ရမှာပေါ့နော်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ အဆိုပါ ကိုဗစ်ထောက်ပံ့ကြေးကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ အကူအညီဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။ ကိုဗစ်ထောက်ပံ့ကြေးရသည့် ဘိုးဘွားတို့သည် […]

ကိုဗစ်အလှူငွေ ပြည်ထောင်စုကို အပ်ရ၊ လိုအပ်ကပြန်တောင်းပြီး သုံးစွဲဟုဆို

diz_admin

June 21, 2020

ကိုဗစ်ကပ်ဘေးနှင့်ပတ်သက်၍ ပြင်ပအလှူရှင်များက တိုင်းအစိုးရထံ လှူဒါန်းငွေများကို ပြည်ထောင်စုကိုအပ်ရပြီး လိုအပ်ပါက ပြန်လည်တောင်းခံ၍ သုံးစွဲနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောကြားသည်။ တိုင်းအစိုးရကို လာလှူသည့် ငွေကြေးများကို ချက်ချင်းသုံးစွဲခွင့်မရှိဘဲ ငွေအားလုံးကို ပြည်ထောင်စုထံ အပ်နှံရကြောင်း ၎င်းက ဆိုသည်။ “ပြီးတော့မှ ကျွန်တော်တို့က ပြည်ထောင်စုမှာကိုယ့်သုံးချင်တဲ့ဟာကို စနစ်တကျ ပြန်တောင်းယူရပါတယ်။ ဒီငွေကို ဒီမှာတင် သုံးတာမျိုး မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရန် ယခင်ကတည်းက လမ်းညွှန်ထားကြောင်း ၎င်းက ဆိုသည်။ငွေကြေးမဟုတ်သည့် ပစ္စည်းများလှူဒါန်းလာပါက လိုအပ်နေသည့် ခရိုင်၊ မြို့နယ်များကို စနစ်တကျခွဲဝေပေးကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ လက်ရှိ ထားဝယ်မြို့ရှိ စောင့်ကြည့်စခန်းတွင် လူဦးရေ ၃၀ဝ နီးပါး၊ မြိတ် နှင့် […]

ကျွဲ၊ နွားများ သယ်ဆောင်ရာတွင် ကန့်သတ်ချက်အချို့ ဖြေလျှော့

diz_admin

June 21, 2020

ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ရာတွင် ကန့်သတ်ချက်အချို့ကို ပြင်ဆင်ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ တောင်သူလယ်သမားတစ်ဦးလျှင် နှစ်ကောင်ထက်မပိုသော ခိုင်းကျွဲ၊ ခိုင်းနွားများကို နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျေးရွာတစ်ခုမှ အခြားကျေးရွာတစ်ခု သို့မဟုတ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မွေးမြူရန်သို့မဟုတ် လယ်ယာလုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးပြုရန် သယ်ဆောင်ခြင်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(မွေး/ကု)မှ ထုတ်ပေးသည့် တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ်မူရင်းတို့နှင့်အတူ သယ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဒါက တောင်သူလယ်သမားအတွက်ပဲ ဖြေလျှော့ပေးတာ ဖြစ်တယ်။ တောင်သူ လယ်သမားတစ်ယောက်က သူမွေးဖို့ လယ်ယာလုပ်ငန်းခွင်မှာ ခိုင်းဖို့ နွားလေးနှစ်ကောင်သယ်တာကိုမှ တိုင်းတွေ ပြည်နယ်တွေ […]

ဟိုတယ်နှင့် တည်းခိုရိပ်သာ ဧည့်သည်မှတ်တမ်းအတွက် အွန်လိုင်းစနစ် စသုံး

diz_admin

June 21, 2020

တိုင်းတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်တည်းခိုသည့် ဧည့်သည်များ၏ အချက်အလက်မှတ်တမ်းအတွက် ဇွန်လ ပထမပတ်မှစပြီး အွန်လိုင်းစနစ် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ပေးပို့နိုင်ရန်အတွက် လိုင်စင်ရယူထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ၊ ဆက်စပ်ဧည့်စာရင်းပေးပို့ရသည့် ဌာနဆိုင်ရာများကို Hotel Guest List Management System အသုံးပြုမှု သင်တန်းပို့ချထားပြီးဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းသိန်း ကပြောသည်။ လက်ရှိတွင် အွန်လိုင်းစနစ်ကိုကျင့်သုံးနေသည့် ဟိုတယ်နှင့် တည်းခိုခန်း ၄၈ ခုရှိကြောင်း ဦးဝင်းသိန်းက ပြောသည်။ ယခင်က ဟိုတယ်၊ တည်းခိုရိပ်သာများတွင် လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်စာရင်းနှင့် အချက်အလက်မှတ်တမ်းများကို ဟိုတယ်၊ တည်းခိုရိပ်သာများ စုပေါင်းခန့်ထားသည့် ဝန်ထမ်းမှ လိုက်လံကောက်ယူကာ ညနေ ၄ […]

သရက်စိုက် တောင်သူ ၆ ဦး GAP သီးနှံလက်မှတ်ရ

diz_admin

June 21, 2020

ရေဖြူမြို့နယ်၊ ကျောက်ရှပ်ကျေးရွာတွင် ပတ္တမြားငမောက်သရက်စိုက် တောင်သူခြောက်ဦး ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP – Good Agricultural Practice) လက်မှတ်ရရှိကြောင်း ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ GAP လမ်းညွန်ချက်တွင် ပါဝင်သည့် သတ်မှတ်ချက်များဖြင့် စိုက်ပျိုးခြင်းကြောင့် သီးနှံများတွင် ဓာတုဓာတ်ကြွင်းပါဝင်မှု သတ်မှတ်ပမာဏမျှသာပါဝင်ကြောင်း အထက်ပါ ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းတင့်က ပြောသည်။ ပြီးခဲ့သည့်နှစ်က GAP လက်မှတ်မရသေးသော်လည်း သရက်သီးတစ်လုံးလျှင် ငွေကျပ် ၄၀ဝ ခန့်မှ ၂၀ဝ၀ ခန့်အထိရပြီး ယခုနှစ်တွင် ဖောက်သည်ရရှိမှုနည်းကာ သီးနှံဈေးနှုန်းများ သုံးပုံတစ်ပုံခန့် ကျဆင်းသွားသည်ဟု ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာမှ သရက်စိုက်တောင်သူ ဦးစိန်အေးက ပြောသည်။ “ဒီနှစ်က ဈေးကွက်မရှိတဲ့ကြားထဲ အသီးတွေလည်း ခူးပြီမှည့်လာမှ တအားပုပ်လို့ ဆုံးရှုံးမှုတွေ များတယ်။ အသီးမပုပ်ရင်တော့ တော်တော်လေး […]

ဘော်ဒါနှင့် ပြင်ပကျူရှင်များအား ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိက ပညာရေးမိသားစု(ယာယီ) ထုတ်ပြန်

diz_admin

June 21, 2020

ထားဝယ်ခရိုင်အတွင်းရှိ တရားဝင်မှတ်ပုံတင်ထားသော ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း(ဘော်ဒါ) များနှင့် ပြင်ပကျူရှင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ပုဂ္ဂလိက ပညာရေးမိသားစု(ယာယီ)က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။ အခြေခံပညာအတန်းအချို့နှင့် ကိုယ်ပိုင်အထက်တန်းအချို့ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘော်ဒါနှင့် ပြင်ပကျူရှင်များမပါဝင်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောဆိုထားကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ထားဝယ်ခရိုင်အတွင်းတွင်လည်း တရားဝင်ခွင့်ပြုချက်မရှိသော ကျူရှင်များ၊ စာသင်ဝိုင်းများ ဖွင့်လှစ်နေကြသည့်အချိန်တွင် တရားဝင်မှတ်ပုံတင်ထားသော ဘော်ဒါနှင့် ပြင်ပကျူရှင်များကိုလည်း စည်းကမ်းချက်သတ်မှတ်ကာ ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ယင်းမိသားစု အဖွဲ့ဝင် ပညာကမ္ဘာဘော်ဒါဆောင်ပိုင်ရှင် ဦးသန်းဇော်ဦးက ပြောသည်။ တနင်္သာရီတိုင်းရှိ ကိုယ်ပိုင်ကျောင်း ငါးကျောင်းကို ပညာရေးဝန်ကြီးဌာနက ဖွင့်ခွင့်ပြုထားပြီး ဖြစ်သည်။ […]

ပန်းပဲလုပ်ငန်း၏ အနာဂတ်

diz_admin

June 21, 2020

နှစ်ပေါင်းရာထောင်ချီတည်တံ့လာခဲ့သည့် မြန်မာ့ပန်းဆယ်မျိုးအနက် လက်မှုပညာတစ်ရပ်ဖြစ်သည့် ပန်းပဲလုပ်ငန်းသည် ယခုအချိန်မှာတော့ လူငယ်ထုအကြား စိတ်ဝင်စားမှုနည်းလာနေပြီ ဖြစ်သည်။ နည်းပညာအိုင်တီခေတ်သို့ ကူးပြောင်းလာပြီးနောက် အားခွန်ဖြင့် ပင်ပင်ပန်းပန်းလုပ်ရသည့် ယင်းလုပ်ငန်းကို ခေတ်လူငယ်များအနေဖြင့် စိတ်ဝင်စားမှုမရှိကြတော့။ လူငယ်များအနေဖြင့် ပန်းပဲလုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင်ရန် အလုပ်လာစပ်ကြသူက လက်ရှိအနေအထားတွင် လုံးဝမရှိကြတော့။ ထိုကြောင့် ယင်းလုပ်ငန်းတွင် လူငယ်များအစား လူလတ်ပိုင်းနှင့် လူကြီးပိုင်းအရွယ်များသာ တွေ့ရတော့သည်။ လာလုပ်ကြသည့် လူငယ်အချို့သည်လည်း တစ်ရက်နှစ်ရက် ထိုထက်ပို၍ တစ်နှစ်မှနှစ်နှစ်အထိ ရေရှည်မခံကြတော့။ အခြားလုပ်ငန်းများသို့ ကူးပြောင်းသွားကြကြောင်း မြိတ်မြို့ရှိပန်းပဲလုပ်ငန်းလုပ်ကိုင်ကြသည့် ပန်းပဲဆရာများက ပြောပြသည်။ “ကျွန်တော်တို့အဖေတွေခေတ်ကတော့ လူငယ်တွေလာလုပ်ကြသူများတယ်။ အခုခေတ်လူငယ်တွေက ပင်ပန်းတဲ့အလုပ်မလုပ်ချင်ကြတော့ဘူး။ တအား ဝါသနာပါတဲ့သူတွေပဲ လာပြီးလုပ်ကြတာမျိုးပဲ ရှိတော့တယ်” ဟု မိရိုးဖလာ ပန်းပဲလုပ်ငန်းလုပ်ကိုင်လာသည့် မြိတ် တောင်ကျေးရွာမှ အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် ဦးနောင်ပိန် ကပြောသည်။ […]

တက္ကသိုလ်များ ပြန်ဖွင့်ရန် မညွှန်ကြားသေး

diz_admin

June 21, 2020

တက္ကသိုလ်များ ပြန်ဖွင့်ရေးကိစ္စအတွက် ပညာရေးဝန်ကြီးဌာနမှ ဇွန်လ ၁၈ ရက်အထိ တစ်စုံတစ်ရာ ညွှန်ကြားလာခြင်းမရှိသေးကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ ကျောင်းသားများအကြားတွင်မူ တက္ကသိုလ်များ ဇူလိုင်လအတွင်းပြန်ဖွင့်ကာ ကျန်နေသည့် ဘာသာများ ဖြေရတော့မည်ဖြစ်ကြောင်းနှင့် အဝေးသင်စာစဉ်တင်ခြင်းကို ဇူလိုင်လအတွင်း အပြီးလုပ်ဆောင်ရမည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ တက္ကသိုလ်ကျောင်းသားများနှင့်ဆိုင်သည့် ဖေ့စ်ဘုတ်စာမျက်နှာအချို့တွင်လည်း ယင်းကဲ့သို့ ရေးသားထားကြပြီး အချို့က ဌာနမှူးပြောကြားချက်ဟုဆိုကာ အသံမက်ဆေ့ချ်များပေးပို့ခြင်းတို့ကြောင့် ယင်းကောလာဟလများကို ယုံကြည်နေသူအချို့လည်း ရှိနေသည်။ “သေချာတော့ စာမထွက်သေးဘူး ပေါ့နော်။ (တက္ကသိုလ်ပြန်ဖွင့်ဖို့) ပြောတော့ ပြောနေကြပြီပေါ့နော်” ဟု ဒေါက်တာသိင်္ဂီရွှေက ဆိုသည်။ ယခုအပတ်အတွင်း အွန်းလိုင်းစနစ်ဖြင့်ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် တက္ကသိုလ်ပါမောက္ခချုပ်များကော်မတီ အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဟိန်းကလည်း တက္ကသိုလ်များပြန်ဖွင့်မည့်ကိစ္စကို ပညာရေးဝန်ကြီးက တစ်စုံတစ်ရာပြောကြားခြင်းမရှိကြောင်း ပြောသည်။ […]