ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီမြို့တွင် ပျံကျဈေးဆိုင်များ နေရာထပ်ပြောင်း

diz_admin

June 30, 2020

တနင်္သာရီမြို့ရှိ ပျံကျဈေးဆိုင်များအား ဇွန်လ ၂၇ ရက်နေ့မှစပြီး ချောင်းကြီး ရပ်ကွက် တိုးချဲ့ ၁ လမ်းအတွင်းသို့ ထပ်ပြောင်းရွှေ့ခဲ့ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်ထံမှ သိရသည်။ ကိုဗစ်နိုင်တီးရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် အောင်မင်္ဂလာ ၂ ဈေးအရှေ့ရှိ ပျံကျဈေး ၁၇ ဆိုင်အား ဧပြီလ ၁၇ ရက်နေ့မှစပြီး ချောင်းကြီးရပ်ကွက် တိုးချဲ့ ၂ လမ်းအတွင်းသို့ ယာယီရွှေ့ပြောင်း ရောင်းချခွင့်ပြုထားပြီး ဖြစ်သည်။ တိုးချဲ့ ၂ လမ်းတွင် ကွန်ကရစ်ခင်းကျင်းရန်အတွက် ပြင်ဆင်မည်ဖြစ်သည့်အတွက် တိုးချဲ့ ၁ လမ်းသို့ ထပ်မံပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။ မြင့်မိုရ်(မြိတ်)

မောတောင်နယ်စပ်ဂိတ်မှ ကုန်ခြောက် သယ်ယူခွင့် စတင်ခွင့်ပြုမည်

diz_admin

June 30, 2020

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်ဂိတ်မှ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ စသဖြင့် ကုန်ခြောက်များ သယ်ယူဖြတ်သန်းခွင့်ပြုနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြိတ်-ပရာကျွတ် ညီအစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ကိုဗစ်နိုင်တီးရောဂါဂယက်ကြောင့် မောတောင်နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ စင်ခွန်းအထူးယာယီနယ်စပ်ဂိတ် (မော တောင်-စင်ခွန်းဂိတ်) မှ ဝင်/ထွက်သွားလာမှုနှင့် ကုန်သယ်ယူခွင့်တို့ကို ဇွန်လကုန်အထိ ယာယီပိတ်ထားသည်။ ကုန်ခြောက်များအား စတင်သယ်ယူ ခွင့်ပြုနိုင်ရေးအတွက် ဇွန်လ ၂၅ ရက်နေ့ က ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးတွင် တပ်ဘက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့ ပါဝင်သည့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြောင်း ညီအမမြို့တော် ဆက်ဆံရေးမှူး ဆရာဦးအောင်ကြည်မြင့်က ပြောပြသည်။ အစည်းအဝေးတွင် ပထမအဆင့် အနေဖြင့် စင်ခွန်းဂိတ်မှ ကုန်ခြောက်ပစ္စည်းများအား ဖြတ်သန်းခွင့်ပြုပေးရန်နှင့် ကုန်ခြောက်များ ကုန်သွယ်မှုကို အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်နေမည်ဖြစ်ပြီး […]

မြိတ်ဟိုတယ်များတွင် ခရီးသည် လာရောက်မှု ရှစ်ဆယ်ရာခိုင်နှုန်း လျှော့ကျ

diz_admin

June 30, 2020

ကိုဗစ်ကာလအတွင်း သုံးလနီးပါး ပိတ်ထားကြသည့် မြိတ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား ဇွန်လပထမအပတ်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ခရီးသည် လာရောက်မှု ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ယခင်ကပုံမှန်လာရောက်နေသည့် ခရီးသည်ဦးရေတစ်ရာလျှင် ၂၀ ဦးခန့် အထိကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များက ဆိုသည်။ “လူတစ်ရာမှာ နှစ်ဆယ်ရာခိုင်နှုန်း လောက်ပဲလာပြီး တည်းခိုသူတွေရှိတော့တယ်။ တော်တော်လေးလျော့သွားတယ်” ဟု မြိတ်မြို့၊ ကမ်းနားလမ်းရှိ မြစည်းစိမ် ဟိုတယ်ပိုင်ရှင် ဦးကျော်သူနိုင်က ပြောသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက မြိတ်မြို့သို့ ပြည်တွင်းပြည်ပခရီးသည် နေ့စဉ်လူတစ်ရာနီးပါးခန့် လာရောက်ကြပြီး အချို့ခရီးသည်များသည် ကျွန်းခရီးစဉ်များသို့ သွားရောက်လည်ပတ်လေ့ရှိကြ သည်။ သို့သော်ယခုအချိန်တွင်တော့ ယင်းခရီးသည်များမလာကြတော့ဘဲ လုပ်ငန်းကိစ္စဖြင့် မဖြစ်မနေလာရောက်ကြသည့် ခရီးသည်များသာ တည်းခိုနေကြကြောင်း မြိတ်ခရိုင်ဟိုတယ်နှင့်ဧည့်ရိပ်သာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျောက်စိမ်းက ပြောဆိုသည်။ ကိုဗစ်ကပ်ရောဂါ ဆက်လက်ဖြစ် ပွားနေခြင်း၊ […]

လျှပ်စစ်ယူနစ်အတက်ကြမ်းကိစ္စ စစ်ဆေးမည်၊ စစ်ဆေးရန် စာရင်းပေးထားသူများ မီတာခမသွင်းစေဘဲ ဆိုင်းငံ့ထားမည်

diz_admin

June 30, 2020

ထားဝယ်ဒေသတွင် လျှပ်စစ်ယူနစ် အတက်ကြမ်းနေသည့်ကိစ္စကို စစ်ဆေးမည်ဖြစ်ပြီး ယင်းသို့ စစ်ဆေးရန် စာရင်းသွင်းထားသူများ မီတာခ မသွင်းစေဘဲ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိုင်း လျှပ်စစ်အင်ဂျင်နီယာက ပြောကြားသည်။ ထားဝယ်ခရိုင်အတွင်းရှိ မီတာအများစုမှာ ပြီးခဲ့သည့် မေလက သုံးစွဲခဲ့သည့် လျှပ်စစ်ယူနစ်က ယခင်ထက် နှစ်ဆဝန်းကျင် ပိုမိုကျသင့်နေကြသည်။ ထိုကြောင့် လျှပ်စစ်ယူနစ်ခါတိုင်းထက် ပိုနေသည်ဟု သံသယရှိက စစ်ဆေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လျှပ်စစ်ယူနစ်အတက်ကြမ်းနေသည့် ကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၂၂ ရက်နေ့ က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အဆင့် ၃ ဆင့်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ဒုတိုင်း လျှပ်စစ်အင်ဂျင်ယာ၊ အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက ဆိုသည်။ ပထမအဆင့်အနေဖြင့် […]

ရေဖြူက မိုင်းထောင်သူကို ဖမ်းမိ

diz_admin

June 30, 2020

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီ ကျေးရွာအုပ်စု ဒိုက်တကော်ကျေးရွာတွင် ဇွန်လ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှုမှ မိုင်းထောင်သူဟု ယူဆရသူကို ဖမ်းမိထားပြီး အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မဖြင့် တရားစွဲတင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ်၊ ကံပေါက်နယ်မြေရဲစခန်းထံမှ သိရသည်။ အဆိုပါ လက်လုပ်မြေမြှုပ်မိုင်းသည် ဒိုက်တကော် ကျေးရွာသားတစ်ဦး၏ ‌ရော်ဘာခြံထဲ တဲအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုင်းနင်းမိသည့် ‌ရော်ဘာခြံပိုင်ရှင် အမျိုးသားမှာ မျက်စိတစ်စုံနှင့် ညာဘက် ခြေထောက်တစ်ဖက် ဆုံးရှုံးသွား ခဲ့ရသည်။ ဇွန်လ ၂၁ ရက်တွင် မိုင်းထောင်ခဲ့သည်ဟု ယူဆရသော တစ်ရွာတည်းနေသူ အသက် ၆၄ နှစ်အရွယ် အမျိုးသားကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် […]

သရက်ချောင်းရေတံခွန်တွင် ဆယ်ရက်အတွင်း လူနှစ်ဦး ရေနစ် သေဆုံး

diz_admin

June 30, 2020

သရက်ချောင်းရေတံခွန်တွင် ယခုနှစ် ရေတံခွန်ရာသီအစပိုင်းကာလ ဆယ်ရက်အတွင်း လူနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ အချို့ထံမှ သိရသည်။ ဇွန်လ ၂၂ ရက် ညနေ ၄ နာရီခွဲ ခန့်က အသက် ၂၁ ခန့်ရှိ သရက်ချောင်း မြို့မရပ်ကွက်နေ စိတ်ကျန်းမာရေး မကောင်းသူအမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ “ပေါ်လာမှ သိတယ်၊ ခန့်မှန်းတာ တော့ တစ်နေ့ကျော်သွားပြီဆို ထင်တယ်။ အလောင်းတစ်လောင်းက တစ်ရက်ကျော်မှာ ပေါ်တာကိုး။ သူက စိတ်မမှန် (စိတ်ကျန်းမာရေးမကောင်း)တဲ့ကြား ထဲမှာကို အရက်လည်းသောက်တတ်တယ်” ဟု သရက်ချောင်းမြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက ပြော သည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ညနေကလည်း အသက် ၃၈ နှစ်ရှိ […]

မုဒုံတွင် ကျပ်သိန်းတစ်သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

diz_admin

June 30, 2020

မွန်ပြည်နယ် မုဒုံမြို့တွင် ကျပ်သိန်း တစ်သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါး တစ်သိန်းလေးသောင်း (၁၄၀ဝဝဝ) ပြားခန့် ဖမ်ဆီးရမိကြောင်း မုဒုံမြို့မ ရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် မှုခင်းအကူဌာနစုမှ ရဲအုပ် ဇော်ထိုက် ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မုဒုံမြို့ မြို့မ (၁) ရက်ကွက် မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမပေါ် သိန်းကမ္ဘာမိုတယ်ရှေ့၌ စောင့်ဆိုင်းနေစဉ် သံဖြူဇရပ်ဘက်မှ မုဒုံဘက်သို့လာသော ကုန်တင်ကားတစ်စီးပေါ်မှ အထုပ်ကြီးတစ်ထုပ်အား ထမ်း၍ဆင်းလာသော ကြိုတင်သတင်း ရရှိထားသူ မုဒုံမြို့နေ အောင်အောင် (၃၉) နှစ်ဆိုသူအား စစ်ဆေးရှာဖွေခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ စစ်ဆေးရှာဖွေရာ၌ လက်ဆွဲပီနံ အိတ်အတွင်း အထုပ်များဖြင့် ထုပ်ပိုးထားသော WY+R […]

မွန် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်မည်

diz_admin

June 30, 2020

မွန်ပြည်နယ်တွင် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်ရန် အဆိုပြုလွှာတင်ထားကြောင်း သိရသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၂ ဦးရှိပြီး NLDပါတီ ကိုယ်စားပြု ၁၀ ဦး၊ မွန်ညီညွတ်ရေးပါတီမှ ၁ ဦးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၁ ဦးတို့ ပါဝင်သည်။ လာမည့်ရွေးကောက်ပွဲတွင် NLDပါတီမှ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၀ ဦးထဲအနက်မှ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှအပ ကျန် ၉ ဦးစလုံး ဝင်ပြိုင်ရန် အဆိုပြုလွှာတင်ထားသည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောသည်။ “ကိုထွန်ဌေးတော့ မပြိုင်ဘူး။ ကျန်တဲ့ ဝန်ကြီးအားလုံး ဝင်ပြိုင်မယ်။ အဆို ပြုလွှာတွေက […]