ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဇဟာတောင်သူများကို မျိုးစပါး တင်း ၂၀ဝ ထောက်ပံ့

diz_admin

July 1, 2020

ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာတွင် ဆင်းသုခမျိုးစပါးစိုက်မည့်တောင်သူများကို မြန်မာနိုင်ငံဆန်ကုန်သည် အသင်း ဥက္ကဋ္ဌ၊ ဦးအောင်သန်းဦးက မျိုးစပါး တင်း ၂၀ဝ ထောက်ပံ့ပေးခဲ့ကြောင်း ဇဟာကျေးရွာအုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ပြောသည်။ လယ်ယာကဏ္ဍဖွံဖြိုးရေးအတွက် စပါးတစ်တင်း အခြေခံဈေး ကျပ် ၅၀ဝ၀ နှုန်းဖြင့်ဝယ်ယူရန် ညှိနှိုင်းဆွေးနွေးသည့်ကိစ္စဖြင့် ထားဝယ်သို့လာရောက်စဉ် ဇဟာကျေးရွာတောင်သူများနှင့် တွေ့ဆုံ ခဲ့ပြီး ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးလွင်မိုးက ပြောသည်။ “ဆင်းသုခလုပ်ဖို့ လယ်သမားတွေကို ထောက်ပံ့ပေးတာ။ တစ်ကွင်းတစ်ဆက်တည်း စိုက်နိုင်အောင်ပေါ့” ဟု ဦးလွင်မိုးက ပြောသည်။ မျိုးစပါးတင်း ၂၀ဝ ကို လယ်တစ်ဧက လျှင် ၂ တင်းနှုန်းဖြင့် ၁၀ ဧကအထိ ထောက်ပံ့ပေးပြီး တောင်သူ ၂၅ ဦးခန့် ရရှိသည်ဟု ဦးလွင်မိုးက ပြောသည်။ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရပါက လာမည့်နှစ်တွင် […]

မွန်ပြည်သစ်ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ထောက်ပံ့မှု ရရှိရန် တင်ပြထား

diz_admin

July 1, 2020

Covid-19 ကူးစက်ရောဂါကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု ၃၀ဝ၀ ကျော် နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မှုရရှိရန် တင်ပြထားသည် မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်တွင် မွန်ပြည်နယ်မှ အိမ်ထောင်စု ၇ သောင်းကျော် ထောက်ပံ့မှုရရှိရန် တင်ပြထားပြီး အဆိုပါ အိမ်ထောင်စုများတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် လာမည့် ရက်သတ္တ ပတ် ၂ ပတ်အတွင်း ထောက်ပံ့ပေးသွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး က ဇွန်လ ၁၉ ရက်နေ့က […]

မူးယစ်ဆေးဝယ် အပေါင်ခံ ဖုန်းတစ်လုံးနှင့် မိသားစုဝင်သုံးဦး၏ အသက်များ

diz_admin

July 1, 2020

ရဲတပ်ဖွဲ့ကတော့ အပေါင်ခံထားသည့် ဖုန်းတစ်လုံးပြန်ရလိုမှုဖြင့် လူသုံးဦးကို သတ်ခဲ့ကြောင်း ကောက်ချက်ဆွဲ ထားသည်။ ရေဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုမှ စွပ်စွဲခံရသူ လေးဦးကို ဖမ်းဆီးထားပြီး ထိုသို့ အမှုတည်ဆောက်ထားခြင်း ဖြစ်သည်။ ရေဖြူမြို့နယ်တွင် ဇွန်လ ၁၃ ရက် နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သည်ဆိုသည့် အမျိုးသားလေးဦးကို ဖမ်းမိထားပြီး ရမန်နှစ်ပတ် (ရက်သုံးဆယ်) အတွင်း တရားစွဲတင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ ထားဝယ်-ရန်ကုန်ကားလမ်းပေါ် ၂၄ မိုင် ၃ ဖာလုံတွင်တည်ရှိသည့် မီးရထားသံလမ်း ဂိတ်စောင့်အိမ်တွင် အသက် တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦး အပါအဝင် မိသားစုသုံးဦးကို ဓားဖြင့်သတ်သွားခြင်း ဖြစ်သည်။ အသတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က သေဆုံးသူနှင့် နောက်ဆုံးဆက်သွယ်ခဲ့သည့် ဖုန်းနံပါတ်များ အပါအဝင် အချက်အလက်ပေါင်း ၂၂ […]

တိုင်းအတွင်း မသန်စွမ်း မဲဆန္ဒရှင် နှစ်ထောင်ခန့်ရှိ

diz_admin

July 1, 2020

လာမည့်ရွေးကောက်ပွဲတွင် တိုင်းအတွင်း မသန်စွမ်းမဲဆန္ဒရှင် နှစ်ထောင့် တစ်ရာခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးထံမှ သိရသည်။ တိုင်းအတွင်းရှိ မသန်စွမ်းမဲဆန္ဒရှင်များတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၁၀ဝ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၃၀ဝ ဦးခန့်၊ အပြောအကြား မသန်စွမ်းသူ ၄၀ဝ ဦးကျော်ခန့်၊ ဉာဏ်ရည်မသန်စွမ်းသူ ၁၀ဝ ဦးကျော်ခန့်ရှိကြောင်း အထက်ပါရုံးမှ အတွင်းရေးမှူးက ပြောသည်။ မဲရုံသို့ လာရောက်မဲမပေးနိုင်သည့် မသန်စွမ်းမဲဆန္ဒရှင်များသည် ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ဖြစ်စေ အိမ်တိုင်ရာရောက်ဖြစ်စေ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ၎င်းက ပြောသည်။ ယခင် ရွေးကောက်ပွဲများတွင် မသန်စွမ်း မဲဆန္ဒရှင်စာရင်းကို သီးခြားကောက်ယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။ ထားဝယ်ခရိုင်တွင် မသန်စွမ်း မဲဆန္ဒရှင် ၁၂၀ဝ ကျော်ခန့်၊ မြိတ်ခရိုင်တွင် ၆၀ဝ […]

အခြေခံကျောင်းသားများ အမည် နှင့် မွေးသက္ကရာဇ်ပြောင်းကိစ္စ ဖြေလျှော့ပေး

diz_admin

July 1, 2020

ယခုပညာသင်နှစ်မှစပြီး အခြေခံ ကျောင်းသားများနှင့် မိဘများ၏ အမည်ပြောင်း၊ မွေးသက္ကရာဇ်ပြောင်းခြင်းများကို အခြေခံပညာဦးစီးဌာနက ဖြေလျှော့ပေးလိုက်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ ယခင်က အမည်ပြောင်းလျှောက်လွှာများကို အခြေခံပညာဦးစီးဌာနအထိ တင်ပြရပြီး ယခုဖြေလျှော့ပေးချက်အရ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင်ပင် ယင်းကိစ္စကို ဆောင်ရွက်နိုင်လာမည် ဖြစ်သည်။ ယင်းအပြင် ယခင်က အမည်ပြောင်း လျှောက်လွှာနှင့်အတူ တင်ပြနေရသော ရဲစခန်းထောက်ခံချက်ကိုလည်း တင်ပြရန် မလိုတော့ကြောင်း သိရသည်။ မွေးသက္ကရာဇ်ပြောင်းခြင်းကိုမူ အခြေခံပညာဦးစီးဌာနအထိ တင်ရမည်ဖြစ်သော်လည်း ယခင်က တင်ပြနေရသည့် အချက်များအနက် အချို့အချက်များကို ပြင်ဆင်ဖြေလျော့မှုပေးထားသည်ကို တိုင်းပညာရေးမှူးရုံးထံ ညွှန်ကြားစာများအရ သိရသည်။ ယခင်က မွေးသက္ကရာဇ်ပြောင်းရာတွင် မိဘတစ်ဦး၏ ထောက်ခံချက်နှင့် အခြားမိဘတစ်ဦး၏ ထောက်ခံချက်တို့ကိုပါ တင်ပြရမည့်အစား ကျောင်းအုပ်က လက်မှတ်ရေးထိုးထားသော ကျောင်းဝင် မှတ်ပုံတင်(ခ) စာရင်းကိုသာ တင်ပြရမည်ဖြစ်ကြောင်း […]

နဝမတန်း (ပြင်ပဖြေ) စာမေးပွဲ ဇူလိုင် ၂၁ ရက် ကျင်းပမည်

diz_admin

July 1, 2020

အခြေခံပညာ နဝမတန်း(ပြင်ပဖြေ) စာမေးပွဲကို ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်နေ့အထိ တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အဆိုပါ စာမေးပွဲကို နှစ်စဉ် မေလအတွင်း ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင် ၂၁ ရက်သို့ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင်က ပြော သည်။ “တကယ်ဆို ၅ လပိုင်းမှာ ဖြေရတာ၊ အဲ့ဒီကနေပြီးတော့ ကိုဗစ်ဖြစ်ပြီးတော့ ရက်တွေ ပြောင်းပြောင်း ပြောင်းနဲ့ အခု ဇူလိုင်ရောက်လာတာပေါ့” ဟု ဒေါ်မေစန္ဒာလွင်က ဆိုသည်။ စာမေးပွဲခန်းတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာထားရှိကာ အခန်းတစ်ခန်းတွင် လူဦးရေ ၂၀ နှုန်းဖြင့် ဖြေဆိုရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထားဝယ်ခရိုင်တွင် […]

မိကျောင်းကိုက်ခံရသည့် ကလေး ရှာမတွေ့သေး

diz_admin

July 1, 2020

ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စု၊ မနိုးရုံးချောင်းတွင် ရေဆင်းကူး သည့် ကလေးငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး မိကျောင်းရော ကလေးပါ ရှာမတွေ့သေးကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။ မနိုးရုံးချောင်းတွင် ဇွန်လ ၂၂ ရက် နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး မိကျောင်း ဆွဲသွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၅ ရက်အထိ ရှာဖွေခဲ့သော်လည်း တွေ့ရှိရခြင်း မရှိသေးကြောင်း မနိုးရုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းထွန်းမြင့်သိန်းက ပြောသည်။ “ကျွန်တော်တို့ သုံးရက်ဆက်တိုက် ရှာပြီးပြီ၊ ရှာလို့ မတွေ့သေးပါဘူး။ ဒီနေ့တော့ နားထားပါတယ်” ဟု ၎င်းက ပြောသည်။ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနေ အသက် ၁၁ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦး ချောင်းအတွင်းရေဆင်းကူးကြပြီး လှေဆိပ်နေရာအရောက်တွင် […]

ကျူဝင်ရန်သွားခေါ်ရာမှ ဓားဖြင့် လိုက်ခုတ်သည်ဟုဆိုကာ သေနတ်ပစ် ဖမ်း

diz_admin

July 1, 2020

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် မိသားစုအား ကိုဗစ်ထိန်းချုပ်ရေးစခန်းတွင် ကျူဝင်ရန်အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ခေါ်ယူစဉ် ဓားဖြင့် လိုက်ထိုးသည်ဟုဆိုကာ ရဲတပ်ဖွဲ့မှသေနတ်ပစ်ကာ ဖမ်းဆီးခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်ကာယကံရှင်များထံမှ သိရသည်။ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ငါးကျေးရွာတွင် ဇွန်လ၂၃ရက်နေ့က ထိုင်းနိုင်ငံမှဝင်လာသည့် မြန်မာအလုပ်သမား မိသားစုဝင်လေးဦးရောက်ရှိနေကြောင်း သတင်းရသဖြင့် ကျူဝင်ရန် သွားခေါ်စဉ် အိမ်ရှင်ဖြစ်သူဦးသိန်းနိုင်ဦးက ဓားဖြင့်ရန်ပြုခဲ့သည်ဟု ထောင်ငါးသိုင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်မိုးသူက ပြောသည်။ “ဓားမြှောင်ဆွဲထုတ်ပြီး ကျွန်တော့ကို ထိုးဖို့လုပ်တော့ နောက်ဆုတ်ပြီးထွက် ပြေးလာခဲ့ရတယ်” ဟု ၎င်းက ပြောသည်။ ယင်းသို့ရန်ပြုခဲ့သည့်အတွက် ယင်းနေ့ညပိုင်းတွင် ဦးသိန်းနိုင်ဦးအား ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ခေါ်ယူရာ ၎င်းမှာနေအိမ်အရှေ့ဘက် ကိုင်းတောထဲတွင် အိပ်နေပြီးဓားနှစ်ချောင်းနှင့် ပြန်လည်ခုခံခဲ့သည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု ဦးလွင်မိုးသူက ဆိုသည်။ “တကယ်လို့ […]