ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးနှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်သူ မမိသေး

diz_admin

July 6, 2020

လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုကျူးလွန်သူကို မမိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သဗြေရှောင်ကျေးရွာရှိ နေအိမ်အောက်ထပ်တွင် အသက် ၈၆ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦးနှင့် နေအိမ်အပေါ် ထပ် ဘုရားခန်းတွင် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်သွားခြင်း ဖြစ်သည်။ လက်ရှိတွင် တရားခံဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေဆဲဖြစ်ပြီး ဖမ်းမိရန် နီးစပ်နေပြီဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။ ပြင်ပတွင်မူ လူသတ်တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။ “လက်ရှိကတော့ သတင်းအစအန ဆွဲထုတ်နေတုန်းပေါ့နော်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ လောင်းလုံးတွင် ရည်းစားစကားပြောရာမှ ဓားဖြင့်ခုတ် ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုစစ်အဖွဲ့ဖွဲ့ကာ အလေးအနက်ထား လုပ်ဆောင်နေပြီး အချက်အလက်အချို့ ရရှိထားပြီးဖြစ်သည်ဟု […]

တိုင်းအတွင်း သစ်တောသယံဇာတ စာရင်းကောက်ယူ

diz_admin

July 6, 2020

သစ်တောသယံဇာတ အရင်းအမြစ်များ၏ ပကတိအခြေနေမှန်ကို သိရှိကာ လိုအပ်သည့် စီမံကိန်းများ ဆောင်ရွက်နိုင်ရန် တိုင်းအတွင်းရှိ သစ်တောသယံဇာတ စာရင်းကို ကောက်ယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ သစ်တောပြုန်းတီးမှုနှင့် သစ်တော အတန်းအစားကျဆင်းမှုကြောင့် လေထုအတွင်း ကာဗွန်ထုတ်လုပ်မှုလျော့ချရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဖင်လန်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှု၊ UNREDD Project၊ FAO ၏ နည်းပညာအကူအညီဖြင့် သစ်တောဦးစီးဌာနတို့ ပူပေါင်းကာ စာရင်းကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြား ရေးမှူး ဦးမြင့်သိန်းထွန်းက ပြောသည်။ “သူတို့ ကျွန်တော်တို့နဲ့ လာပြီးပူးပေါင်း ပြီးလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ထာဝစဉ်တည်တံ့ခိုင်မြဲသော သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းကို အထောက်အပံ့ဖြစ်ဖို့ လုပ်ကြတာပေါ့” ဟု ဦးမြင့်သိန်းထွန်းက ဆိုသည်။ သစ်တောစာရင်းကောက်ယူရာတွင် စံနမူနာကွက်များရေးဆွဲ၍ သစ်တော နယ်မြေအတွင်းရှိ သစ်ပင်များ၊ […]

တနင်္သာရီတိုင်းအတွင်းသို့လာသည့် ပြည်တွင်းခရီးသွားများ

diz_admin

July 6, 2020

တနင်္သာရီတိုင်းအတွင်းသို့ ပြည်တွင်းမှ လာရောက်သူများအနေဖြင့် စောင့်ကြည့်ရေး စခန်း (ကျူ) ဝင်ရန် မလိုအပ်တော့ကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ ပြည်တွင်းနေသူများအနေဖြင့် ကျူဝင်ရန် မလိုသကဲ့သို့ ထောက်ခံစာလည်း မလိုအပ်တော့ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ပြည်ပမှ ပြန်လာသူ များကမူ မဖြစ်မနေ ကျူဝင်ရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့ နယ်နေသူများကို Stay Home အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် တနင်္သာရီတိုင်း ကိုဗစ် အရေးပေါ် တုံ့ပြန်ရေးကော်မတီကလည်း ဇူလိုင်လ ၁ ရက်နေ့တွင် အမိန့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကြေညာချက်တွင်လည်း ပြည်ပပြန်များသာ ကျူဝင်ရမည်ဟု […]

ရေလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းအချို့ကို အတိုးမဲ့ ကိုဗစ်ချေးငွေပေးရန် စီစဉ်

diz_admin

July 6, 2020

ကိုဗစ်အလွန်တွင် ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် လှေပိုင်ရှင်၊ ငါးတင်၊ ငါးချ ဆိပ်ခံတံတားပိုင်ရှင်၊ ငါး၊ ပုစွန်ပြုပြင်မွမ်းမံရေး စက်ရုံများတွင် ပါဝင်သော အအေးခန်း၊ ငါးမှုန့်ကြိတ်စက်ရုံပိုင်ရှင်တို့ကို ငါးလုပ်ငန်းဦးစီးဌာနက အတိုးမဲ့ချေးငွေ ထုတ်ချေးရန် စီစဉ် နေကြောင်း တိုင်းငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ လှေတစ်စီးလျှင် ကျပ်သိန်းတစ်ရာနှုန်း၊ ငါးပုစွန် ပြုပြင်မွမ်းမံရေးစက်ရုံတစ်ရုံလျှင် ကျပ်သိန်းတစ်ထောင်နှုန်း၊ ဆိပ်ခံတံတား တစ်ခုလျှင် ကျပ်သိန်း နှစ်ထောင်နှုန်းဖြင့် ထုတ်ချေးရန် စီစဉ်နေကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးရှိ လှေအစီးရေ ၃၁၉၀ စီး၊ ဆိပ်ခံတံတား ဆယ်ခုကို ချေးငွေထုတ်ချေးရန် စီစဉ်နေပြီး ငါး၊ ပုစွန်ပြုပြင်မွမ်းမံ ရေးစက်ရုံများကိုမှု အရေအတွက် ဖော်ပြထားခြင်း မရှိပေ။ […]

တိုင်မြို့တော် ထားဝယ်

diz_admin

July 6, 2020

ထားဝယ်သည် တိုင်မြို့တော်လော၊ တိုင်းမြို့တော်လောဟု လှောင်ပြောင်နေ ကြပြီဖြစ်သည်။ ထားဝယ်မြို့အတွင်းရှိ လမ်းမများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လျှပ်စစ်မီးတိုင်၊ ဖုန်းအော်ပရေတာများ၏ ဆက်သွယ်ရေးကြိုး သွယ်တန်းထားသည့် ကွန်ကရစ်တိုင်များဖြင့် ပြည့်နှက် နေသည်။ ယင်းကွန်ကရစ်တိုင်များက မြို့မျက်နှာစာအလှကို ပျက်စီးစေသည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ ယင်းအခင်းအကျင်းက တိုင်းမြို့တော် မဟုတ်ဘဲ တိုင်မြို့တော်ဟု လှောင်ပြောင်ခေါ်ဝေါ်ကြသည်အထိ ကွန်ကရစ်တိုင်များက နေရာယူထားသည်။ ရှုပ်ပွများပြားလှသည့် ထိုဖုန်းတိုင်၊ မီးတိုင်များကို ရှင်းလင်းရန် စည်ပင်ကော်မတီကလည်း အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်ထိ ရှင်းလင်းလုပ်ဆောင်နိုင်မှုအရွေ့က မရှိသလောက်ပင်။ လမ်းဘေးနေရာများတွင် စိုက်ထူ ထားကြသည်က လျှပ်စစ်ဌာန၏ မီးတိုင်များ၊ Mytel၊ MPT၊ MBT၊ Ocean Wave စသည့် ဆက်သွယ်ရေး အော်ပရေတာများ၏ ဖုန်းတိုင်များဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ထိုကြောင့်လည်း […]

ပြည်ပပြန် ဆောက်လုပ်ရေးကျွမ်းကျင်ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း

diz_admin

July 6, 2020

ပြည်ပမှပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများ အလုပ်လာလျှောက်နိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ COVID-19 ကာလတွင် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများကို ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများရှိ လိုအပ်သောနေရာများတွင် အလုပ်ခန့် အပ်သွားမည်ဖြစ်ကြောင်း အထက်ပါ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြောသည်။ “ဦးတည်တာကတော့ ပြန်တော်ပြန် တွေ ပြန်ဝင်လာသူတွေ အလုပ်လက်မဲ့ဖြစ် နေတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင် အောင်ပေါ့။ နိုင်ငံတော်ဘက်ကလည်း ကိုဗစ်ကာလမှာ တော်တော်အခက်အခဲ ဖြစ်တယ်လေ။ ကိုယ့်နိုင်ငံပြန်လာတာ ကိုယ့်နိုင်ငံသားတွေပဲလေ။ သူတို့ အလုပ် လက်မဲ့မဖြစ်ရအောင် သူတို့ မိသားစုတွေ စား၊ ဝတ်၊ နေ၊ ရေး အဆင်ပြေအောင် ကျွန်တော်တို့ နိုင်တဲ့အပိုင်းက ဝင်ပြီးတော့ ကူညီပေးတဲ့ သဘောပါ” ဟု ဦးကျော်မင်းမင်းလတ်က […]

ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့အတွက် ကျပ်တစ်သောင်းကျော် ခံစားခွင့်ရ

diz_admin

July 6, 2020

ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့ ခွင့်အတွက် ငွေကျပ်တစ်သောင်းကျော်ကို တနင်္သာရီတိုင်းရှိ အိမ်ထောင်စုများ ခံစားခွင့်ရပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ ကိုဗစ် အရေးကြီးကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း ၁၅ ရက်တာ ကာလအတွက် လျှပ်စစ်ယူနစ် အခမဲ့ခံစားခွင့်ကို ဇွန်လအတွက် မီတာခ ပေးသွင်းချိန်တွင် ခံစားခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် တွက်ချက်တင်ပြထားရာ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုအစိုးရက ခွင့်ပြုကြောင်း တရားဝင်အကြောင်းကြားလာသည်ဟု ဦးအောင်သူရက ပြောသည်။ ဧပြီလ လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၁၅၅၀ ရရှိသည့်အတွက် တိုင်းအစိုးရ ထောက်ပံ့ထားသည့် ငါးထောင်ကျပ် နုတ်ယူမည်ဖြစ်ပြီး ကျန်သည့် […]

အဂတိလိုက်စားမှုဖြင့် အတိုင်ခံရသည့် ထားဝယ်စည်ပင်ဝန်ထမ်းသုံးဦးကို အရေးယူ

diz_admin

July 6, 2020

ထားဝယ်ကမ်းနားဈေး နေရာချထားမှုနှင့် ပတ်သက်၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရသည့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသုံးဦးကို ဌာနတွင်းအရေးယူမှုအဖြစ် နေရာပြောင်း ရွေ့လိုက်သည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူး၊ ဒုဦးစီးမှူး(ဈေး)တို့ကို ဌာနတွင်း အရေးယူမှုအဖြစ် နေရာအပြောင်းအရွှေ့လုပ်ဆောင်ခဲ့သည်ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်ကမ်းနားဈေးကိစ္စနှင့် ပတ်သက်ပြီး အဂတိလိုက်စားသည်ဟုဆိုကာ အချက် ၅ ချက်ကို မတ်လ ၁၃ ရက်နေ့က တိုင်ကြားထားခြင်း ဖြစ်သည်။ စည်ပင်အဖွဲ့မှ ဒုဦးစီးမှူး(ဈေး)က ဈေးဆိုင်ခန်းနေရာအား စနစ်တကျ ချထားပေးမှုမရှိခြင်း၊ ကြွေပြားခင်းရန်ဟု ဆိုကာ ဆိုင်ခန်း ၈၀ ခန်းထံမှ တစ်ဆိုင်လျှင် ကျပ် ၇၅၀ဝ၀ နှင့် တစ်ခန်းလျှင် ကျပ် ၃၂၀ဝ၀ နှုန်းဖြင့် ဆိုင်ခန်း ၄၀ ကျော်ထံမှ ငွေကောက်ခံပြီး […]