လျှပ်စစ်ထုတ်ရန် အကြိုစူးစမ်းသည့်ကုမ္ပဏီ NLDအစိုးရလက်ထက် နှစ်ဆယ်နီးပါးရှိ
diz_admin
August 25, 2020လျှပ်စစ်ထုတ်ရန် ဖြစ်မြောက်နိုင် စွမ်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာသည့် ကုမ္ပဏီပေါင်း လက်ရှိအစိုးရလက်ထက်တွင် နှစ်ဆယ်နီးပါးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ဇီဝလောင်စာသုံးနှင့် နေရောင်ခြည်စွမ်း အင်သုံးလုပ်ငန်းများအတွက် လေ့လာခြင်းဖြစ်ပြီး အကြိုစူးစမ်းလေ့လာသည့်ကုမ္ပဏီ ၁၇ ခုနှင့် MoU စာချုပ်လက်မှတ်ထိုးခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။ ၎င်းတို့မှာ ထားဝယ်ခရိုင်အတွင်းလုပ်ငန်း ကိုးခု၊ မြိတ်ခရိုင်အတွင်း ငါးခုနှင့် ကော့သောင်းခရိုင်အတွင်း သုံးခု ဖြစ်သည်။ MoU စာချုပ်၏ သက်တမ်းမှာ ပျမ်းမျှအားဖြင့် ၁၂ လမှ ၁၈ လ ဖြစ်သည်။ ထို့အပြင် MoU စာချုပ်လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေသည့် ကုမ္ပဏီများလည်းရှိနေသေးပြီး ကိုဗစ်ကပ်ဘေး ကြောင့် နှောင့်နှေးနေကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ “တတ်နိုင်သလောက်တော့ ထိုးရမယ့်ဟာကတော့ […]


