NLD အစိုးရလက်ထက် ခရီးသွားလုပ်ငန်းအတွက် ကျွန်းနှစ်ခု ခွင့်ပြု
diz_admin
July 13, 2020NLD အစိုးရစတင်တာဝန်ယူချိန်မှ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းနှစ်ခုကို ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် ခွင့်ပြုခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။ ကော့သောင်းခရိုင်အတွင်းရှိ ငထွေးရူး ကျွန်းနှင့် ကျွန်းမဲကြီးတို့တွင် ခရီးသွားလုပ်ငန်းလုပ်ရန် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုထားကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။ ယင်းကျွန်းများကို ၂၀၁၉ ခုနှစ် မတိုင်မီက နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ ယခင်အစိုးရလက်ထက်ကလည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျွန်း ပေါင်း ၁၀ ကျွန်းကို BOT စနစ်ဖြင့် လုပ်ခွင့်ပြုထားကြောင်း အထက်ပါ ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင်လည်း ကျွန်း ၁၂ […]


