တနင်္သာရီရေဘေးကူညီရေး လက်ကျန်ရန်ပုံငွေ ပြန်အသုံးပြုမည်
diz_admin
July 13, 2020နှစ်စဉ်မြစ်ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် တွင် ယခုနှစ် ရေဘေးကူညီရေးအတွက် လက်ကျန်ရန်ပုံငွေအား ပြန်လည်အသုံး ပြုသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောကြားသည်။ ပြီးခဲ့သည့်နှစ်က ကြုံရသည့်ရေဘေးတွင် အလှူရှင်တို့မှ လှူဒါန်းထားသည့် ရန်ပုံငွေ ကျပ်သိန်းတစ်ရာရှိနေပြီး ရေဘေးကယ်ဆယ်ရေးအတွက် သံခွံစက်လှေ ငါးစီးနှင့် ဖိုင်ဘာစက်လှေနှစ်စီး အသင့်ရှိနေကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြော သည်။ “လိုတဲ့အခါ သုံးလို့ရအောင် သဘာ၀ ဘေးရန်ပုံငွေအနေနဲ့ ထားထားတာပါ” ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။ ထို့အပြင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားလာပါက ရေဘေးသင့် ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများတွင် စနစ်တကျ ထားရှိနိုင်ရေးအတွက် တပ်မတော်နှင့် သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူတို့က ကယ်ဆယ်ရေးစခန်းများ ပြုလုပ်မည့် နေရာတို့အား ကွင်းဆင်းစစ်ဆေးကာ […]


