တနင်္သာရီတိုင်းဒေသကြီးက လက်ရှိပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးစရာ ပစ္စည်းတွေများ ထင်နေလားတော့ မသိဘူး
diz_admin
July 13, 2020တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများက ပြည်ထောင်စုအစိုးရ၏ လက်ဆောင်ပေးစရာပစ္စည်းဖြစ်နေပြီလားဟု ထားဝယ် တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌက မေးခွန်းထုတ်လိုက်သည်။ ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီဒုဥက္ကဋ္ဌ ဦးမောင်မောင်အေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်လက်ထက်က ကော့သောင်းခရိုင်အတွင်းရှိ စောင်းကောက်ကျွန်းကို ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်စဉ်က ကူညီခဲ့ဖူးသည့် မိသားစုတစ်စုကို ခွင့်ပြုပေးခဲ့သည်ဟု ဒေါက်တာလဲ့လဲ့မော် ကိုယ်တိုင် ပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံခဲ့ဖူးသည်။ ယခုကျွန်း လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသည့် Excellent Fortune Development Group ကုမ္ပဏီမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အလှူငွေ သိန်းရာချီမှ ထောင်ချီအထိ လှူဒါန်းခဲ့ဖူးသည်။ “တနင်္သာရီတိုင်းဒေသကြီးက လက်ရှိ ပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးရာ ပစ္စည်းတွေများ […]


