၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ တစ်ထောင်ကျော်ခန့်ရန် ပြင်
diz_admin
July 20, 2020၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတစ်ထောင်ကျော် ရွေးချယ်ခန့်အပ်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရွေးကောက်ပွဲတွင် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်း တာဝန်ပေးနိုင်ရန် လုပ်ဆောင်နေပြီး လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းအလိုက် စာရင်းကောက်ယူ စုဆောင်းနေကြောင်း ဒုတိုင်းရဲ တပ်ဖွဲ့မှူးရဲမှူးကြီးကြည်စိုးက ဆိုသည်။ လက်ရှိအနေအထားအရ တိုင်းအတွင်း မဲရုံ ၁၂၀၆ ရုံရှိပြီး မဲဆန္ဒရှင် အနည်းအများအပေါ် မူတည်ကာ မဲရုံအရေအတွက် အနည်းငယ်ပြောင်းလဲနိုင်သေးကြောင်း ၎င်းက ပြောသည်။ “အခုက စာရင်းကောက်တဲ့အဆင့်ပဲ ရှိသေးတယ်။ ရထားတဲ့သတင်းအရဆိုရင် စက်တင်ဘာလမှာစပြီးတော့ သူတို့က ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးကြည်စိုးက ပြောသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုံခြုံရေးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ရဲတပ်ဖွဲ့ဌာနချုပ်တွင် သင်တန်းတက်ထားသည့် ရဲအရာရှိနှစ်ဦးက ၎င်းတို့ကို […]


