ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ရွေးကောက်ပွဲဝင်ခွင့်မရ

diz_admin

September 4, 2020

တနင်္သာရီတိုင်းအတွင်း ဝင်ရောက် အရွေးခံရန် လျှောက်ထားသည့် ကိုယ်စားလှယ်လောင်းလေးဦးမှာ လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ရွေးကောက်ပွဲဝင်ခွင့်မပြုဘဲ ပယ်ဖျက်လိုက်ကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ ပယ်ဖျက်ခံလိုက်ရသူလေးဦးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်နေရာတွင် ဝင်ပြိုင်ရန်လျှောက်ထား သူနှစ်ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်ရန်လျှောက်ထားသူနှစ် ဦး စုစုပေါင်း လေးဦးဖြစ်သည်။ တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား အမျိုးသားလွှတ်တော်တွင် ဝင်ပြိုင် ရန်လျှောက်ထားသူ နှစ်ဦးမှာ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ(PP) မှ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ ဒေါ်ယုယခင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၆ မှ ဦးကျော်ကျော်ဦး တို့ဖြစ် […]

တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ထိုးကျ

diz_admin

September 4, 2020

တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး ပမာဏမှာ ယခုနှစ်တွင် ထိုးကျသွားသည်ကို တွေ့ရသည်။ ယမန်နှစ်နှင့် ယခုနှစ် ကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာသန်းငါးရာကျော် ကျဆင်းသွားခြင်းဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ယမန်နှစ် အောက်တိုဘာလမှ ယခုနှစ် သြဂုတ်လ ၂၁ ရက်နေ့အထိ ၁၁ လခန့်ကာလအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းနှစ်ထောင်ကျော် ရှိသည်။ ယခင်နှစ် ကာလတူတွင် ရှိခဲ့သည့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း သုံးထောင်ခန့်ရှိသည်။ ထိုကာလတူနှစ်ခု၏ နှိုင်းယှဉ်ချက်အရ ကုန်သွယ်မှုပမာဏက အမေရိကန် ဒေါ်လာ ၅၂၂ သန်း ကျဆင်းသွားခြင်းဖြစ် သည်။ တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရောင်းဝယ်နေသည့် ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်း စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုရှိသည်။ ယမန်နှစ် အောက်တိုဘာလမှ […]

ဆလုံအခွင့်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်း ဆယ်ဖွဲ့ကျော်ပူးပေါင်း

diz_admin

September 4, 2020

ဆလုံအခွင့်အရေး လုပ်ဆောင်ရန် အရက်ဘက်အဖွဲ့အစည်း ဆယ်ခုကျော်ကျော် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးစုများ ကာကွယ်စောင့်ရှောက်ရေးဥပဒေသည် မော်ကင်းခေါ် ဆလုံလူမျိုးများအား အခွင့်ရေးအပြည့်အဝ ပေးမထားဟုဆိုကာ အခြားတိုင်းရင်းသားများနှင့် တန်းတူ အခွင့်အရေး ရရှိစေရန် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းစတင်ကောက်ယူ မြိတ်ကျွန်းစုတောင်ဘက် ပင်လယ်အတွင်းနေထိုင်နေကြသည့် လူနည်းစုဆလုံတိုင်းရင်းသားများသည် လက်ရှိအချိန်တွင် ၎င်းတို့နေထိုင်ကြသည့် ကျွန်းများရှိရာသို့ ပုလဲမွေးမြူရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတချို့ ဝင်ရောက်လာသည့်အတွက် အသက်မွေးဝမ်းကျောင်းနှင့် အသက်ရှင်နေထိုင်အရေးအပေါ် ခြိမ်းခြောက်ခံနေရသည်။ ယင်းအပြင် ဆလုံလူမျိုးများ နေထိုင်သည့် ကျွန်းများသို့ ဆလုံမဟုတ်သည့် လူမျိုးများ တဖြည်းဖြည်း ဝင်ရောက် နေထိုင်မှုများလာပြီး ဆလုံလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များသည်လည်း လွှမ်းမိုးခြင်း ခံနေရသည်။ “တိုင်းရင်းသား လူမျိူးများ ကာကွယ် စောင့်ရှောက်ရေး ဥပဒေဟာ ရေထဲမှာ […]

မွန်တွင် မသန်စွမ်း သောင်းနှင့်ချီ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိ

diz_admin

September 4, 2020

နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ သောင်းနှင့်ချီ၍ မဲပေး ပိုင်ခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု မွန်ပြည်နယ်၊ မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ စောအောင်သိမ်းတင်က ပြောသည်။ မွန်ပြည်နယ် မသန်စွမ်းသူများ အသင်း၏ ကောက်ခံရရှိထားသည့် စာရင်းအရ မွန်ပြည်နယ်အတွင်း၌ အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းသူ အနည်းဆုံး နှစ်သောင်းခန့် ရှိနေသော်လည်း လက်ရှိ ရွေးကောက် ပွဲကော်မရှင်က ကြေညာထားသည့် မဲစာရင်းတွင် မသန်စွမ်းသူဦးရေမှာ ထောင်ဂဏန်းသာရှိသည်ဟု ၎င်းက ပြောသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ မှတ်ပုံတင်မရှိခြင်း၊ မှတ်ပုံတင် ပြုလုပ်ရန် ငွေကြေးခက်ခဲခြင်း၊ မသန်စွမ်းများအနေနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်မရရှိခြင်း၊ မဲရုံ ကော်မရှင်တို့၏ ဥပဒေ နားလည်မှု အားနည်းခြင်း […]

ကိုဗစ်ကာလ ကျောင်းပိတ်ထားသော်လည်း ဆရာ၊ ဆရာမများ ရွေးကောက်ပွဲကိစ္စ ကူရမည်

diz_admin

September 3, 2020

အခြေခံကျောင်းမျာအားလုံးကို သြဂုတ်လ ၂၇ ရက်မှစပြီး ပိတ်လိုက်ပြီ ဖြစ်သော်လည်း ဆရာ၊ ဆရာမများ အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်မှ အကူအညီတောင်းသည်ရှိသော် မဲစာရင်းအချက်အလက် မှန်ကန်ရေးကိစ္စများကို ကူညီရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးက ညွှန်ကြားထားသည်။ မဲဆန္ဒရှင်များ၏ အမည်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်၊ စားလုံးပေါင်း သတ်ပုံမှန်ကန်ရေး၊ ကွန်ပျူတာအတွင်း စာရင်းသွင်းခြင်း စသည့်ကိစ္စရပ်များကို ဆရာ၊ ဆရာမများက ကူညီပေးရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ “အဓိကကတော့ မဲဆန္ဒရှင်တွေက နေပြီးလာပြီးတော့ ကန့်ကွက်၊ ပြင်ဆင် တာတွေကို ဝိုင်းကူပေးရမှာပေါ့” ဟု ၎င်းက ဆိုသည်။ တိုင်းပညာရေးမှူးရုံးသည် ရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည့် […]

ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းစတင်ကောက်ယူ

diz_admin

September 3, 2020

တနင်္သာရီတိုင်းသို့လာရောက်သည့် ပြည်တွင်းခရီးသွားဧည့်သည် စစ်တမ်းကို သြဂုတ်လ ဒုတိယအပတ်မှ စတင်ကောက်ယူနေသည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ခရီးသွားလာမှုနှုန်းထားများ၊ သုံးစွဲမှုငွေကြေးနှင့် ခရီးသွားဧည့်သည်များ၏ မှတ်ချက်(Comment)များကိုပါ ရရှိစေရန်အတွက် ကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းသိန်းက ပြောသည်။ “သူတို့ရဲ့လိုအပ်ချက်ကို ကျွန်တော်တို့ ဘယ်လိုဖြည့်ဆည်းပေးရမယ်၊ ဘယ်လို ဆောင်ရွက်ပေးရမယ်။ ဘယ်ဟာတွေ လိုအပ်တယ်။ ဘယ်ဟာတွေ မလိုအပ်ဘူး ဒါတွေလည်း သိရအောင်ပေါ့နော်” ဟု ဦးဝင်းသိန်းက ဆိုသည်။ ကိုဗစ်ကာလတွင် နိုင်ငံတကာ ခရီးသွားဧည့်သည်ကို မျှော်မှန်းရန် ခက်ခဲသဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုအရ စစ်တမ်းကောက်ယူနေ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တွင် […]

ရေဖြူ ပိုးတွေ့လူနာ ရန်ကုန်တွင်နေထိုင်သူဖြစ်

diz_admin

September 2, 2020

ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်သည့် ကိုဗစ်အတည်ပြုလူနာစာရင်းတွင် ပါဝင်သော ရေဖြူမြို့နယ်မှ လူနာသည် ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ကြောင်း ရေဖြူမြို့နယ် ကုသရေးဦးစီးမှူးက အတည်‌ပြုပြောကြားသည်။ယင်းအမျိုးသားမှာ ရေဖြူမြို့နယ်၊ ကန်ပေါက်ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ပြန်လာစဉ် နေမကောင်းသဖြင့် စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာခင်မျိုးက ပြောသည်။ ကိုဗစ်အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့ရာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုးနှင့် ရေဖြူမြို့များ ပါဝင်ခဲ့သည်။

မောင်တောမှ အလည်လာသူနှင့် အိမ်ရှင်တို့ ကွာရန်တင်းစခန်းဝင်

diz_admin

September 2, 2020

ရခိုင်ပြည်နယ် မောင်တောမြို့မှ မြိတ်မြို့သို့ အလည်လာသူ အမျိုးသားတစ်ဦးနှင့် ၎င်းတည်းခိုနေထိုင်သည့် နေအိမ်ရှင်တို့အား သြဂုတ်လ ၂၆ ရက် နေ့က မြိတ်တက္ကသိုလ်ဝင်းရှိ ကွာရန်တင်း စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီထံမှ သိရသည်။ မောင်တောမြို့နေ အသက် ၂၂ နှစ် ရှိ အမျိုးသားမှာ ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ သြဂုတ်လ ၁၀ ရက်နေ့က ရောက်ရှိခဲ့ပြီး ရန်ကုန်မှ မြိတ်မြို့သို့ လေကြောင်းလိုင်းဖြင့် သြဂုတ်လ ၂၀ ရက်နေ့က ရောက်ရှိလာကာ တပ်ပြင်ရပ်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် တည်းခိုနေ ထိုင်ခဲ့ကြောင်း သိရသည်။ သဲစုပ်ခြင်းကြောင့် ရွာအဝင်လမ်းထပ်ပြိုမည်ကို ရွာခံများစိုးရိမ် အဆိုပါ အမျိုးသားမှာ ကျန်းမာရေး ဌာနသို့ အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် […]