ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တပ်မတော်သား တစ်ဦးကို ပစ်ခတ် ထွက်ပြေးသွားသူကို ဖမ်းမမိသေး

diz_admin

July 21, 2020

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိသည့် မူးယစ်ဆေးအမှု ကွင်းဆက်တရားခံအား ရေးမြို့နယ်တွင် သွားဖမ်းစဉ် တပ်မတော်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူကို ဖမ်းမမိသေးကြောင်း ရေးမြို့မ ရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေး သယ်ဆောင်လာသူတစ်ဦးကို ဇူလိုင်လ ၇ ရက်က မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့သည်။ ဖမ်းမိသူ၏ ထွက်ဆိုချက်အရ ကွင်းဆက်သံသယရှိသူကို ရေးမြို့နယ်အတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းကာ ဇူလိုင်လ ၉ ရက် ညအချိန်တွင် သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့ သွားရောက်စစ်ဆေးစဉ် တရားခံက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး သေနတ်ဒဏ်ရာရသွားသည့် တပ်မတော်သားသည် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ သေဆုံးသွားသည့် တပ်မတော်သားမှာ ဗိုလ်ကြီးအောင်ပြည့်ဖြိုးဖြစ်ကြောင်း ဒုရဲမှူးဝင်းမြင့်က […]

လမ်းဘေးအရက်သောက်သူ နှစ်ဆယ်နီးပါးကို ဖမ်းဆီး

diz_admin

July 21, 2020

ထားဝယ်မြို့အတွင်း လမ်းဘေးနေရာများတွင် အရက်သောက်နေသူ နှစ်ဆယ်နီးပါးကို ဇူလိုင်လ ၁၈ ရက် ညကဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းက ပြောသည်။ ထားဝယ်မြို့ရှိ အမှတ် ၂ အခြေခံ ပညာအထက်တန်းကျောင်းရှေ့တွင် အရက်သောက်နေသူ ၁၁ ဦးနှင့် ကမ်းနားလမ်းတွင် အရက်သောက်နေသူ ၇ ဦး ကို ည ၁၀ နာရီကျော်တွင် လှည့်ကင်းအဖွဲ့ဖြင့် ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။ “(အရက်သောက်နေတာက) လမ်းဘေးမှာ အများသူငါ အပန်းဖြေတဲ့ နေရာမှာ။ နားနေတဲ့နေရာပေါ့” ဟု ရဲမှူးကျော်သိန်းက ပြောသည်။ ရဲတပ်ဖွဲ့က ရောက်ရှိချိန်တွင် အဆိုပါလူငယ်များက အများပြည်သူ သွားရာလမ်းနှင့် အနားယူအပန်းဖြေနေရာတွင် အရက်သောက်နေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား အဆိုပါလူငယ်များကို […]

၀န်ထမ်းအိမ်ရာလိုအပ်ချက် စစ်တမ်းကောက်မည်

diz_admin

July 21, 2020

တနင်္သာရီတိုင်းအတွင်း ဝန်ထမ်းအိမ်ရာ လိုအပ်ချက် စစ်တမ်းကောက်မည်ဖြစ်ကြောင်း တိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းရှိ လက်ရှိဝန်ထမ်း အိမ်ရာအခန်းပေါင်း ၈၁၄ ခန်းရှိပြီး ယင်းပမာဏသည် တိုင်းပြင်ပမှ လာရောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက်ပင် လောက်ငမှု မရှိကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးသိန်းထူးက ပြောသည်။ လက်ရှိအနေအထားအရ ဝန်ထမ်းခြောက်ဦးလျှင် တစ်ဦးနှုန်းသာ ဝန်ထမ်းအိမ်ရာချထားပေးနိုင်သည့် အခြေအနေရှိကြောင်း ဦးသိန်းထူးက ပြောသည်။ “ထားဝယ်မှာဆိုရင် ဝန်ထမ်းဘယ် နှယောက်ရှိလဲ၊ သက်ဆိုင်ရာဌာနတွေ မှာရှိတဲ့ ဝန်ထမ်းတွေက ဘယ်လောက်လဲ။ ဒေသခံတွေက ဘယ်လောက်ရှိလဲ။ မြို့ပြ အိမ်ရာဌာနက ပေးနိုင်တဲ့ ဝန်ထမ်း ဘယ်လောက်ရှိလဲဆိုတာတွေကို လေ့လာမှုလေးလုပ်ဖို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ ဝန်ထမ်းအိမ်ရာချထားပေးရာတွင် […]

အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ စာရေးကိရိယာ ထောက်ပံ့မည်

diz_admin

July 21, 2020

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်သင် ကျောင်းသူ ကျောင်းသားများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အပြင် ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင်တို့ကိုပါ ထောက်ပံ့ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ပြီးခဲ့သည့် ပညာသင်နှစ်များက မူလတန်းကျောင်းသူ ကျောင်းသားများကိုသာ ဗလာစာအုပ်တစ်ဒါဇင် ထောက်ပံ့ပေးခြင်းရှိသော်လည်း ယခု ပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ ကျောင်းသားများကိုပါ ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ယခုပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများကို ဗလာစာအုပ် တစ်ဒါဇင်နှင့် ခဲတံ၊ ဘောပင်များကိုပါ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း MRTV-4 သတင်းဌာနတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ဖြေကြားထားသည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ […]

ဘုတ်ပြင်းတွင် ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်

diz_admin

July 21, 2020

ဘုတ်ပြင်းမြို့တွင် ဖခင်အရင်းက သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ယင်းကဲ့သို့ မုဒိမ်းကျင့်ခဲ့ကြောင်းကို မိခင်ဖြစ်သူက ဇူလိုင်လ ၅ ရက်နေ့က ရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်း အရသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလအတွင်းက အသက် ၄၂ နှစ်အရွယ်ရှိ ဖခင်က အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့သည်ဟု တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ညဘက်အိပ်နေစဉ် ဖခင်ဖြစ်သူက သမီးကို အိပ်ရာထဲသို့ခေါ်ဆောင်ပြီး မုဒိမ်းကျင့်ခဲ့သည်ဟု သမီးဖြစ်သူက မိခင်ကို ပြောပြခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု)ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ရနောင်းတွင် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ပိတ်မိနေ

diz_admin

July 21, 2020

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး (၉၈၀ ဦး) ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ အခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် ကော့သောင်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာထံမှ သိရသည်။ ကော့သောင်းမြို့တွင် ကွာရန်တင်း စင်တာအားလုံးပြည့်နေသဖြင့် ပိတ်မိနေသူများကို ပြန်ခေါ်ရန် အခက်အခဲရှိနေကြောင်း အထက်ပါစင်တာမှ ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးရေးတာဝန်ခံ ဦးဝေမိုးက ပြောသည်။ ပိတ်မိနေသူများအထဲတွင် ကျောင်းသူ၊ ကျောင်းသားများလည်း ပါဝင်ကြောင်း ဦး‌ဝေမိုးက ပြောသည်။ ရနောင်းမြို့ရှိ အလုပ်သမား သံအရာရှိနှင့် ညှိနှိုင်းချက်အရ ကော့သောင်း ကွာရန်တင်းစခန်းများတွင် အသွားအလာကန့်သတ်ထားသူများ ထွက်သွားမှ ပိတ်မိနေသူများကို ပြန်ခေါ် နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား “အခုက ဘာပြဿနာရှိလည်းဆိုတော့ ကိုဗစ်ကာလက […]

တရားမဝင် ငါးဖမ်းဆီးမှု စစ်ဆေးရန် ကင်းလှည့်ရေယာဉ် အသုံးပြုမည်

diz_admin

July 21, 2020

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကမ်းနီးရေပြင်အတွင်း တရားမဝင် ငါးဖမ်းဆီးမှုများကို စစ်ဆေးရန် ကင်းလှည့်ရေယာဉ် အသုံးပြုသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်ဦးထံမှ သိရသည်။ ဒိန်းမတ်နိုင်ငံမှ ကူညီပံ့ပိုးထားသည့် ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ငါးလုပ်ငန်းစီမံကိန်း အစီအစဉ်အရ တနင်္သာရီတိုင်းအတွက် ကင်းလှည့်ရေယာဉ်တစ်စီးကို ပံ့ပိုးခြင်းဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်ဦးက ပြောသည်။ အဆိုပါ ကင်းလှည့်ရေယာဉ်ကို ကိုဗစ်ကာလပြီးပါက ရေချပြီး ငါးလုပ်ငန်း ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကင်းလှည့်စစ်ဆေးမည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ ကင်းလှည့် ရေယာဉ်သည် အလျား ၃၄ ပေကျော်၊ အနံ […]