ကျူစခန်းအချို့ အကူအညီ လိုအပ်နေ
diz_admin
July 20, 2020ကျူစခန်းအချို့ စေတနာ့ဝန်ထမ်းအပါအဝင် လက်ဆေးရည်၊ သောက်သုံးရေ စသည်တို့ ဝယ်ယူရန်နှင့် လျှပ်စစ်မီတာခ ကုန်ကျစရိတ်များအတွက် အကူအညီ လိုအပ်နေကြောင်း ထားဝယ်ခရိုင်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်း (ကျူစခန်း) အချို့ထံမှ သိရသည်။ ကျူစခန်းဖွင့်ထားသည့်အချိန် ကြာလာသည်နှင့်အမျှ အလှူရှင်များမှာလည်း မရှိသလောက် နည်းပါးလာပြီး တစ်လလျှင် တစ်ဦး၊ နှစ်ဦးခန့်သာ လာရောက်လှူဒါန်းကြတော့ကြောင်း ထားဝယ်ခရိုင် ရေဖြူနှင့် လောင်းလုံးမြို့တို့ရှိ ကျူစခန်းတာဝန်ခံတို့က ပြောသည်။ လူဦးရေ တစ်ရာဝန်းကျင်ရှိ ကျူစခန်းတစ်ခုတွင် သောက်သုံးရေ တစ်ခုတည်းအတွက်ပင် တစ်နေ့ကုန်ကျငွေ ကျပ်ငါးသောင်းခန့်ရှိကြောင်း ရေဖြူ မြို့ (ခ) ရပ်ကွက်ရှိ မီးသတ်ဝန်ထမ်း အိမ်ရာတွင် ဖွင့်လှစ်ထားသည့် ကျူစခန်းတာဝန်ခံ ဦးကျော်မိုးက ပြောသည်။ ကျူဝင်နေသည့် ကိုယ်ဝန်ဆောင်၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးပေး “အခုချိန်မှာတော့ အလှူရှင်တွေ လိုအပ်နေပါတယ်။ […]


