ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မူးယစ်ဆေးသမား ခိုအောင်းသဖြင့် လေယာဉ်ကွင်းချုံများ ရှင်း

diz_admin

October 19, 2020

ထားဝယ်လေယာဉ်ကွင်းနှင့် တိုင်းအားကစားကွင်းဘေးရှိ နေရာတွင် ထူထပ်စွာပေါက်ရောက်နေသည့် ချုံနွယ်များအတွင်း မူးယစ်ဆေး ဝင်ရောက် သုံးစွဲသူများ ရှိသည့်အတွက် ရှင်းလင်းခြင်းကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ အဆိုပါနေရာမှာ ယခင်က အမှတ် ၂၅ ခြေလျင်တပ်ရင်းနေရာဖြစ်ခဲ့ဖူးပြီး လေယာဉ်ကွင်းတိုးချဲ့ချိန်တွင် ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။ ခြေလျင်တပ်ရင်း ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် ချုံနွယ်များ ထူထပ်စွာ ပေါက်ရောက်နေခဲ့သည်။ မေဃဝတီဆရာတော် ကိုဗစ်ပိုး ကူးစက်ခံရ၊ ကျန်းမာရေး ကောင်းမွန် အဆိုပါနေရာတွင် မူးယစ်ဆေး သုံးစွဲသူများက ဝင်ရောက်သုံးစွဲနေကြ သည့်အတွက် ၎င်း၏အစီအစဉ်ဖြင့် ရှင်းလင်းနေခြင်းဖြစ်ကြောင်း ဦးအောင်စိုးမိုး က ဆိုသည်။ “အခုတော့ သာယာသွားပြီလေ။ သာယာသွားပြီဆိုတော့ ဘာလုပ်မလဲ ဆိုတာ ပုံဖော်မှာကတော့ ပြီးမှ စဉ်းစားမယ်” ဟု ၎င်းက ပြောသည်။ အဆိုပါနေရာမှာ လေယာဉ်ကွင်း ပိုင်မြေနေရာဖြစ်ပြီး ထားဝယ်ဒေသခံ […]

မေဃဝတီဆရာတော် ကိုဗစ်ပိုး ကူးစက်ခံရ၊ ကျန်းမာရေး ကောင်းမွန်

diz_admin

October 19, 2020

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းထိုင်နေသည့် မေဃဝတီ ဆရာတော်မှာ ကိုဗစ်ရောဂါကူးစက်ခံ ရပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဆရာတော်မှာ ထားဝယ်သားဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ လောင်းလုံးမြို့နယ်၊ သဝင်ကျေးရွာမှ ကိုဗစ်ပိုးတွေ့လူနာများ ရန်ကုန် တွင် ဆေးကုသမှုခံယူစဉ်က မေဃဝတီ ကျောင်းတိုက်တွင် ခဏတာ တည်းခိုနေ ထိုင်ခဲ့ဖူးသည်။ သဝင်ကျေးရွာသားများ ရွာပြန်သွားပြီး များမကြာခင် ဆရာတော်မှာ နေထိုင်မကောင်းဖြစ်လာသဖြင့် အာရှ တော်ဝင်ဆေးရုံသို့ ပြသခဲ့သည်။ ယင်းနောက် ကိုဗစ်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံသို့ ပြောင်းလဲဆေးကုသမှုခံယူနေခြင်း ဖြစ်သည်။ အောက်တိုဘာလ ၁၆ ရက်က ဆရာတော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကျန်းမာရေးကောင်းမွန်နေကြောင်း မိန့်ကြားခဲ့သည်။ “ကျန်းမာရေးကောင်းပါတယ်။ ဖျားလည်းမဖျားတော့ဘူး။ ခေါင်းလည်း မကိုက်တော့ဘူး။ […]

ငါးပူတင်းကလီစာ စားသည့် ရေလုပ်သားတစ်ဦး သေဆုံး

diz_admin

October 19, 2020

ကျွန်းစုမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးပူတင်းကလီစာ စားသည့် ရေလုပ်သားတစ်ဦးသေဆုံးသွားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ သဲလက်တံကျွန်းအရှေ့ဘက်ရှိ ပင်လယ်ပြင်တွင် သဲကဏန်းပိုက်လှေမှ ရေလုပ်သားဖြစ်သည့် အသက် ၃၉ နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ အထူးရဲလေးဦးတွင် ကိုဗစ်ပိုးတွေ့ ဖြစ်စဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့က သဲကဏန်းပိုက်လှေတွင် ရေလုပ်သား သုံးဦးလုပ်ကိုင်နေပြီး ငါးဖမ်းပိုက်တွင် ဖမ်းမိသည့် ငါးပူတင်းကို ဟင်းချက်ပြီး ရေလုပ်သားအားလုံး စားသောက်ခဲ့ကြသည်။ ထိုသို့စားသောက်ပြီးနောက် အထက်ပါ အမျိုးသားက ငါးပူတင်း ကလီစာကိုမီးကင်ပြီး ၎င်းတစ်ဦးတည်း စားသောက်ခဲ့သည်။ ယင်းသို့ ကလီစာစားပြီး ခဏအကြာတွင် အမည်းရောင်အဖတ်များ အန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သေမှု သေခင်းဖွင့်ကာ […]

ရွေးကောက်ပွဲ အထူးရဲလေးဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

October 19, 2020

ရွေးကောက်ပွဲကာလတွင် တာဝန် ထမ်းဆောင်မည့် တနင်္သာရီတိုင်းအတွင်းမှ အထူးရဲသင်တန်းသားလေးဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထူးရဲအဖြစ် တာဝန်ထမ်းဆောင် မည့်သူများကို အောက်တိုဘာလဆန်း ပိုင်းမှစကာ ငါးပတ်အကြာ သင်တန်းပေးနေစဉ် တွေ့ရှိရခြင်း ဖြစ်သည်။ အထူးရဲသင်တန်းသား ၁၂၅၇ ဦးနှင့် သင်တန်းနည်းပြများ အပါအဝင် စုစုပေါင်း ၁၄၅၇ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ သင်တန်းသား ၄လေးဦးတွင် ပိုးတွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပုလော၊ ကော့သောင်း၊ ဘုတ်ပြင်းနှင့် ကျွန်းစုမြို့နယ်တို့မှ အထူးရဲသင်တန်း သားတစ်ဦးစီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သည့် သင်တန်းသားများတွင် ပိုးမတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။ ပိုးတွေ့သည့် အဆိုပါလေးဦးကို သင်တန်းမှ အနားပေးခဲ့ပြီး အစားထိုးရွေးချယ်လိုက်ကြောင်း ၎င်းက ဆိုသည်။ အထူးရဲများကို စစ်ရေးပြဘာသာရပ်အပြင် […]

ပစ္စည်းပို့သူများပြားသဖြင့် ထားဝယ်စာတိုက် ဝန်နှင့်အား မမျှ

diz_admin

October 17, 2020

ကိုဗစ်ကာလအတွင်း ထားဝယ်စာတိုက်မှတစ်ဆင့် ပစ္စည်းပို့သူ များပြားနေသဖြင့် ဝန်နှင့်အားမမျှဘဲဖြစ်နေကြောင်း ယင်းစာတိုက်ဝန်ထမ်းများက ဖွင့်ဟကြသည်။ အောက်တိုဘာလ ၁ ရက်က ထားဝယ်စာတိုက်ကို သွားကြည့်ခဲ့ရာ တစ်ရုံးလုံးနီးပါးတွင် ပစ္စည်းများဖြင့် ပြည့်နေသည်ကို တွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ထားဝယ်စာတိုက်တွင် ယင်းကဲ့သို့ ပစ္စည်းများ များပြားလေ့မရှိပေ။ “လူနှစ်ဆယ်လုပ်ရမယ့် အလုပ်ကို လူခြောက်ယောက်တည်းက လုပ်နေရတယ်” ဟု ဝန်ထမ်းတစ်ဦးကဆိုသည်။ ယင်းကဲ့သို့ ပစ္စည်းပို့သူများပြားသဖြင့် လက်မလည်အောင်အလုပ်လုပ်နေရ သည်မှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် မတ်လကတည်းကဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။ ထားဝယ်မှနေပို့သည့် ပစ္စည်းမှာ နည်းပါးပြီး အခြားမြို့များမှ ထားဝယ်သို့ ပို့လာသည့် ပစ္စည်းက ဆယ်ဆခန့်ပိုများကြောင်း ထားဝယ်စာတိုက်ဝန်ထမ်းတစ် ဦးက ရှင်းပြသည်။ တနင်္သာရီတိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးရုံးမှ တာဝန်ခံအရာရှိ ဦးအောင်မြင့်ထွန်းကလည်း ပစ္စည်းပို့သူအရေအတွက်သည် ကိုဗစ် ကပ်ဘေးမတိုင်ခင်ကထက် နှစ်ဆဖြစ်လာကြောင်း […]

တိုင်းရင်းသားပါတီများနှင့်သာ မဟာမိတ်ဖွဲ့ထားဟု မွန်ပါတီဆို

diz_admin

October 17, 2020

မွန်ညီညွတ်ရေးပါတီအနေနှင့် တိုင်းရင်းသားပါတီများကလွဲပြီး မည်သည့် ပါတီတို့နှင့်မှ မဟာမိတ်ဖွဲ့ထားခြင်းမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။ မွန်ညီညွတ်ရေးပါတီ၏ မဲဆွယ် စည်းရုံးဟောပြောပွဲတစ်ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အချို့ တက်ရောက်နာထောင်းခဲ့ သည်နှင့်ပတ်သက်ပြီး ဝေဖန်တိုက်ခိုက် ပြောဆိုနေမှုအပါ် မွန်ညီညွတ်ရေးပါတီ က ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “အခုလို မဲဆွယ်ကာလမှာ ကျွန်တော်တို့ ပါတီက မဲဆွယ်လှုပ်ရှားမှုတွေအား ကောင်းနေတဲ့အချိန်မှာ ပြိုင်ဘက်ပါတီ တချို့က ကျွန်တော်တို့ကို တိုက်ခိုက်လို တဲ့သဘောနဲ့ ဟိုပါတီနဲ့ ပေါင်းသလိုလို ဘယ်အဖွဲ့အစည်းနဲ့ ပေါင်းသလိုလို အဲသလို တိုက်ခိုက်ပြောနေတာကို ကျွန်တော်တို့ ရှုတ်ချပါတယ်” ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။ ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ မွန်ညီညွတ်ရေးပါတီသည် ကချင်၊ ကယား၊ […]

မဲဆန္ဒနယ်မြေသစ်ထဲက ပြတ်သားသော ကတိကဝတ်များနှင့် ဒေါ်ညိုညိုသင်း

diz_admin

October 17, 2020

ဒေါ်ညိုညိုသင်းဟု ဆိုလိုက်လိုက်သည်နှင့် ဒူပေနာပေ ကြမ်းကြမ်းခံ နိုင်ငံရေးသမားတစ်ဦးကို ပြေး၍မြင်မိကြလိမ့်မည်။ သူမကို ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းတွင် မသိသူက ခပ်ရှားရှား။ ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ မေးခွန်းပေါင်း ၄၀ဝ ခန့်နှင့် အဆို ပေါင်း ၄၀ ကျော်ကို တင်သွင်းခဲ့သူ ဖြစ်သည်။ ထိုအချိန်ကာလ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် သူမလို မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မလုပ်နိုင်ခဲ့။ ရန်ကုန် လွှတ်တော်အား အလုပ်ရှုပ်စေခဲ့ပြီး ရန်ကုန်အစိုးရအား အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့သူဟု ဆိုရမည်။ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ရန်ကုန်အစိုးရ၏ အငြင်းပွားဖွယ် ရန်ကုန်စီမံကိန်းများအား ရပ်ဆိုင်းစေခဲ့သူ ဖြစ်ရုံမက ရန်ကုန်အစိုးရအား ပြည်သူဘက်မှ တရားစွဲဆိုခဲ့သူမှာ ဒေါ်ညိုညိုသင်း ဖြစ်သည်။ ယခုတော့ ၂၀၁၀၊ ၂၀၁၅ ခုနှစ်အတွင်း […]

ဗိုက်ပူအဝလွန်ရဲ အရေးယူခံရသူ မရှိသေး

diz_admin

October 16, 2020

ဗိုက်ပူအဝလွန်နေသည့် ရဲတပ်ဖွဲ့ များ လေးလအတွင်း ဝိတ်လျှော့ရမည်ဟု ညွှန်ကြားထားပြီး လက်ရှိတွင် အရေးယူခံရသူ မရှိသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဝလွန်နေသည့် တပ်ဖွဲ့ဝင်များ လေးလအတွင်း ဝိတ်ချရန် ပြီးခဲ့သည့် မေလအတွင်းက ညွှန်ကြားထားခြင်း ဖြစ်သည်။ သတ်မှတ်အလေးချိန်တိုင်း ဝိတ်မကျပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ယခုနှစ်ဆောင်း အအေးပိုမည် ကိုယ်အလေးချိန် စံသတ်မှတ်ရာတွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုးအစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ ဥပမာ အရပ်အမြင့် ငါးပေ လေးလက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝမလွန်ဘဲ […]